ငါးမိနစ် စကားစမြည်

ငါးမိနစ် စကားစမြည်

ပရဟိတလုပ်ငန်းတွေမှာ လူငယ်တွေ ပါဝင်ဆောင်ရွက်ကြဖို့ ပရဟိတလုပ်ငန်းတွေမှာ
ဝင်ရောက်လုပ်ကိုင်နေသူတစ်ယောက်ဖြစ်တဲ့ သာဂီနွယ်ဆွမ်းဆန်စိမ်း လောင်းလှူရေး
အသင်းရဲ့ အတွင်းရေးမှူး ကိုနိုင်ဝင်းအောင်က ငါးမိနစ်စကားစမြည်ကဏ္ဍကနေ
တိုက်တွန်းထားပါတယ်။

 

ပရဟိတ လုပ်ငန်းတွေမှာ လူငယ်တွေရဲ့ အားတွေ၊ ပူးပေါင်းပါဝင်မှုတွေ အများအပြား လိုအပ်နေ
ပါသေးတယ်။

ကျွန်တော်က ပထမဆုံး သွေးစလှူတဲ့အချိန်ကစပြီး ပရဟိတလုပ်ချင်တဲ့စိတ်တွေ ဖြစ်ပေါ်လာတဲ့
အတွက် မြတ်ပါရမီသွေးအလှူအသင်းမှာ အသင်းသားတစ်ယောက်အနေနဲ့ ပါဝင်ခဲ့ပါတယ်။

အခုဆိုရင် သွေးလှူထားတာ အကြိမ်ပေါင်းခုနစ်ကြိမ်မြောက် ရှိပါပြီ။ အသင်းအနေနဲ့အပတ်စဉ်
ဆွမ်းဆန်စိမ်း လောင်းလှူနေပြီးတော့ ရန်ပုံငွေအပေါ်မူတည်ပြီး မိဘမဲ့ကျောင်းတွေမှာ အဝတ်အစားနဲ့
အစားသောက်တွေကို သွားရောက်လှူဒါန်းလေ့ ရှိပါတယ်။ ပြီးတော့ ဘယ်သူမဆို ဘယ်သွေး
အမျိုးအစားလိုလို လာရောက် အကူအညီတောင်းရင် လိုက်လံပြီးတော့ သွေးလှူဒါန်းပေးလေ့
ရှိပါတယ်။

ရန်ပုံငွေအနည်းအများပေါ်မူတည်ပြီးတော့ ဆေးရုံတွေမှာ ဆန်ပြုတ်သွားရောက်လှူဒါန်းတဲ့
အပြင် မွေးနေ့ရှင်တွေက မွေးနေ့အတွက် လှူဒါန်းချင်ရင် ဆန်ပြုတ် လိုက်လံချက်ပြုတ်ပေးပြီးတော့
အစစအရာရာ ကူညီပေးပါတယ်။ ရန်ပုံငွေအတွက် လစဉ် လှူဒါန်းတဲ့သူတွေ ရှိသလို တစ်လ
တစ်ကြိမ် ရန်ပုံငွေအတွက် အလှူခံထွက်လေ့ ရှိပါတယ်။

ပရဟိတလုပ်ငန်းက ပိုက်ဆံရှိတဲ့သူလည်းမလုပ်နိုင်သလို၊ ပိုက်ဆံမရှိတဲ့သူတွေ မလုပ်နိုင်တဲ့
အတွက် ပရဟိတလုပ်ကိုင်သူတွေကိုနောက်ကနေ ကူညီထောက်ပံ့ပေးစေချင်ပါတယ်။

လူငယ်တွေကိုလည်း အားတဲ့အချိန်တွေမှာ ပျော်ပွဲရွှင်ပွဲတွေနောက်ကို မလိုက်ဘဲပရဟိတ
လုပ်ငန်းတွေမှာ ပူးပေါင်းလုပ်ဆောင်စေချင်ပါတယ်။

ပရဟိတလုပ်ငန်းကို လုပ်ကိုင်နိုင်တဲ့အချိန်အထိ အားကြိုးမာန်တက် ဝင်ရောက်လုပ်ကိုင်နေမှာ
ဖြစ်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး