နိုင်ငံတကာပညာသင်ဆုများ လျှောက်ထားနိုင်

နိုင်ငံတကာပညာသင်ဆုများ လျှောက်ထားနိုင်

နိုင်ငံတကာပညာသင်ဆုများကို အခမဲ့ လာရောက် လျှောက်ထားနိုင်ကြောင်း Myanmar Search
International (MSI) မှ စီမံခန့်ခွဲမှုဒါရိုက်တာ ဒေါ်စုစုလှိုင်က ဇွန် ၁၆ ရက်က ပြောသည်။

''မည်သူမဆို အခမဲ့ လာရောက် လျှောက်လို့ရပါတယ်။ ကျောင်းသားမိဘတွေ၊ ကျောင်းသားတွေလည်း
လာရောက်ဆွေးနွေးလို့ ရပါတယ်။ တစ်ဦးချင်းလည်း တိုက်ရိုက်ဆွေးနွေးပေးမှာပါ''ဟု ၄င်းက
ပြောသည်။

နိုင်ငံတကာပညာသင်ဆုများအကြောင်းဆွေးနွေးပွဲကို ဇွန် ၂၄ ရက်တွင် မန္တလေးမြို့၊ဆီဒိုးနား
ဟိုတယ်တွင် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း ဒေါ်စုစုလှိုင်က
ပြောသည်။

''ရန်ကုန်၊ တောင်ကြီးတွေမှာလည်း ပြုလုပ်သွားမှာပါ။ နိုင်ငံတကာက တက္ကသိုလ်တွေ၊
ကောလိပ်တွေက တာဝန်ရှိသူတွေလည်း လာရောက်ပြီးဆွေးနွေးပေးမှာပါ'' ဟု ၄င်းက ပြောသည်။

အမေရိကန်၊ အင်္ဂလန်၊ ကနေဒါ၊ ဆွစ်ဇာလန်၊ စင်ကာပူ၊ မလေးရှား၊ ထိုင်းနှင့် တရုတ်နိုင်ငံများရှိ
တက္ကသိုလ်များ၊ ကောလိပ်ကျောင်းများက ပေးသည့် ပညာသင်ဆုများကြောင်းနှင့် သင်ကြားနိုင်သည့်
ဘာသာရပ်အကြောင်းများကိုလည်း ကျောင်းသား၊ကျောင်းသူများကို တစ်ဦးချင်း ဆွေးနွေး
ရှင်းပြပေးသွားမည်ဖြစ်ကြောင်း ဒေါ်စုစုလှိုင်က ပြောသည်။

''ကျောင်းသား၊ ကျောင်းသူတွေကို တာဝန်ရှိသူတွေ တစ်ဦးချင်းဆီ ကျောင်းဝင်ကြေး လျှော့ပေါ့
ခံစားခွင့်တွေ၊ ဝင်ခွင့် အစီအစဉ်တွေကို အခမဲ့စစ်ဆေးပေးမှာပါ။ ပြီးတော့ ပညာသင်ဆုနဲ့
လုပ်ငန်းခွင် အတွေ့အကြံုတွေရော ဆွေးနွေးပေးမှာပါ ''ဟု ၄င်းက ပြောသည်။

နိုင်ငံတကာပညာရေးကို စိတ်ဝင်စားပြီး ပညာသင်ဆုလျှောက်ထားလိုသည့် ကျောင်းသား၊
သူများသည် အဆိုပါနေ့တွင် လိုအပ်သော ပညာအရည်အချင်း စာရွက်စာတမ်းများဖြင့် လာရောက်
လျှောက်ထားနိုင်ကြောင်း၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး