ငါးမိနစ် စကားစမြည်

ငါးမိနစ် စကားစမြည်

လတ်တလော ဖြစ်ပွားနေတဲ့ H1N1 ရောဂါနဲ့ပတ်သက်ပြီး ကျောင်းသားမိဘတစ်ဦးအနေနဲ့
အမြင်၊ ကြိုတင်ပြင်ဆင်မှုတွေကို မခိုင်လေးက ငါးမိနစ်စကားစမြည်ကဏ္ဍအတွက်
ဖြေကြားပေးခဲ့ပါတယ်။

ကျောင်းသားမိဘအနေနဲ့တော့ စိုးရိမ်ပူပန်တာပဲ။ အဲဒီတော့ ကလေးအတွက် လိုအပ်တာမှန်သမျှ
လုပ်ထားတာပဲ။ တစ်ခါသုံး Mask လေးတွေ ဝယ်ထားပေးတယ်။ ပြီးတော့ လက်သန့်ဆေးရည်လေးတွေ
လည်း လုပ်ပေးထားတယ်။ ကလေးက အရင်က သူများတစ်ခုခု ဖြစ်ပြီဆိုတာနဲ့ ကူးနိုင်တယ်ဆိုတော့
ကလေးကိုတော့ တုပ်ကွေးကာကွယ်ဆေးထိုးတာ သုံးနှစ် ဆက်တိုက်တော့ ရှိပြီ။ မိုးရာသီ မစခင်
အချိန်လေး။ အဓိက ကလေးဦးစားပေး လုပ်နေရတာပါပဲ။

ကျောင်းတွေက နှစ်လ တစ်ကြိမ်စာမေးပွဲဆိုပေမဲ့လည်း တကယ်တမ်းအရေးကြီးတာက အောက်တိုဘာလ
စာမေးပွဲနဲ့ အတန်းတင်စာမေးပွဲဆိုတော့ တကယ်တမ်းဖြစ်မယ်ဆိုရင် ကိုယ့်ကလေးကိုတော့
ကျောင်းမပို့တော့ဘူး။ ကလေးကိုလည်း လက်ကိုသန့်သန့်ထားဖို့ ပြောထားရတယ်။

မန္တလေးမှာ တောင်ပြံုးပွဲ ပိတ်တာ တော်တော်လေး စိတ်ချမ်းသာရတယ်။ အခုတော့ သတင်းမှန်သမျှ
လိုက်ဖတ်နေရတာပဲ။ မန္တလေးက လူမှု အဖွဲ့အစည်းတွေကတော့ လူထူထပ်တဲ့စျေးတွေ၊
ကားဂိတ်တွေမှာ လက်ဆေးရေတို့၊ Mask တွေ လိုက်ဝေတာ တွေ့ရတယ်လေ။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး