လွိုင်ကော်မြို့မှမန္တလေးမြို့သို့သယ်ဆောင်လာသောမောင်းပြန်သေနတ်များ သာစည်မြို့နယ်တွင်ဖမ်းဆီးရမိ

လွိုင်ကော်မြို့မှမန္တလေးမြို့သို့သယ်ဆောင်လာသောမောင်းပြန်သေနတ်များ သာစည်မြို့နယ်တွင်ဖမ်းဆီးရမိ

 

သာစည်မြို့နယ်ရဲတပ်ဖွဲ့နှင့်မူးယစ်တပ်ဖွဲ့တို့မှရဲတပ်ဖွဲ့ဝင်များသည် ကျွဲတပ်ဆုံတိုးဂိတ်အနီး
တွင် ယာဉ်များကိုရပ်တန့်စစ်ဆေးခဲ့ရာ လွိုင်ကော်မှမန္တလေးသို့မောင်းနှင်လာသော Toyota Crown
Saloon ယာဉ်ပေါ်မှ မောင်းပြန်သေနတ်များ ကိုဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

အဆိုပါမောင်းပြန်သေနတ်များကိုယာဉ်အနောက်ခန်းတွင်မွေ့ယာများအတွင်း သိုဝှက်ကာ ဆာလာအိတ်
များဖြင့်ထည့်လာခြင်းဖြစ်ပြီး HK မောင်းပြန်သေနတ် ၂ဝ လက်နှင့် AK 47 မောင်းပြန်သေနတ် ၂ လက်
ပါဝင်သည်။

ယာဉ်ကိုမောင်းနှင်လာသူမှာကယားပြည်နယ်လွိုင်ကော်မြို့ မင်္ဂလာရပ်ကွက်မှ နေစိုးထွေးမင်းဖြစ်ပြီး
၄င်း၏ဇနီးဖြစ်သူမမြဆုနှင်းလည်း လိုက်ပါလာခဲ့သည်။ ၄င်းတို့နှစ်ဦးကို စစ်မေးခဲ့ရာအဆိုပါ
သေနတ်များမှာ စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တာဟန်းရပ်ကွက်နေ မောရ(ခ ) ကျံုးရန်ဆန်
ဆိုသူက ဝယ်ယူသယ်ဆောင်ခိုင်းသော သေနတ်များဖြစ်သည်ဟု ဆိုသည်။

သာစည်မြို့နယ်ရဲတပ်ဖွဲ့မှရဲအုပ်ရွှေနုကနေစိုးထွေးမင်း၊ မမြဆုနှင်းနှင့် မောရ (ခ ) ကျံုးရန်ဆန်တို့ကို
အရေးယူပေးရန်တိုင်တန်းသဖြင့်ဇူလိုင်လ ၂ဝ ရက်နေ့နံနက် ၆ နာရီခွဲအချိန်ခန့် တွင်သာစည်
မြို့မရဲစခန်းက (ပ) ၁၆၇/၂ဝ၁၇၊ လက်နက်ပုဒ်မ ၁၉(က)အရအမှုဖွင့်ခဲ့သည်။

''နောက်ဆက်တွဲအခြေအနေကမန္တလေးမှာနေတဲ့တစ်ယောက်နဲ့ပတ်သက်တာသိရတဲ့အတွက်မနေ့
ည ၁၁ နာရီမှာဖမ်းဆီးခဲ့တယ်။သူကိုလည်း စစ်ဆေးနေတဲ့အနေအထားပဲရှိပါသေးတယ်။ ဒါကိုတော့
ရဲဘက်ကပဲဆက်လက်စစ်ဆေးဆောင်ရွက်သွားမှာဖြစ်ပါတယ်။သယ်လာတာပဲမိသေးတယ်။
ဘယ်ကိုသယ်မလဲဆိုတာတွေကတော့စစ်ဆေးနေဆဲပါ။စစ်ဆေး တွေ့ရှိချက်တွေကိုဆက်လက်
ထုတ်ပြန်ပေးသွားမှာပါ'' ဟုမန္တလေးတိုင်းဒေသကြီး လုံခြံုရေးနှင့်နယ်စပ်ရေးရာဝန်ကြီး
ဗိုလ်မှူးကြီးကျော်ကျော်မင်းက ယခုလ ၂ဝ ရက်နေ့ကပြောသည်။

အဆိုပါ သေနတ်များ ဖမ်းဆီးရိမိပြီးနောက်မန္တလေးမြို့၏ အဝင်အထွက်ဂိတ်ငါးခုတွင် ပူးပေါင်း
အဖွဲ့များဖြင့် ယခင်ကထက်ပိုမိုစစ်ဆေးမှုများပြုလုပ်နေကြောင်း ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး