မကွေးတိုင်းဒေသကြီးမှာ H1N1 လူနာနှစ်ဦးတွေ့ရှိတစ်ဦးသေဆုံး

မကွေးတိုင်းဒေသကြီးမှာ H1N1 လူနာနှစ်ဦးတွေ့ရှိတစ်ဦးသေဆုံး

မကွေးတိုင်းဆေးရုံကြီးတွင် H1N1 လူနာနှစ်ဦးတွေ့ရှိရပြီးတစ်ဦးမှာသေဆုံးသွားခဲ့ကြောင်းတိုင်း
ဒေသကြီး ၀န်ကြီးချုပ်ဒေါက်တာအောင်မိုးညိုမှဇူလိုင်လ ၃၁ ရက်နေ့တွင်ပြောသည်။

“ပြီးခဲ့တဲ့သောကြာကတိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးဦးစီးကဒေါက်တာထွန်းအောင်ကြည်ကို
ကျွန်တော်မေးပါတယ်၊ အဲဒီတုန်းကတော့ ဘာမှ Case မဖြစ်သေးဘူးတဲ့၊သို့သော် ဒီနေ့ကြားရတာ
ကတော့ ဒါနဲ့ပတ်သတ်တဲ့ လူနာနှစ်ယောက်တွေ့တယ်တဲ့၊တစ်ယောက်ကတော့ ဆုံးသွားတယ်ပြောတယ်၊
တစ်ယောက် ကတော့ရှိသေးတယ်ပြောတယ်၊ဘာမှဒီလောက်စိုးရိမ်စရာမရှိဘူးလို့ပြောပါတယ်”ဟု
၀န်ကြီးချုပ်ကပြောသည်။

မကွေးတိုင်းဒေသကြီးအတွင်း H1N1 လူနာမရှိဟုတိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာနက သတင်းများ
ထုတ်ပြန်ခဲ့သော်လည်းဇူလိုင်လ ၃၁ ရက်နေ့တွင် စတင်တွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း
၀န်ကြီးချုပ်ကပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး