ငါးမိနစ် စကားစမြည်

ငါးမိနစ် စကားစမြည်

 

ဒီတစ်ပတ်မှာတော့ လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍရဲ့ အရေးကြီးမှုနဲ့ ပတ်သက်ပြီး
မဟာစီးပွားရေးဂရု(ပ်)မှ Human Resource , HR အတိုင်ပင်ခံ ကိုဝေဖြိုးဟိန်းက
ငါးမိနစ်စကားစမြည်ကဏ္ဍမှာ ဝေမျှထားပါတယ်။

လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍက အခုအချိန်မှာ တော်တော်လေးကို အရေးပါတယ်။ ပြည်တွင်းမှာ
လုပ်ကိုင်နေတဲ့သူတွေရဲ့ စွမ်းဆောင်နိုင်ရည် ဘယ်လောက်ထိရှိမလဲ၊ အဲဒီလို စွမ်းဆောင်နိုင်ရည်
ပေါ်မှာ မူတည်ပြီးတော့ ကိုယ့်အဖွဲ့အစည်းရဲ့ သွားချင်တဲ့ ရည်မှန်းချက်တွေ၊ ပန်းတိုင်တွေက
ပြည့်မြောက်နိုင်မှာဖြစ်တယ်။

ဒီလို စီမံခန့်ခွဲနိုင်ဖို့ဆိုတာ Human Resource, HR ကဏ္ဍကအထူးပဲအရေးပါလှတယ်။
ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံကို သွားဖို့အတွက်ဆိုရင် ဒီနေရာမှာလူ့စွမ်းအားအရင်းအမြစ် HR ကဏ္ဍက
အရေးပါလာပါပြီ။ ဘာကြောင့်ပြောရတာလဲဆိုရင် ကျွန်တော်တို့နိုင်ငံမှာက သဘာဝသယံဇာတ
ပေါတယ်။

ဒီလို ပေါကြွယ်ဝတဲ့ သယံဇာတတွေကို ထုတ်ယူသုံးစွဲတဲ့နေရာမှာ ကုန်မသွားတောင်မှ
အတိုင်းအတာတစ်ခုထိတော့ လျှောသွားနိုင်တယ်။ လူ့စွမ်းအားအရင်းအမြစ်ဆိုတာကတော့
ကုန်သွားတဲ့အရာ မဟုတ်ဘူး။ လူတွေရဲ့ အသိပညာ၊ အတတ်ပညာ၊ နှလုံးသားတွေ၊ အသိဉာဏ်တွေ
ပိုမိုပြီးတော့ တိုးတက်လာနိုင်တယ်။ ဒါကြောင့် အလုပ်ရှင်တွေ၊ ဝန်ထမ်းတွေ၊ နိုင်ငံတော်အစိုးရ
စတဲ့ ဒီသုံးဦးသုံးဖလှယ် ပေါင်းစပ်မှ လူ့စွမ်းအားအရင်းအမြစ် တိုးတက်မှုတွေကို အကောင်အထည်
ဖော်နိုင်မှာဖြစ်တယ်။

လူ့စွမ်းအား အရင်းအမြစ်တွေ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အသိပညာ၊ အတတ်ပညာအပြင်
နှလုံးသားနဲ့ပါ အလုပ်လုပ်မှ တိုးတက်လာမယ်။ နိုင်ငံမှာလူမှန်နေရာမှန်တွေ ပေါ်ပေါက်လာမယ်။
လူကောင်းရင် မူကောင်းမယ်ဆိုတာတွေ ဖြစ်လာမယ်။ အခုလက်ရှိ မိသားစုလုပ်ငန်းတွေပဲပြောကြပါစို့။
ဒီမိသားစု လုပ်ငန်းတွေမှာက လူတွေကောင်းတယ် မူတွေမမှန်သေးဘူး။ လူတွေမူတွေမှန်ဖို့အတွက်
ကျွန်တော်တို့က လူ့စွမ်းအားအရင်းအမြစ်ကဏ္ဍ အကောင်းဆုံးဖြစ်ဖို့ဘက်စုံ ထောင့်စုံကနေ
စဉ်းစားကြဖို့ လိုအပ်ပါတယ်။ Human Resource, HR ပညာရပ်ကိုလေ့လာဖို့အတွက်
အခုခေတ်မှာက လွယ်ကူနေပါပြီ။

ဟိုးအရင်ခေတ်တုန်းကဆိုရင် လေ့လာဖို့မလွယ်ဘူး။ အခု အင်တာနက်မှာ ရှာဖွေပြီးလေ့လာလို့
ရတယ်။ လေ့လာတဲ့အခါမှာလည်းဒီပညာရပ်ကို ချစ်မြတ်နိုးဖို့ လိုအပ်တယ်။ အခုမြင်နေရတာက
HR က စျေးကောင်းတယ်။ ဒါကြောင့် လေ့လာနေကြတာတွေကိုလည်းတွေ့ရတယ်။ နေရာစုံ၊
ထောင့်စုံကနေ HR ကို ဝင်လာကြတယ်။ HR ကို ချစ်လို့ မြတ်နိုးလို့လုပ်တာလားဆိုတာ မသိတော့ဘဲနဲ့
ဘာဖြစ်နေလဲဆိုတော့ ဝင်ငွေကောင်းလို့ ပွဲစားစျေးကွက်တစ်ခုလိုပဲ ဖြစ်နေတယ်လို့ ပြောချင်တယ်။
Certificate တန်းတွေ တက်ကြတယ်။

အွန်လိုင်းကနေ လေ့လာကြတယ်။ ဒီလို လေ့လာတာနဲ့ပဲ ရပ်မသွားစေချင်ဘူး။ သက်ဆိုင်ရာ
ဒီပလိုမာတွေ၊ မာစတာဘွဲ့တွေကိုလည်း ဆက်လက်ပြီးတော့ လေ့လာစေချင်တယ်။ ဒါမှပဲ
လက်ရှိလုပ်ငန်းခွင်မှာ အထောက်အကူပြုလိမ့်မယ်။ တချို့လုပ်ငန်းခွင်တွေမှာက သီအိုရီတွေကို
မှီငြမ်းပြီးလုပ်မှ ပိုမိုအောင်မြင်တဲ့ လုပ်ငန်းတွေလည်း တွေ့နေရတယ်။ လက်ရှိလည်း ဖြစ်နေကြ
တယ်။

ကျွန်တော့်အနေနဲ့ ပြောချင်တာကတော့ HR ကို အပျော်မလေ့လာဘဲနဲ့ တကယ်လေ့လာ
သင်ယူသင့်ပါတယ်လို့ ပြောချင်ပါတယ်။

 




မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး