ကောလင်း ဆေးရုံအတွက် ဂျပန်ထောက်ပံ့

ကောလင်း ဆေးရုံအတွက် ဂျပန်ထောက်ပံ့

စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့နယ် ပြည်သူ့ဆေးရုံတွင် ဆေးရုံသုံး ပစ္စည်းကိရိယာများ
ထောက်ပံ့ဖြည့်တင်းရန် အမေရိကန်ဒေါ်လာ ၅၈,၃၇၂ ကို ဂျပန်အစိုးရက အသေးစား စီမံကိန်းများ
ထောက်ပံ့ရေးအစီအစဉ်အရ ပေးအပ်ခဲ့သည်။

အထောက်အပံ့ပေးရေးဆိုင်ရာသဘောတူစာချုပ်ကို မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်ကြီး မစ္စတာ
မီကီယို နူမတနှင့် ဆေးရုံကြီးကြပ်ရေး ကော်မတီဥက္ကဋ္ဌ ဦးမောင်ချိုတို့ ဒီဇင်ဘာလ ၆ ရက် နေ့တွင်
လက်မှတ် ရေးထိုးခဲ့ကြောင်း ဂျပန်သံရုံးက သတင်းထုတ်ပြန်ခဲ့သည်။

ခုတင် ၂၅ ခုတင်ဆံ့ အဆိုပါ ဆေးရုံကို ၁၉၅၃ ခုနှစ်တွင် ဖွင့်လှစ်ခဲ့ပြီး လက်ရှိ ဆေးရုံအဆောက်
အအုံများမှာ ၁၈၈၆ ခုနှစ်က တည် ဆောက်ထားကြောင်းနှင့် လူဦးရေ တစ်သိန်းလေးသောင်းခန့်ရှိ
ကောလင်းမြို့နယ်မှသာမက ပတ်ဝန်းကျင်ရှိ ပင်လယ်ဘူးနှင့် ၀န်းသိုမြို့နယ်များမှ လူနာများပါ
လာရောက်ကုသနေကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး