လူငယ်စကားဝိုင်းနှင့် စီးပွားရေးစကားဝိုင်းပါဝင်မည့် ''သေချာလှပ အနာဂတ်ဘဝ''
ဟောပြောပွဲကို ယခုလ ၂၃ ရက်က အမျိုးသားဇာတ်ရုံတွင် နံနက် ၉ နာရီမှ ညနေ ၅နာရီခွဲ
အထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှု
လုပ်ငန်းရှင်များအသင်း (MRCCI) မှ ဥက္ကဋ္ဌဦးအောင်သန်းက ယခုလ ၁၅ ရက်တွင်
ပြောသည်။
အဆိုပါဟောပြောပွဲကို MRCCI မှဦးဆောင်ကျင်းပခြင်းဖြစ်ပြီး ဆရာအော်ပီကျယ်၊ စာရေး
ဆရာညီပုလေး၊ စာရေးဆရာနှင့် သတင်းစာဆရာ ဦးကျော်ရင်မြင့်၊ ဦးအောင်ဆန်းဝင်း
(အောင်သမာဓိ)၊ မတင်မိုးလွင်၊ ဦးသိန်းဝင်း (သိန်းဝင်းနှင့်ညီများ ဆံပင်ညှပ်ဆိုင်)၊
ဒေါ်သန်းသန်းဆွေ (Hotel Hazel)က ဟောပြောပေးမည်ဖြစ်ကြောင်း အသင်းဒုတိယ
ဥက္ကဋ္ဌဦးအောင်ဆန်းဝင်းက ပြောသည်။
''လုပ်ငန်းရှင်တွေကနေ သူတို့ရဲ့ တိုးတက်လာတဲ့ ဘဝအကြောင်းတွေကို ဆွေးနွေးပေး
မှာပါ။ ပထမပိုင်းမှာ ပညာရေးစကားဝိုင်းနဲ့ဒုတိယပိုင်းမှာ စီးပွားရေးစကားဝိုင်း ဆွေးနွေးပေး
မှာပါ''ဟု ၄င်းက ပြောသည်။
ဟောပြောပွဲများ ပြုလုပ်ပေးခြင်းဖြင့်လူငယ်များကို ဗဟုသုတများ တိုးပွားမှုများရရှိမည့်အပြင်
အသေးစား၊ အလတ်စားလုပ်ငန်းများလည်း တိုးတက်နိုင်ရန်အတွက် ကျင်းပပြုလုပ်ခြင်း
ဖြစ်ကြောင်း ဦးအောင်ဆန်းဝင်းက ပြောသည်။
''လူငယ်တွေ အသိပညာအများကြီးရရှိမှာပါ။ လုပ်ငန်းရှင်တွေရဲ့ ဘဝအတွေ့အကြံုတွေ့
လည်းရရှိမယ်။ လုပ်ငန်းလုပ်ကိုင်ရင် ဘာတွေလိုအပ်မယ်ဆိုတဲ့အသိပညာတွေ ရရှိမှာ
သေချာပါတယ်''ဟု ၄င်းက ပြောသည်။
ဟောပြောပွဲ တက်ရောက်ရန် လက်မှတ်များကို ရ၈ လမ်း၊ ၃၄ လမ်းထောင့်၊ ရတနာပုံ
စူပါစင်တာလေးထပ်ရှိ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းတွင် အခမဲ့
လာရောက်ထုတ်ယူနိုင်ကြောင်း ၄င်းက ပြောသည်။















