သီးနှံပေါ်ချိန်တွင် ထိုက်သင့်သည့် စျေးနှုန်းရရှိရန်နှင့် ခိုင်မာသည့် စျေးကွက်ရရှိနိုင်ရန် ဆောင်ရွက်နေ

သီးနှံပေါ်ချိန်တွင် ထိုက်သင့်သည့် စျေးနှုန်းရရှိရန်နှင့် ခိုင်မာသည့် စျေးကွက်ရရှိနိုင်ရန် ဆောင်ရွက်နေ

သိမ်းဆည်းခံ လယ်ယာမြေပြဿနာများ နည်းအောင် ကြိုးပမ်းဆောင်ရွက်နေပြီး ရာသီအလိုက် သီးနှံ
ပေါ်ချိန်များတွင် တောင်သူများ ထိုက်သင့်သည့် စျေးနှုန်းများ ရရှိရန်နှင့် ခိုင်မာသည့် သီးနှံစျေးကွက်
ရရှိနိုင်ရန် နိုင်ငံတော်က ဆောင်ရွက်လျက်ရှိကြောင်း ဒုသမ္မတ(၂) ဦးဟင်နရီဗန်ထီးယူက ပြောသည်။

''လယ်ယာမြေ ပြဿနာများကိုနည်းနိုင်သလောက် နည်းအောင် ဆောင်ရွက်နေပါတယ်။ အကြောင်း
အမျိုးမျိုးကြောင့် လယ်ယာမြေကို စွန့်ခွာသွားတဲ့အတွက် လယ်ယာလုပ်သား ရှားပါးမှုတွေလည်း
ကြံုတွေ့နေရပါတယ်။ ဒါပေမဲ့ ရာသီဥတုပြောင်းလဲမှုတွေ၊ ဖောက်ပြန်မှုတွေကြောင့် သီးနှံစျေးနှုန်း
မရတဲ့ အခြေအနေတွေကိုလည်း သက်သာအောင် ဆောင်ရွက်နေပါတယ်။ ထွက်ရှိလာတဲ့
စိုက်ပျိုးရေး၊မွေးမြူရေးထွက်ကုန်တွေကို ကြီးမားတဲ့စျေးကွက်ဖြစ်တဲ့ အိမ်နီးချင်းနိုင်ငံတွေကို
တိုက်ရိုက်တင်ပို့ ရောင်းချနိုင်မယ်ဆိုရင် နှစ်ဦးနှစ်ဖက် အကျိုးဖြစ်ထွန်းမှာ ဖြစ်ပါတယ်'' ဟု
ဦးဟင်နရီဗန်ထီးယူက ယခုလ ၁၂ ရက်တွင် မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်၊
ရေနံ့သာကျေးရွာအုပ်စု၊ အနာကြီးရောဂါဆေးရုံမှ ပြန်လည်စွန့်လွှတ်သည့် လယ်ယာမြေများကို
တောင်သူများထံသို့ ယာယီလုပ်ကိုင်ခွင့်လက်မှတ် ပုံစံ (၃) ပြန်လည်ပေးအပ်ပွဲတွင်ပြောသည်။

လယ်ယာထွက်ကုန်များအတွက် ခိုင်မာသည့် စျေးကွက်ဖော်ဆောင်နိုင်ခြင်းအားဖြင့် တောင်သူ
လယ်သမားဘဝ တိုးတက်မြင့်မားမည်ဖြစ်ကာ နိုင်ငံရပ်ခြားများသို့ ရွှေ့ပြောင်းလုပ်ကိုင်ခြင်းများကို
တားဆီး ကာကွယ်နိုင်မည်ဖြစ်ကြောင်း၄င်းက ပြောသည်။

သိမ်းဆည်းခဲ့သည့် လယ်ယာမြေများကိုမူလတောင်သူများထံ ပြန်လည်ပေးအပ်နိုင်ရန်အတွက်
လယ်ယာမြေနှင့် အခြားမြေများ ပြန်လည်စိစစ်ရေး ဗဟိုကော်မတီကို ဖွဲ့စည်းထားပြီး ဒုတိယ
သမ္မတ(၂)ဦးဟင်နရီ ဗန်ထီးယူက ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားခြင်းဖြစ်ကာ ယင်းအဖွဲ့တွင်
ပြည်ထောင်စုဝန်ကြီးများ၊ တိုင်းဒေသကြီးနှင့် ပြည်နယ် ဝန်ကြီးချုပ်များလည်းပါဝင်သည်။

''အစိုးရက တောင်သူတွေကိုလယ်ယာမြေ ပြန်လည်ပေးအပ်ဖို့ ကြိုးစားနေသလို တောင်သူတွေ
ကလည်း ရရှိထားတဲ့မြေယာတွေကို အကျိုးရှိစွာအသုံးချစေချင်ပါတယ်''ဟုဦးဟင်နရီဗန်ထီးယူက
ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး