ပုဂံရှိ ဘုရားအချို့၏ ပတ်ဝန်းကျင်တွင်ပြီးခဲ့သည့်လများက မော်တော်ယာဉ်များနှင့် မြင်းလှည်းများ
ဖြတ်သန်းခွင့်ပိတ်ပင်ထားရာမှ ဇူလိုင် ၂၄ ရက်မှစတင်ကာ မြင်းလှည်းများ ပြန်လည်ဖြတ်သန်းခွင့်
ပြုလိုက်ပြီဖြစ်ကြောင်းညောင်ဦးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးစိုးတင့်က ဇူလိုင် ၂၇ ရက်က
ပြောသည်။
၂ဝ၁၆ ခုနှစ်၊ သြဂုတ်လက မကွေးတိုင်း၊ ချောက်မြို့နယ်အနီးကို ဗဟိုပြုပြီး၆ ဒသမ ၈ အင်အားရှိ
ငလျင်တစ်ခုလှုပ်ခတ်ခဲ့ရာ ပုဂံရှိ ပျက်စီးမှုကြီးမားသည့် ဘုရားများအနီးတွင် မော်တော်ယာဉ်များနှင့်
မြင်းလှည်းများ ဖြတ်သန်းခွင့်ကို ၂ဝ၁၆ ခုနှစ်၊ စက်တင်ဘာလတွင်စတင် ပိတ်ပင်ခဲ့သည်။
ပြီးခဲ့သည့်လများက ဖြတ်သန်းခွင့် ပိတ်ပင်ခဲ့သည့် နေရာများမှာ သရပါတံခါး၊ သဗ္ဗညုဘုရား၊
ပုထိုးသားများဘုရား၊ နတ်လှောင်ကျောင်းနှင့် စူဠာမဏိ ပုထိုးတော်ကြီးအနီးတို့ ဖြစ်သည်။















