တရားရုံးအချုပ်ခန်းသို့ ပို့ဆောင်စဉ် ထွက်ပြေးသည့်အချုပ်သားနှစ်ဦးကို ပြန်လည်ဖမ်းမိ

တရားရုံးအချုပ်ခန်းသို့ ပို့ဆောင်စဉ် ထွက်ပြေးသည့်အချုပ်သားနှစ်ဦးကို ပြန်လည်ဖမ်းမိ

ဇူလိုင်လ ၁၃ ရက်နေ့ မနက် ၉ နာရီ ၅၅ မိနစ်အချိန်ခန့်က မန္တလေးမြို့ချမ်းအေးသာစံ
မြို့နယ် စုပေါင်းရုံးဝင်းအတွင်းရှိ မန္တလေးခရိုင်တရားရုံး အချုပ်ခန်းတရားခံများ 
ပို့ဆောင်စဉ် မူးယစ်တရားခံနှစ်ဦး ထွက်သွားခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီး 
ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

အဆိုပါနေ့က ပုသိမ်ကြီးမြို့နယ် ဒုမြို့နယ်ရဲမှူး အောင်မျိုးလွင် ဦးစီးသောအဖွဲ့သည်
မန္တလေးဗဟိုအကျဉ်းထောင်မှ အချုပ်သား ၃၉ ဦးပါသော ယာဉ်တစ်စီး၊ အချုပ်သူ ၉ ဦးပါ
သောယာဉ်တစ်စီးဖြင့် မန္တလေးခရိုင်တရားရုံးအချုပ်ခန်းသို့ရုံးထုတ်ခဲ့သည်။

မန္တလေးခရိုင်တရားရုံးအချုပ်သို့ရောက်ရှိပြီး မော်တော်ယာဉ်ပေါ်မှအချုပ်သားများကို ငါးဦး
တစ်တွဲနှုန်းဖြင့် အချုပ်ခန်းအတွင်းပို့ဆောင်စဉ် လေးတွဲမြောက်တွင် မူးယစ်အချုပ်သား
နှစ်ဦးထွက်ပြေးခဲ့ခြင်းဖြစ်သည်။

မူးယစ်အချုပ်သားနှစ်ဦးမှာ ပြည်ကြီးတံခွန်ရဲစခန်း မယ(ပ)၁၇၊ ၂၀၁၇၊ ပုဒ်မ ၁၅၊ ၁၉(က)
အမှုမှ မောင်မောင်ငယ်(ခ)ရှောက်ဖိန် (၄၈ နှစ်) နှင့်ပြည်ကြီးတံခွန်ရဲစခန်း မယ(ပ) ၂၀။
၂၀၁၇၊ ပုဒ်မ ၁၅။၁၉ (က) အမှုမှ မျိုးဇော်ဦး (၂၃ နှစ်) တို့ဖြစ်ကြောင်း သိရသည်။

မောင်မောင်ငယ်ကို ရုံးဝင်းအတွင်း ချက်ချင်းပြန်ဖမ်းမိသော်လည်း မျိုးဇော်ဦးမှာ တရားရုံး
အပြင်ဘက်တွင် သော့တန်းလန်းဖြင့်စက်နှိုးလျက် ရပ်တန့်ထားသောဆိုင်ကယ်ဖြင့်
ထွက်ပြေးသွားခဲ့သည်။

တရားရုံးထုတ် တာဝန်ကျ ဒုရဲတပ်ကြပ်မှ မျိုးဇော်ဦးအား ဆိုင်ကယ်ဖြင့်လိုက်လံဖမ်းဆီးရာ
ချမ်းမြသာစည်မြို့နယ် ၆၅ လမ်းနှင့် ၆၆ လမ်းကြား၊ ရတနာပုံလမ်းတွင် မနက် ၁၀ နာရီ
၁၀ မိနစ်အချိန်၌ ပြန်လည်ဖမ်းဆီးရမိခဲ့သည်။

ထိုသို့ထွက်ပြေးသော အချုပ်သားနှစ်ဦးကို တရားရုံးထုတ်တာဝန်ခံ ဒုရဲမှူး အောင်မျိုးလွင်က
အမှုဖွင့်အရေးယူဆောင်ရွက်နိုင်ရေး စီစဉ်လျက်ရှိကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး