မန္တလေးမြို့တွင် အရက်၊ မူးယစ်ဆေး ပညာပေး ရက်သတ္တပတ်လှုပ်ရှားမှု ပြုလုပ်

မန္တလေးမြို့တွင် အရက်၊ မူးယစ်ဆေး ပညာပေး ရက်သတ္တပတ်လှုပ်ရှားမှု ပြုလုပ်

မန္တလေးတိုင်းဒေသကြီး မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ်
တားဆီးကာကွယ်ရေးအဖွဲ့၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ Teen and Dream ၊ ပန်းပျိုးလက်နှင့်
မျိုးဆက်သစ်အဖွဲ့တို့ ပူးပေါင်းကာ အရက်၊ မူးယစ်ဆေး ပညာပေးရက်သတ္တပတ်လှုပ်ရှားမှုကို
မန္တလေးမြို့တွင် ဇူလိုင် ၁ဝ ရက်မှ ၁၆ ရက်အထိ ပြုလုပ်မည်ဖြစ်သည်။

''လှုပ်ရှားမှုက သုံးခုရှိတယ်။ ပထမတစ်ခုအနေနဲ့အထက်တန်းကျောင်းတွေ၊ တက္ကသိုလ်တွေနဲ့
ရပ်ကွက်တွေမှာ သွားပြီးတော့ ပညာပေးလုပ်မှာ။ ပညာပေးတာ ဟောပြောပွဲလုပ်တာ မဟုတ်ဘူး။
ကလေးတွေနဲ့ စေတနာ့ဝန်ထမ်းတွေ အပြန်အလှန် ပြောဆိုပြီးတော့ ပညာပေးတဲ့ဟာပါမယ်။
ရပ်ကွက် ၁ဝ ခု၊ ကျောင်း ၂ဝ နဲ့ တက္ကသိုလ် သုံးခုကို သွားပါမယ်'' ဟု ကုလသမဂ္ဂကလေးများရန်ပုံငွေ
အဖွဲ့ (့ြှုဃင်္န) ရန်ကုန်ရုံးက ဆယ်ကျော်သက် စီမံကိန်းတာဝန်ခံ ဒေါက်တာယုယုအောင်က ပြောသည်။

ဒုတိယအစီအစဉ်တွင် ရပ်ကွက်ငါးခု၏ လူစည်ကားသော နေရာများ၌ ပညာပေးပိုစတာများကပ်ကာ
ပညာပေးမည်ဖြစ်ပြီး တတိယအစီအစဉ်အဖြစ် UNICEF အဖွဲ့၏ Facebook Account ဖြစ်သော
Facts For Teen တွင် လူငယ်များနှင့် ပတ်သက်သော အချက်အလက်များ၊ မူးယစ်ဆေးနှင့်
ပတ်သက်သော သတင်းအချက်အလက်များကိုအဆက်မပြတ် တင်ပေးမည်ဖြစ်ကြောင်း ၄င်းက
ပြောသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာကို ကမ္ဘာ့နိုင်ငံများနည်းတူ နှစ်ကာလကြာရှည်စွာ ခံစားနေ
ရကြောင်း၊ အစိုးရအဆက်ဆက်က မူးယစ်ဆေးဝါးအန္တရာယ် ပပျောက်ရေးကို ကြိုးပမ်းဆောင်ရွက်
ခဲ့သော်လည်း မူးယစ်ဆေးဝါးပြဿနာသည် ပိုမိုဆိုးဝါးလာကြောင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နှင်းရေး
ရဲတပ်ဖွဲ့တပ်ဖွဲ့မှူး ယာယီ ရဲမှူးချုပ်မြင့်အောင်က ပြောသည်။

မြန်မာနိုင်ငံတွင် မူးယစ်ဆေးဝါးပြဿနာ သုံးမျိုးနှင့်ရင်ဆိုင်နေရပြီး ၄င်းတို့မှာ ဘိန်းစိုက်ပျိုးမှု၊ စိတ်ကြွ
ရူးသွပ်ဆေးပြား ထုတ်လုပ်၊ သယ်ဆောင်၊ ရောင်းဝယ်မှုနှင့် လူငယ်ထုအတွင်း မူးယစ်ဆေးဝါးသုံးစွဲမှု
မြင့်တက်လာသည့်ပြဿနာများကို ရင်ဆိုင်နေရကြောင်း ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး