သံဃာ့ဆေးရုံကြီးတွင် လူပုဂ္ဂိုလ်များကို သက်သာသောနှုန်းထားဖြင့် ကျောက်ကပ်ဆေးပေးမည်

သံဃာ့ဆေးရုံကြီးတွင် လူပုဂ္ဂိုလ်များကို သက်သာသောနှုန်းထားဖြင့် ကျောက်ကပ်ဆေးပေးမည်

မန္တလေးမြို့၊ ချမ်းမြသာစည်မြို့နယ်၊ ကန်တော်ကြီးပတ်လမ်းပေါ်ရှိ ဇီဝိတဒါန သံဃာ့ဆေးရုံကြီးတွင်
ဇူလိုင်လ ပထမပတ်မှ စတင်ကာလူပုဂ္ဂိုလ်များကို သက်သာသောနှုန်းထားဖြင့် ကျောက်ကပ်ဆေးပေး
မည်ဖြစ်ကြောင်း အဆိုပါဆေးရုံ ဆေးရုံအုပ်ကြီး ဒေါက်တာခင်မောင်က ပြောသည်။

အဆိုပါဆေးရုံတွင် လွန်ခဲ့သော လေးလမှစတင်ကာ ရဟန်းသံဃာတော်များနှင့် သီလရှင်များကို
ကျောက်ကပ်ဆေးပေးရာက ယခုအခါ လူပုဂ္ဂိုလ်များကိုပါ လက်ခံဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း
၄င်းက ပြောသည်။

''လူပုဂ္ဂိုလ်တွေကို ဇူလိုင် ၄ ရက်က စတင်ပြီးကျောက်ကပ်တစ်ခါဆေးရင် ကျပ် ၃၅,ဝဝဝနှုန်းနဲ့
လုပ်ဆောင်ပေးသွားမှာပါ။ ဒါကလည်းတစ်ခါသုံးပစ္စည်းတွေရဲ့ တန်ဖိုးပါ။ သံဃာတော်တွေကိုတော့
အခမဲ့ လုပ်ဆောင်ပေးပြီးစေတနာအလျောက် အလှူငွေ ထည့်ဝင်နိုင်ပါတယ်''ဟု ဒေါက်တာခင်မောင်က
ဇွန် ၃ဝ ရက်တွင် ပြောသည်။

သံဃာတော်များကို အပတ်စဉ် တနင်္လာနေ့နှင့် ကြာသပတေးနေ့များတွင် လည်းကောင်း၊ လူပုဂ္ဂိုလ်များကို
အင်္ဂါနေ့နှင့် သောကြာနေ့တို့တွင် လည်းကောင်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကာ ကျောက်ကပ်ဆေးစက်
၁ဝ လုံး အသုံးပြုသွားမည်ဖြစ်ကြောင်း ပြောသည်။

''လူများလာရင် နောက်ပိုင်းမှာ ဗုဒ္ဓဟူးနေ့နဲ့ စနေနေ့ကိုပါ ထပ်တိုး လုပ်ဆောင်သွားဖို့ ရည်ရွယ်ထား
ပါတယ်။ တစ်နေ့ကိုတစ်ကြိမ်အစား နှစ်ကြိမ် တိုးပေးသွားမယ်။ မကြာခင်မှာ နောက်ထပ်
ကျောက်ကပ်ဆေးစက် ငါးလုံး ထပ်ရောက်လာဖို့ရှိပါတယ်''ဟု ဒေါက်တာခင်မောင်က ပြောသည်။

ကျောက်ကပ် တစ်ခါဆေးလျှင် လေးနာရီအပြည့် အချိန်ပေး လုပ်ဆောင်သွားမည်ဖြစ်ကာ
ကြိုတင်စာရင်းပေးရန် လိုအပ်ကြောင်း ပြောသည်။

မန္တလေးမြို့တွင် လတ်တလော၌ ၆၂ လမ်းပေါ်ရှိ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းတွင် ကျောက်ကပ်တု
သွေးသန့်စင်စက် အလုံး ၂ဝဖြင့် သာသနာ့ အနွယ်ဝင်များ၊ ကလေးငယ်များနှင့် ကုန်ကျစရိတ်
အမှန်တကယ် မတတ်နိုင်သူများကို ရက်သတ္တတစ်ပတ်လျှင် စနေ၊တနင်္ဂနွေ၊ အင်္ဂါ၊ ဗုဒ္ဓဟူး၊
ကြာသပတေးနေ့များ၌ အခမဲ့ ကျောက်ကပ်ဆေးပေးနေသည်။

''ဗြဟ္မစိုရ်မှာတော့ တတ်နိုင်တဲ့ သူတွေကို စရိတ်မျှပေးအနေနဲ့ တစ်ဦးကို ကျပ် ၂၅,ဝဝဝနှုန်း
ထည့်ဝင်စေပါတယ်။ ဘီပိုး၊ စီပိုး ရှိတဲ့လူနာတွေအတွက် စက်သီးသန့်ထားပြီး ကုသပေးတယ်။
အပြင်မှာ ကျောက်ကပ် တစ်ခါဆေးရင် ကုန်ကျစရိတ် ပျမ်းမျှ ကျပ် ရဝ,ဝဝဝအထက်မှာ ရှိနိုင်ပါတယ်''ဟု
ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း ကျောက်ကပ် ကုသဆောင်မှ ဒေါက်တာဝေဖြိုးဦးက ဇွန် ၃ဝရက်တွင်
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး