အေးခဲကြက်သား ပိဿာ၃,ဝဝဝ ကျော် မီးရှို့ဖျက်ဆီး

အေးခဲကြက်သား ပိဿာ၃,ဝဝဝ ကျော် မီးရှို့ဖျက်ဆီး

မန္တလေးမြို့တွင်းဝင် တိုးဂိတ်နှင့် ချမ်းမြသာစည် မြို့နယ်အတွင်းရှိ ဂိုဒေါင်အတွင်းမှဖမ်းဆီးရမိသည့်
တရားမဝင် အေးခဲကြက်သားပိဿာ ၃,ဝဝဝ ကျော်ကို ဇူလိုင် ၂၈ ရက်ကအေးရိပ်ငြိမ်သုဿန်တွင် မီးရှို့
ဖျက်ဆီးခဲ့သည်။

ယခုကဲ့သို့ ဖမ်းဆီးရာတွင် စားသုံးသူကာကွယ်ရေးအဖွဲ့၊ မန္တလေးမြို့တော် စည်ပင်သာယာရေး
ကော်မတီ ရဲတပ်ဖွဲ့၊ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာန၊ တိုင်းကျန်းမာရေးအဖွဲ့တို့
ပူးပေါင်းကာ ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

''တရုတ်ပြည်ဘက်က မူဆယ် - မန္တလေးကနေတစ်ဆင့် တရားမဝင် အေးခဲကြက်သားတွေကို ရောင်းချ
နေတယ်လို့ သတင်းရတဲ့အတွက် အောင်ပင်လယ် မြို့ဝင်ဂိတ်မှာ ပိတ်ဆို့ပြီး စစ်ဆေးခဲ့တာ ကားပေါ်မှာ
အခြားပစ္စည်းအပြင် အေးခဲကြက်သား ၁၁ အိတ်ပိဿာအချိန် ရဝဝ ခန့် ပါတယ်။ နောက်တစ်ခုက
အမှတ် (၄) သိပ္ပံလမ်း အောင်ပင်လယ်အဝိုင်းအနီးက ဂိုဒေါင်ကို စစ်ဆေးတော့ တရားမဝင်
အေးခဲကြက်သား၊ ဘဲသား ပိဿာ၂,၄ဝဝ ခန့်ကို ထပ်မံ သိမ်းဆည်းဖမ်းဆီးရမိခဲ့တယ်။
အရင်အကြိမ်တွေ ဖမ်းဆီးရမိခဲ့တဲ့အချိန်တုန်းက စစ်ဆေးခဲ့တဲ့အခါ စားသုံးရန်မသင့်တဲ့အပြင်
ကြက်ငှက်တုပ်ကွေး ဖြစ်စေတဲ့ရောဂါပိုးတွေပါတာ တွေ့ရတယ်။ အခု ဖမ်းဆီးရမိတဲ့ အသားတွေ
ကိုလည်း ထပ်မံစစ်ဆေးအရေးယူသွားပါမယ်'' ဟု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ
ရဲတပ်ဖွဲ့ ရဲမှူးငြိမ်းချမ်းအောင်က ပြောသည်။

အမှုတွင် ပါဝင်သည့် မော်တော်ကားယာဉ်မောင်းများ၊ ဂိုဒေါင်တာဝန်ခံများကိုမန္တလေးမြို့တော်
စည်ပင်သာယာရေး ကော်မတီ ဥပဒေပုဒ်မ ၁ဝဝ ပါ တားမြစ်ချက် ပြည်သူလူထု စားသုံးရန်မသင့်သည့်
အစားအစာ ဖြန့်ဖြူးရောင်းချသည့်အတွက် ဒဏ်ငွေရိုက်အရေးယူခြင်းများကို လုပ်ဆောင်သွားမည်ဖြစ်ပြီး
ဆက်လက် ကျူးလွန်လာပါက လုပ်ငန်းများ ပိတ်သိမ်းသည်အထိ အရေးယူ ဆောင်ရွက်မည်ဖြစ်ကြောင်း
၄င်းက ဆိုသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး