လူနာစောင့်များ တည်းခိုရေး အဆောင် ဆောက်လုပ်ရန် မြေနေရာအခက်အခဲရှိနေ

လူနာစောင့်များ တည်းခိုရေး အဆောင် ဆောက်လုပ်ရန် မြေနေရာအခက်အခဲရှိနေ

မန္တလေး ပြည်သူ့ဆေးရုံကြီးတွင် များပြားလှစွာသော လူနာများနှင့် လူနာစောင့်များအတွက် ချိုသာသော
နှုန်းထားဖြင့် ပေးချေရသည့် တည်းခိုစရာအဆောင်များ ဆောက်လုပ်ရန် မြေနေရာ အခက်အခဲရှိနေ
သေးကြောင်း တိုင်းဒေသကြီးလွှတ်တော်တွင် ယခုလ ၁ဝ ရက်က အောင်မြေသာစံမြို့နယ် မဲဆန္ဒနယ်
မြေအမှတ် (၂) မှ လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာကျော်ဦး၏ မေးမြန်းမှုကို တိုင်းဒေသကြီး
စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြန်လည်ဖြေကြားခဲ့သည်။

ဆေးရုံပရဝဏ်အတွင်း ညဉ့်အိပ်ညဉ့်နေ နေထိုင်သူများသည် ကင်ဆာဆေးသွင်းခြင်း၊ ဓာတ်ကင်ခြင်း
ခံယူလျက်ရှိသော လူနာမိသားစုများ၊ ယာဉ်တိုက်မှုဖြစ်ပြီး ဦးနှောက်နှင့် အာရုံကြော ခွဲစိတ်ရုံတွင်
တက်ရောက်နေသည့် လူနာရှင်များ၊ အထူးကြပ်မတ်ဆောင်၊ နာတာရှည် ဖျားနာဆောင်များတွင်
တက်ရောက်နေသည့် လူနာရှင်များကိုတွေ့ရကြောင်း ဒေါက်တာကျော်ဦးက လွှတ်တော်တွင်
ပြောကြားသည်။

မန္တလေးပြည်သူ့ဆေးရုံကြီးသည် တစ်နေ့ လူနာဦးရေ ပျမ်းမျှ ၁,၄၅ဝတက်ရောက်ကုသလျက်ရှိပြီး
အမှန်တကယ်ဆင်းရဲသူများနှင့် အလယ်အလတ်တန်းစားများအတွက် အားကိုးရာ ဆေးရုံကြီး
ဖြစ်ကြောင်း၊ အဝေးမှ လာရောက်ကုသသူများစွာပါဝင်ပြီး တည်းခိုနေထိုင်ရန် အဆင်မပြေသည့်
အတွက် ဆေးရုံအတွင်း ဖြစ်သလိုနေထိုင်ခြင်းများရှိသည်ဟု ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး