မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ ဒုတိယအကြိမ်ညီလာခံ ပြုလုပ်မည်

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ ဒုတိယအကြိမ်ညီလာခံ ပြုလုပ်မည်

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ၏ ဒုတိယအကြိမ် ညီလာခံကို ဇူလိုင် ၈ ရက်နှင့်
၉ ရက်များတွင် ဝေဇယန္တာဓမ္မာရုံ၊ ရွှေစည်းခုံဘုရား ပုဂံယဉ်ကျေးမှုနယ်မြေတွင် ပြုလုပ်
သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာဆရာ၊ ဆရာမများ အဖွဲ့ချုပ်မှ 
ဗဟိုကော်မတီဝင် ဦးကျော်မင်းခန့် (K.Bio) က ယခုလ ၃ ရက်က ပြောသည်။

''ပြုလုပ်မှာတောာ့ နှစ်ရက်ပေါ့။ တစ်မြို့နယ်ကို ဆရာ၊ ဆရာမပေါင်း ၁ဝ ယောက်လောက်
တက်ရောက်နိုင်အောင် ဖိတ်စာတွေ ပို့ထားပါတယ်။ အခုညီလာခံမှာတော့ ဆရာ၊ ဆရာမ
ပေါင်း အယောက် ၆ဝဝ လောက် တက်ရောက်နိုင်အောင် စီစဉ်ထားပါတယ်'' ဟု ၄င်းက
ပြောသည်။

ညီလာခံတွင် ဆရာ၊ ဆရာမများကိုကာကွယ်ပေးမှု ဥပဒေ ဖော်ထုတ်ပေးမည့်မူကြမ်း
တိုင်ပင်ဆွေးနွေးခြင်း၊ အလုပ်အမှုဆောင်အသစ် ရွေးချယ်ခြင်းနှင့် နှစ်နှစ်တစ်ကြိမ်
အလုပ်အမှုဆောင် ရွေးချယ်ခြင်းများကို ဆွေးနွေးတိုင်ပင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း
ဦးကျော်မင်းခန့်က ပြောသည်။

''ဆရာ၊ ဆရာမတွေရဲ့နစ်နာမှုတွေ၊ အကျိုးခံစားမှုတွေ၊ ကာကွယ်စောင့်ရှောက်မှုတွေ
အတွက်ပေးတဲ့ ဥပဒေဆိုတာမရှိသေးတဲ့အတွက် ဆရာ၊ ဆရာမများကို ကာကွယ်ပေးမှု
ဥပဒေမူကြမ်း ထွက်ပေါ်လာအောင် ဆွေးနွေးမှုတွေ၊ တိုင်ပင်မှုတွေ၊ တင်ပြမှုတွေ
လုုပ်ဆောင်သွားမှာပါ''ဟု ၄င်းက ပြောသည်။

ညီလာခံ ကျင်းပပြုလုပ်ခြင်းဖြင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ၏ ရင်တွင်းခံစား
ချက်များကို သိမြင်လာနိုင်ပြီး အခက်အခဲများကိုလည်း သိမြင်လာမည်ဖြစ်ကြောင်း
ဦးကျော်မင်းခန့်က ပြောသည်။ 

မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများအဖွဲ့ချုပ်၏ ဒုတိယအကြိမ်ညီလာခံကို
အခြေခံပညာ၊ အဆင့်မြင့်ပညာ၊ ပုဂ္ဂလိက၊ဘုန်းတော်ကြီးကျောင်းများမ ဆရာ၊ ဆရာမများ
တက်ရောက် အကြံပြု ဆွေးနွေးနိုင်ကြောင်း ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး