ဆေးလိပ်ငွေ့ကင်းစင်နိုင်ရေး လိုအပ်ချက်များ ရှိနေဆဲ

ဆေးလိပ်ငွေ့ကင်းစင်နိုင်ရေး လိုအပ်ချက်များ ရှိနေဆဲ

 

မန္တလေးတိုင်းဒေသကြီးအတွင်း အများပြည်သူ ဝင်ထွက်သွားလာနေသည့်နေရာများ၊ ဥပဒေအရ
တားမြစ်ထားသည့် နေရာများတွင် ဆေးလိပ်သောက်သုံးခြင်းနှင့် ဆေးလိပ်ငွေ့ကင်းစင်စေရန်
လုပ်ဆောင်ရာတွင် လိုအပ်ချက်များစွာ ရှိနေဆဲဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်
စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောသည်။

ဒုတိယအကြိမ် မန္တလေးတိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ပ ဉ္စမနေ့တွင် မန္တလေးမြို့
ချမ်းမြသာစည်မြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ လွှတ်တော်ကိုယ်စားလှယ်ဦးတင်အောင်က 'အများပြည်သူ
ဝင်ထွက်သွားလာနေသည့် နေရာများ၊ ဥပဒေအရတားမြစ်ထားသည့်နေရာများတွင် ဆေးလိပ်
သောက်သုံးခြင်းများကို အောင်မြင်စွာထိန်းချုပ် ဟန့်တားနိုင်ရန် အစီအစဉ်များဆောင်ရွက်နိုင်ရန် အစီအစဉ်
ရှိမရှိ'မေးမြန်းရာတွင် ဝန်ကြီးက အထက်ပါအတိုင်း ပြောကြားလိုက်ခြင်းဖြစ်သည်။

''မန္တလေးတိုင်း ဒေသကြီးအတွင်းမှာ ဆေးလိပ်ငွေ့ကင်းစင်ရေးနဲ့ မူးယစ်ဆေးကင်းစင်ရေးအတွက်
'ဆေးလိပ်ငွေ့ ကင်းစင်ရေးကော်မတီ' ကို ၂ဝ၁၆ ခုနှစ်၊ ဒီဇင်ဘာလအတွင်းမှာ ဖွဲ့စည်းခဲ့တယ်။ ပုဂံ
ညောင်ဦးဒေသမှာ ဆေးလိပ်ငွေ့ ကင်းစင်ရေးအတွက် ၂ဝ၁၅ ခုနှစ်၊ သြဂုတ်လအတွင်း မှာ ဖွဲ့စည်းခဲ့ပြီး
ကျောင်းနဲ့ ဆေးရုံတွေမှာ လုပ်ဆောင်ခဲ့တယ်။ မန္တလေးမြို့ပေါ်မှာကတော့ မဟာမုနိဘုရား၊ကုသိုလ်တော်
ဘုရားနဲ့ ကျောက်တော်ကြီးဘုရားတွေမှာ ဆေးလိပ်ငွေ့ကင်းစင်ရေးကို အကောင်အထည်ဖော်
ဆောင်ရွက်ထားပြီးဖြစ်တယ်'' ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောသည်။

မန္တလေးရတနာပုံတက္ကသိုလ်၊ မန္တလေးတက္ကသိုလ်၊ နိုင်ငံခြားဘာသာတက္ကသိုလ်၊နည်းပညာတက္ကသိုလ်၊
ကွန်ပျူတာတက္ကသိုလ်တို့တွင် ဆေးလိပ်နှင့် ဆေးရွက်ကြီး အန္တရာယ်ကင်းရှင်းရေးအတွက် အသိပညာပေး
ဟောပြောခြင်းနည်းတူ အသိပညာပေးဆိုင်းဘုတ်များ၊ ပိုစတာများ ချိတ်ဆွဲခြင်းကိုလည်း
လုပ်ဆောင်နေကြောင်း ၄င်းက ဆိုသည်။

''အခုလို ဆွေးနွေးပွဲတွေမှာ အသိပညာပေးတာတွေ လုပ်နေပေမဲ့လည်း လိုအပ်ချက်တွေ ရှိနေပါသေး
တယ်'' ဟု ဝန်ကြီးဦးမြတ်သူက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး