ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စာသင်ကျောင်းတစ်ရာကျော် ပိတ်ထားရ

ဧရာဝတီနှင့် ချင်းတွင်းမြစ်ရေ မြင့်တက်မှုကြောင့် စာသင်ကျောင်းတစ်ရာကျော် ပိတ်ထားရ

မကွေးတိုင်းဒေသကြီးအတွင်း မြစ်ရေမြင့်တက်လာမှုကြောင့် စာသင်ကျောင်းတစ်ရာ့သုံးဆယ်
ခန့်ပိတ် ထားရပြီးရေဘေးသင့်သူ သုံးသောင်းကျော်အားရွှေ့ပြောင်းမှုများပြလုပ်ခဲ့ရသည်ဟု
မကွေးတိုင်းဒေသကြီးလူမှု ၀န်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဦးစီးမှုးဦးမြင့်စိုးက
ယခုလ ၁၇ ရက်နေ့တွင် မြန်မာတိုင်းမ် သို့ပြောသည်။ “စာသင်ကျောင်းတွေကတော့ပိတ်ထားရဆဲပါ၊

ဒီနေ့အထိဆိုလူဦးရေသုံးသောင်း ကျော်လောက်ပြောင်းရွှေ့ ခဲ့ရပါတယ်”ဟု ၄င်းမှပြောသည်။
မကွေးတိုင်းအတွင်းချင်းတွင်းနှင့် ဧရာဝတီမြစ်ရေ မြင့်တက် မှုကြောင့် ပြီးခဲ့သည့် ယခုလဒုတိယပတ်မှ
စ၍စာသင်ကျောင်းများ ပိတ်ထား ရပြီးကျောင်းသားပေါင်း၁၇,၀၀၀ကျော်၌ ပညာသင်ကြားမှုအား
ရပ်နားထား ရကြောင်းမကွေးတိုင်း ပညာရေးဌာနမှသိရသည်။

ချင်းတွင်းမြစ်နှင့်ဧရာဝတီမြစ်ဆုံရာဒေသဖြစ်သည့် ရေစကြိုမြို့နယ်သည် မြစ်ရေမြင့်တက်လာမှုကြောင့်
စာသင်ကျောင်းများပိတ်ရသည့်အရေအတွက် အများဆုံးဖြစ်ပြီးစာသင်ကျောင်း၅၈ ကျောင်းအား
ပိတ်ထား ရသည်ဟုမကွေးတိုင်းပညာရေးမှူးရုံး တာဝန်ရှိသူကပြောသည်။ မကွေးတိုင်းဒေသကြီး
အစိုးရအဖွဲ့ အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဦးနေမျိုးကျော်က
“ပိတ်ထားတဲ့ကျောင်းတွေကို ပြန်ပြီးရက်စားတက်ဖို့ ပညာရေးမှာမူချထားတယ်၊ ရေကျသွားတာနဲ့
ပြုပြင်ရေးကိုပါ ပညာရေးဌာနကလုပ်သွားပါမယ်”ဟုပြောသည်။

မကွေးတိုင်းအတွင်း မြစ်ရေဝင်ရောက်မှုကြောင့် အထက်တန်းကျောင်း ၉ကျောင်း၊ အလယ်တန်းကျောင်း
၄၂ ကျောင်းနှင့် မူလတန်းကျောင်း ရ၈ ကျောင်းပိတ်ထားရပြီး၊ အဆိုပါကျောင်းများတွင်
ပညာသင်ကြားနေသည့် ကျောင်းသူကျောင်းသားစုစုပေါင်း ၁၇,၂၀၉ ဦးနှင့်ဆရာဆရာမပေါင်း
၉၃၅ ဦးရှိသည်ဟုတိုင်း ပညာရေးမှူးရုံးမှသိရသည်။ မိုးလေဝသနှင့်ဇလဗေဒညွန်ကြားမှုဦးစီးဌာနမှ
ယခုလ ၁၇ ရက်နေ့ထုတ်ပြန်ချက်အရ ဧရာဝတီမြစ်ရေ သည်ပခုက္ကူမြို့တွင် နောက်သုံးရက်အတွင်း
စိုးရိမ်ရေမှတ်မှ ပေဝက်ခန့်ကျဆင်း၍ ဆက်လက်တည်ရှိနေမည် ဟုဖေါ်ပြထားပြီး၊မကွေးမြို့တွင်
လက်ရှိမြစ်ရေထက် စင်တီမီတာ ၂၀ခန့်ထပ် တိုးလာနိုင်ကြောင်းဖေါ်ပြထားသည်။

မကွေးတိုင်းအတွင်း ဧရာဝတီမြစ်ကမ်းနီးရှိ ကျေးရွာများနှင့် ဧရာဝတီမြစ်လည်သောင်ကျွန်းများတွင်
နေထိုင်ကြသူများ၏ သီးနှံစိုက်ခင်းများပျက်စီးမှုရှိခဲ့ပြီး ကျွဲနွားများအားဘေးလွတ်ရာ သို့ပြောင်းရွှေ့
ထားရကြောင်းသိရသည်။ မကွေးတိုင်းဒေသကြီးလူမှု ၀န်ထမ်းကယ်ဆယ်ရေးနှင့်ပြန်လည်နေရာ
ချထားရေးဦးစီးဌာနအနေဖြင့် ရေဘေးရွှေ့ပြောင်းနေထိုင်သူများအားတစ်ဦးလျှင်ဆန်နို့ဆီဘူးနှစ်လုံး
စာတန်ဘိုးငွေအားရက်သတ္တပါတ်စာထောက်ပံ့ပေးလျှက်ရှိကြောင်း အဆိုပါ ဌာန၏
တာဝန်ရှိသူမှပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး