ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ဖြင့် တရားဆွဲဆိုခံထားရသည့် ကိုဆွေဝင်း အာမခံရရှိ ဩဂုတ်လ ရ ရက်နေ့ စတင် ရုံးထုတ်စစ်ဆေးမည်

ဆက်သွယ်ရေး ပုဒ်မ ၆၆ (ဃ) ဖြင့် တရားဆွဲဆိုခံထားရသည့် ကိုဆွေဝင်း အာမခံရရှိ ဩဂုတ်လ ရ ရက်နေ့ စတင် ရုံးထုတ်စစ်ဆေးမည်

ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်တရားဆွဲဆိုခံထားရသည့် Myanmar Now
သတင်းအေဂျင်စီမှ အယ်ဒီတာချူပ် ကိုဆွေဝင်းကို မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ်
တရားရုံးက အာမခံပေးခဲ့ပြီး ဩဂုတ်လ ရ ရက်နေ့မှ စတင်၍ အမှုကို ရုံးထုတ် စစ်ဆေးသွားမည်
ဖြစ်ကြောင်း ကိုဆွေဝင်း ၏ ဥပဒေအကြံပေး ဦးခင်မောင်မြင့် ကပြောသည်။

ကိုဆွေဝင်းကို ဇူလိုင်လ ၃၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်တွင်
ရဲတပ်ဖွဲ့က ဖမ်းဆီးထိန်းသိမ်းခဲ့ခြင်းဖြစ်ပြီး ဇူလှိုင်လ ၃၁ ရက်နေ့မနက်ပိုင်းတွင် တရားဆွဲဆိုထားသည့်
မန္တလေးတိုင်းဒေသကြီး မဟာအောင်မြေမြို့နယ် တရားရုံးကို ပို့ဆောင်ပေးခဲ့ခြင်းဖြစ်သည်။

"ကိုဆွေဝင်းကို ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) နဲ့ ပတ်သက်ပြီး ပထမဆုံးတရားရုံးမှာ ရုံးတင်စွဲဆိုခြင်း
ဖြစ်ပါတယ်။ ကျွန်တော်တို့ဖက်ကလည်း အမှုကိုရင်ဆိုင်နေဆဲ ကာလမှာ အချူပ်လွတ်ထုခြေခွင့်
အာမခံလျှောက်ထားပါတယ်။ တရားရုံးက လက်ခံတဲ့အတွက် ကျပ် သိန်း ၅၀ ပေးသွင်းနိုင်တဲ့
ဂုဏ်သရေရှိ လူပုဂ္ဂိုလ်ခံဝန်ချူပ်နဲ့ အတူတရားရုံးမှာ ဆက်လက်ရင်ဆိုင်သွားပါမယ်။ ရုံးချိန်ကိုတော့
ဩဂုတ်လ ရ ရက်နေ့ကို ရုံးချိန်ပေးထားပါတယ် " ဟု ဦးခင်မောင်မြင့်က ဇူလှိုင်လ ၃၁ ရက်နေ့
ရုံးထုတ်အပြီးတွင် ပြောသည်။

အမျိုးဘာသာသာသနာ စောင့်ရှောက်ရေးအဖွဲ့ အထက်ဗမာပြည် အဖွဲ့ဝင် ကိုကျော်မျိုးရွှေက
မ.ဘ.သ ၏ ယခင်ဦးဆောင်ဆရာတော် တပါးဖြစ်သည့် ဦးဝိရသူကို ကိုဆွေဝင်းက ၎င်း၏
အင်တာနက် စာမျက်နှာတွင် ဂုဏ်သိက္ခာကျဆင်းအောင် ရေးသားသည့် ဆိုသည့် စွဲချက်ဖြင့်
မဟာအောင်မြေတရားရုံးတွင် မတ်လအတွင်းက တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယခုကဲ့သို့ ဆက်သွယ်ရေးပုဒ်မ ၆၆ (ဃ) ဖြင့် တရားစွဲဆိုခြင်းအပေါ် တရားရုံးက အာမခံပေးခြင်းကို
မိမိအနေဖြင့် ကြိုဆိုပြီး လက်ရှိလွှတ်တော်တွင်လည်း ၄င်းဥပဒေပုဒ်မအား ပြင်ဆင်နိုင်ရန်
ညှိနှိုင်းတိုင်ပင်မှုများ ရှိနေသည့်အတွက် မိမိ၏ အမှုဖြစ်စဉ် သည်အထောက်အကူတစ်ခုဖြစ်ရန်
မျှော်လင့်ကြောင်း ကိုဆွေဝင်းကပြောသည်။

"ပုဒ်မ ၆၆ (ဃ) ဆိုတာ အာမခံပေးချင်လည်း ရနိုင်သလို မပေးချင်ရင်လည်း ရနိုင်ပါတယ်။
ဒီလိုအနေအထားမျိုးမှာ တရားသူကြီးက မိမိ၏ ဆင်ခြင်တုံတရားဖြင့် ကျွန်တော့်ကို အာမခံပေးလိုက်တဲ့
အတွက် ဒါကိုတော့ ကြိုဆိုပါတယ်" ဟု ကိုဆွေဝင်းက ပြောသည်။

၎င်းအပေါ် စွဲဆိုထားသည့် ပုဒ်မနှင့် ပတ်သက်ပြီး ထွက်ပြေးတိမ်ရှောင်ခြင်း မပြုလုပ်ဘဲ ဥပဒေဘောင်
အတွင်းမှာ ခိုင်ခိုင်မာမာဖြင့် ဆက်လက်ရင်ဆိုင်သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

"ကျွန်တော်ကို ရဲတပ်ဖွဲ့ကလာ စစ်ရင်လည်း ပူးပေါင်းဆောင်ရွက်ပေးတယ်။ ထွက်ပြေးတိမ်ရှောင်တာမျိုး
မရှိပါဘူး။ အခုလို သယ်ယူပို့ဆောင်ရေးတွေ လျှင်မြန်နေတဲ့ အခြေအနေမှာတောင် ကျွန်တော်
တိမ်းရှောင်တာမျိုးမလုပ်ပါဘူး။ ရန်ကုန်လေဆိပ်မှာ ဖမ်းဆီးခံရတယ်ဆိုတာကလည်း နားလည်မှု
လွဲသွားတာပါ။ အမှုတစ်ခုက မပြီးပြတ်သေးရင် ဆက်ဖို့ရှိတယ်ဆိုတာ
ကျွန်တော်နားလည်ပါတယ်" ဟု ကိုဆွေဝင်းကပြောသည်။

ကိုဆွေဝင်းသည့် အင်းဝအပ်ချူပ်ဆိုင်မှ အိမ်အကူမိန်းခလေး နှစ်ဦး ညဉ်းပန်နှိပ်စက်ခံမှုနှင့် ပတ်သက်ပြီး
စုံစမ်းဖော်ထုတ် သတင်းရေးသားခဲ့သည့်အတွက် လူသိများလာခဲ့ပြီး နိုင်ငံတော်၏ ဂုဏ်ပြုချီးမြင့်လွှာ
ကိုလည်း ရရှိထားသူတစ်ဦးဖြစ်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး