ဇွန်လအတွင်းက အခွန်တံဆိပ်ခေါင်းမကပ်သည့်စားသောက်ဆိုင် ၂၃ ဆိုင်ကို ဒဏ်ငွေရိုက်ထား

ဇွန်လအတွင်းက အခွန်တံဆိပ်ခေါင်းမကပ်သည့်စားသောက်ဆိုင် ၂၃ ဆိုင်ကို ဒဏ်ငွေရိုက်ထား

မန္တလေးတိုင်းဒေသကြီးတွင် ဇွန်လအတွင်းကအခွန်တံဆိပ်ခေါင်း မကပ်သည့်စားသောက်ဆိုင် ၂၃ ဆိုင်
ကို ဒဏ်ငွေရိုက်ထားကြောင်း တိုင်းဒေသကြီး ပြည်တွင်းအခွန်များဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက
ပြောသည်။

"အခွန်တံဆိပ်ခေါင်းမကပ်တာရောအခွန်တံဆိပ်ခေါင်း ကိုလျော့နည်းကပ်တာရောကိုပါ ဒဏ်
ရိုက်တာပါ"ဟု ၄င်းက ပြောသည်။အခွန်တံဆိပ်ခေါင်းမကပ်သည့်စားသောက်ဆိုင်များကို
ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ ပုဒ်မ ၂၁ (စ)အရ ပထမအကြိမ်ပျက်ကွက်လျှင် ဒဏ်ငွေနှစ်သိန်း
ကျပ်၊ ဒုတိယအကြိမ်ငါးသိန်းကျပ်၊ တတိယအကြိမ် ခုနစ်သိန်းကျပ်၊ တတိယအကြိမ်အထက်တွင်က
ဆယ်သိန်းကျပ် ဒဏ်ငွေရိုက်ကြောင်း သိရသည်။ စားသုံးသူကဘောင်ချာတောင်းမှပေးသည့်
စားသောက်ဆိုင်များ ကိုပထမအကြိမ်တွင်သတိပေးသွား မည်ဖြစ်ပြီး နောက်တစ်ကြိမ်တွင်
ဒဏ်ငွေရိုက်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

"ဘောင်ချာတောင်းမှပေးတယ်ဆိုတာအခွန်တိမ်းရှောင်လိုတဲ့ ရည်ရွယ်ချက်ရှိတယ်"ဟု ၄င်းက
ဆိုသည်။ အခွန်တံဆိပ်ခေါင်းမကပ်သည့်ရွှေဆိုင်များကိုမူ ဒဏ်ကြေးရိုက်မည့်အပြင်နိုင်ငံပိုင်
သတင်းစာများတွင် လည်း ထည့်သွင်းကြေညာသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

"ဇူလိုင်လ ၃ ရက်နေ့ကစပြီး အခွန်တံဆိပ်ခေါင်းမကပ်တဲ့သူတွေကို အရေးယူမယ့်အကြောင်း
ရွှေလုပ်ငန်းရှင်တွေအားလုံးကိုပြောပြီးပြီ။ တကယ်လို့မကပ်ဘူးဆိုရင်နိုင်ငံပိုင်သတင်းစာတွေမှာ
ဆိုင်နာမည်နဲ့ ကိုနေ့စဉ်ကြေညာသွားမယ်။ အရှက်ခွဲတာတော့ မဟုတ်ဘူး။ လိုက်နာမှု
အားနည်တော့လိုက်နာလာ အောင်လုပ်ရတာပါ"ဟု ၄င်းက ပြောသည်။ မန္တလေး
တိုင်းဒေသကြီးတွင် ၂၀၁၆ ၁၇ ဘဏ္ဍာနှစ်ကအခွန် ၁၄၁ ဘီလီယံကျပ်ကောက်ခံရန်
လျာထားခဲ့သော်လည်း အဆိုပါလျာ ထားချက်ထက်ကျော်လွန်ကာ ၁၆၀ ဘီလီယံကျပ်
အထိကောက်ခံ ရရှိခဲ့ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး