မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင်သွေးလိုအပ်ချက် ဆက်လက်ရှိနေ

မန္တလေး အထွေထွေရောဂါကု ဆေးရုံကြီးတွင်သွေးလိုအပ်ချက် ဆက်လက်ရှိနေ

မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး၊ အမျိုးသားသွေးလှူဘဏ်သို့ တစ်နေ့လျှင်
သွးအလှူရှင် အယောက် ၁ဝဝ ခန့် နေ့စဉ်လာရောက်လှူဒါန်းသော်လည်း သွေးလိုအပ်ချက်
ရှိနေဆဲဖြစ်ကြောင်း အမျိုးသား သွေးလှူဘဏ်၊ ရောဂါဗေဒဌာနမှ ပထမလက်ထောက်
ဆရာဝန် ဒေါက်တာစုလှိုင်ဦးက ယခုလ ၁၇ ရက်က ပြောသည်။

''တစ်နေ့ကိုတော့ အယောက် ၁ဝဝ လောက် လှူဒါန်းပါတယ်။ စုပေါင်းသွေးလှူပွဲတွေ
ကလည်း တစ်လကို နှစ်ကြိမ်၊ သုံးကြိမ်လောက်တော့ လာလှူဒါန်းတာတွေ ရှိပါတယ်။
သွေးလှူဘဏ်မှာတော့ တနင်္လာနေ့ကနေ သောကြာနေ့အထိ သွေးလာရောက်လှူဒါန်းနိုင်
ပါတယ်''ဟု ၄င်းက ပြောသည်။

သွေးလှူဒါန်းသူများ ရှိသော်လည်းတစ်နေ့ သွေးလိုအပ်ချက်သည် သွေးအိတ်ပေါင်း ၂ဝဝ မှ
၃ဝဝ ကြားအထိလိုအပ်နေသေးကြောင်း ဒေါက်တာစုလှိုင်ဦးက ပြောသည်။

''ပုံမှန်လာရောက် လှူဒါန်းတဲ့သူတွေနဲ့ မလောက်ပါဘူး။ မလုံလောက်တဲ့အတွက် ရံဖန်ရံခါ
မိုဘိုင်းသွေးလှူဘဏ်ကားနဲ့ အနီးအနားက မြို့တွေကို သွားရောက် သွေးအလှူခံရ
ပါတယ်''ဟု ၄င်းက ပြောသည်။

သွေးလှူဒါန်းခြင်းသည် လူအများ၏အသက်ကို ကယ်တင်ခြင်းဖြစ်ပြီး မွန်မြတ်သည့်အလုပ်
ဖြစ်သည့်အတွက် သွေးလာရောက်လှူဒါန်းရန် ဖိတ်ခေါ်ကြောင်းဒေါက်တာစုလှိုင်ဦးက
ပြောသည်။

''သွေးက လေးလတစ်ကြိမ် ပြန်လည်လှူဒါန်းနိုင်ပါတယ်။ သွေးလိုအပ်ချက်တွေက
အရမ်းကို လိုအပ်နေသေးပါတယ်'' ဟု ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး