မန္တလေးမြို့တွင် အရက်၊ မူးယစ်ဆေး ပညာပေးရက်သတ္တပတ်လှုပ်ရှားမှု ပြုလုပ်

မန္တလေးမြို့တွင် အရက်၊ မူးယစ်ဆေး ပညာပေးရက်သတ္တပတ်လှုပ်ရှားမှု ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်
တားဆီးကာကွယ်ရေးအဖွဲ့၊ UNICEF၊ UNODC၊ Teen and Dream၊ UNICEF၊ ပန်းပျိုးလက်နှင့်
မျိုးဆက်သစ်အဖွဲ့တို့ ပူးပေါင်းကာ အရက်၊ မူးယစ်ဆေး ပညာပေးရက်သတ္တပတ်လှုပ်ရှားမှုကို
မန္တလေးမြို့တွင် ဇူလိုင်လ ၁၀ ရက်နေ့မှ ၁၆ ရက်နေ့အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

"လှုပ်ရှားမှုက သုံးခုရှိတယ်။ ပထမတစ်ခုအနေနဲ့ အထက်တန်းကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့
ရပ်ကွက်တွေမှာ သွားပြီးတော့ ပညာပေးလုပ်မှာ။ ပညာပေးတာဟောပြောပွဲလုပ်တာ မဟုတ်ဘူး။
ကလေးတွေနဲ့ စေတနာ့ဝန်ထမ်းတွေ အပြန်အလှန်ပြောဆိုတာ့ ပညာပေးတဲ့ဟာပါမယ်။
ရပ်ကွက် ၁၀ ခု၊ ကျောင်း ၂၀ နဲ့ တက္ကသိုလ် ၃ ခုကို သွားပါမယ်"ဟု UNICEF ရန်ကုန်ရုံးမှ
ဆယ်ကျော်သက် ပရိုဂရမ်တာဝန်ခံ ဒေါက်တာယုယုအောင်က ပြောသည်။

ဒုတိယတစ်ခုအနေဖြင့် ရပ်ကွက် ၅ ခု၏ လူစည်ကားသောနေရာများတွင် ပညာပေးပိုစတာများ
ကပ်ကာ ပညာပေးသွားမည်ဖြစ်ပြီး နောက်ဆုံးတစ်ခုတွင် UNICEF အဖွဲ့၏ Facebook Account
ဖြစ်သော Facts For Teen တွင် လူငယ်များနှင့် ပတ်သက်သော အချက်အလက်များ၊ မူးယစ်ဆေးနှင့်
ပတ်သက်သော သတင်းအချက်အလက်များကို အဆက်မပြတ်တင်သွားမည်ဖြစ်ကြောင်း
၎င်းက ပြောသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပြသနာကို ကမ္ဘာ့နိုင်ငံများနည်းတူ နှစ်ကာလကြာရှည်စွာ
ခံစားနေရကြောင်း၊ အစိုးရအဆက်ဆက်က မူးယစ်ဆေးဝါးအန္တရာယ်ပပျောက်ရေးကို
ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း မူးယစ်ဆေးဝါးပြသနာသည် ပိုမိုဆိုးဝါးလာကြောင်း မူးယစ်ဆေးဝါး
တားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ယာယီရဲမှူးချုပ် မြင့်အောင်က ပြောသည်။

"ကုသရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာ ဘဏ္ဍာငွေများစွာ သုံးစွဲရတာကြောင့် နိုင်ငံရဲ့
စီးပွားရေး ဖွ့ံဖြိုးတိုးတက်မှုနဲ့ ကုန်ထုတ်စွမ်းအားတွေကို ထိခိုက်စေပါတယ်။ တရားစီရင်ရေးကဏ္ဍ
မှာလည်း မူးယစ်ဆေးဝါးမှုခင်းများအတွက် လူ့စွမ်းအားနဲ့ ဘဏ္ဍာငွေအရင်းအမြစ်များစွာ သုံးစွဲရပြီး
အကျဉ်းထောင်တွေကို ၀န်ထုပ်ဝန်ပိုးဖြစ်စေပါတယ်"ဟု ၎င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး