မိတ္ထီလာမြို့တွင် ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေသည့် သောက်ရေသန့်လေးမျိုးမှာ
ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့် မညီညွတ်သည့်အပြင် အစားအသောက်
နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန FDA ထောက်ခံချက်မရရှိဘဲ စျေးကွက်အတွင်း
ဖြန့်ဖြူးရောင်းချနေသောကြောင့် စစ်ဆေးမှုများပြုလုပ်ကာ ယခုလ ၁၈ ရက်နေ့က
စက်ရုံများပိတ်သိမ်းခဲ့ကြောင်း FDA မန္တလေး ဌာနခွဲမှသိရသည်။
စက်ရုံပိတ်သိမ်းခဲ့သည့် ရေသန့်များမှာ ' ကောင်း၊ ရွှေ ၊ ပိုကီမွန် နှင့် ရွှေနန္ဒာ' သောက်ရေ
သန့်တို့ဖြစ်ပြီး 'ရွှေနန္ဒာ' သောက်ရေသန့်မှာ FDA ထောက်ခံချက်ရရှိရန် တင်ပြလျှောက်
ထားစဉ်အတွင်း ထုတ်လုပ်ဖြန့်ဖြူးရောင်းချနေပြီး၊ အခြားသော သောက်ရေသန့်သုံးမျိုးမှာ
FDA ထောက်ခံရရှိရန် လုပ်ဆောင်ခြင်းမျိုးကိုပင် မရှိသေးကြောင်း ဌာနမှသိရသည်။
''ထောက်ခံချက် မယူထားတဲ့အတွက် စျေးကွက်မှာ စျေးပြိုင်စနစ်တွေဖြစ်လာတယ်။
စျေးလျှော့ရောင်းတော့ စားသုံးသူကလည်း စျေးနည်းတာကိုပဲ သောက်ကြတယ်။ စားသုံးသူ
တွေအနေနဲ့ကလည်း ရေသန့်တံဆိပ်မှာ FDA ထောက်ခံချက်ပါမပါစစ်ဆေးပြီးမှ သောက်
သင့်တယ်။ အခုပိတ်ခဲ့တာတွေက (GMP) နဲ့မညီညွတ်တာတွေပါတယ်။ စက်ရုံမှာ
ဆိုရင်လည်း ရေဘူးဆေးတဲ့ နေရာ၊ ရေဖြည့်တဲ့နေရာတွေ၊ UV, RO စနစ်တွေကောင်းမွန်
ဖို့လည်းလိုအပ်တယ်။
အခုတွေ့ရတာက ရေဖြည့်တာကို ရိုးရိုးရေပိုက်နဲ့ဖြည့်တာတွေ၊ ဆေးတာတွေကလည်း
စနစ်တကျ မရှိဘူး။ သတ်မှတ်ထားတဲ့အခန်းဖွဲ့စည်းပုံတွေလည်းမရှိဘူး။ နောက်ထပ်
စစ်ဆေးဖို့လည်း ကျန်နေတာတွေ ရှိနေပါသေးတယ်'' ဟု အစားအသောက်နှင့်ဆေးဝါး
ကွပ်ကဲရေးဦးစီးဌာန FDA မန္တလေးဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာကျော်ကျော်
က မြန်မာတိုင်း(မ်) ကို ယခုလ ၁၉ ရက်နေ့က ပြောသည်။
မိတ္ထီလာမြို့တွင် FDA ထောက်ခံချက်ဖြင့် ရောင်းချနေသည့် သောက်ရေသန့် ၁ဝ မျိုး
နီးပါးထိရှိပြီး၊ ခွင့်ပြုချက်ရယူထားခြင်းမရှိဘဲ ဖြန့်ဖြူးရောင်းချနေသည့် ရေသန့်များကို
ဆက်လက်စစ်ဆေးအရေးယူခြင်းများကို လုပ်ဆောင်သွားမည်ပြီး ထောက်ခံချက်ရရှိပြီး
သက်တမ်းတိုးသည့်အခါတွင် စက်ရုံ၏ ကောင်းမွန်သောထုတ်လုပ်မှုကျင့်စဉ် (GMP)
များကို ပြန်လည်စစ်ဆေးခြင်း၊ အချိန်လေးလတစ်ခါ သောက်ရေသန့်၏ (UV) ပိုးသတ်မှု၊
ထုံးဓာတ်လျော့ချမှု (Reverse Osmosis. RO) စနစ်တို့ကို ပြန်လည် စစ်ဆေးမှုများ
လုပ်ဆောင်ရကြောင်း ၄င်းက ဆိုသည်။
''မန္တလေးမှာတုန်းက စက်ရုံ ၁၅ ခုလောက်ကို ပိတ်သိမ်းခဲ့လိုက်တာမှာ ထောက်ခံချက်ရဖို့
ပြန်လျှောက်ထားတာ နှစ်ခုသုံးခုလောက်ပဲ တွေ့ရတယ်။ ဒါတွေက တံဆိပ်ပြောင်းထုတ်
တာတွေလည်း ဖြစ်နိုင်သလို၊ မလုပ်တာတွေလည်းဖြစ်နိုင်ပါတယ်။ ထုတ်လုပ်သူတွေ
ကလည်း သစ္စာရှိရမယ်။ ဥပဒေ ဘောင်အတွင်းက ထုတ်လုပ်မယ်။ စားသုံးသူတွေ
ကလည်း ထောက်ခံချက်အပြည့်အဝရှိတာကို ရွေးချယ်စားသုံးမယ်ဆိုရင် အချိန်ကြာလာ
တာနဲ့အမျျှပပျောက်သွားမှာပါ'' ဟု ဒေါက်တာ ကျော်ကျော်က မြန်မာတိုင်း(မ်) ကို
ပြောသည်။
မန္တလေးတိုင်းဒေသကြီးအတွင်း ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ်နှင့် ကိုက်ညီမှုမရှိ
သောကြောင့် စက်ရုံပိတ်သိမ်းခဲ့ရာ ၂ဝ၁၅ ခုနှစ်အတွင်း ၁၁ ရုံ၊ ၂ဝ၁၆ ခုနှစ်တွင် ပိတ်သိမ်း
ခြင်းမရှိနှင့် ၂ဝ၁၇ ခုနှစ် ဇူလိုင်လအတွင်းထိ စက်ရုံလေးရုံကို ပိတ်သိမ်းခဲ့ခြင်းဖြစ်သည်။
မန္တလေးတိုင်းဒေသကြီးအတွင်းတွင် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန
FDA ထောက်ခံချက်ရရှိထားသည့် သောက်ရေသန်Y ၁၉၂ မျိုးထိရှိကြောင်း ၄င်းဌာန
စာရင်းများအရ သိရသည်။















