အခွန်တံဆိပ်ခေါင်းမကပ်သည့် စားသောက်ဆိုင်၂၃ ဆိုင်ကို ဒဏ်ငွေရိုက်

အခွန်တံဆိပ်ခေါင်းမကပ်သည့် စားသောက်ဆိုင်၂၃ ဆိုင်ကို ဒဏ်ငွေရိုက်

မန္တလေးတိုင်းဒေသကြီးတွင် ဇွန်လအတွင်းကအခွန်တံဆိပ်ခေါင်းမကပ်သည့် စားသောက်ဆိုင်
၂၃ ဆိုင်ကို ဒဏ်ငွေရိုက်ထားကြောင်းတိုင်းဒေသကြီး ပြည်တွင်းအခွန်များ ဦးစီးဌာနမှ တာဝန်ရှိသူ
တစ်ဦးက ပြောသည်။

''အခွန်တံဆိပ်ခေါင်း မကပ်တာရော၊အခွန်တံဆိပ်ခေါင်းကို လျော့နည်းကပ်တာရောကိုပါ ဒဏ်
ရိုက်တာပါ''ဟု ၄င်းက ပြောသည်။

အခွန်တံဆိပ်ခေါင်းမကပ်သည့် စားသောက်ဆိုင်များကို ကုန်သွယ်လုပ်ငန်းခွန်ဥပဒေ
ပုဒ်မ ၂၁ (စ)အရ ပထမအကြိမ် ပျက်ကွက်လျှင် ဒဏ်ငွေ ကျပ် နှစ်သိန်း၊ ဒုတိယအကြိမ်
ကျပ် ငါးသိန်း၊ တတိယအကြိမ်ကျပ် ခုနစ်သိန်း၊ တတိယအကြိမ်အထက်တွင် ကျပ် ၁ဝ သိန်း
ပေးဆောင်စေသည်။

အခွန်တံဆိပ်ခေါင်းမကပ်သည့် ရွှေဆိုင်များကိုမူ ဇူလိုင် ၃ ရက်မှ စတင်ကာဒဏ်ကြေးရိုက်မည့်အပြင်
နိုင်ငံပိုင် သတင်းစာများတွင်လည်း ထည့်သွင်းကြေညာသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် ၂ဝ၁၆-၁၇ ဘဏ္ဍာနှစ်က အခွန် ကျပ် ၁၄၁ ဘီလျံကောက်ခံရန်
လျာထားခဲ့သော်လည်း အဆိုပါလျာထားချက်ထက် ကျော်လွန်ကာ ၁၆ဝ ဘီလျံကျပ်အထိကောက်ခံ
ရရှိခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး