ကျင်းပရန် ရှိသည့်ပွဲတော်များကို ရောဂါထိန်းချုပ်နိုင်မှသာ ကျင်းပခွင့်ပြုမည်

ကျင်းပရန် ရှိသည့်ပွဲတော်များကို ရောဂါထိန်းချုပ်နိုင်မှသာ ကျင်းပခွင့်ပြုမည်

တောင်ပြံုးပွဲကို ကျင်းပရန် ရက်အကန့်အသတ်မရှိ ရွှေ့ဆိုင်းခဲ့ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း
ကျင်းပရန် ကျန်ရှိနေသေးသည့် ပွဲတော်များကို ရောဂါပိုးထိန်းချုပ်နိုင်မှသာ ကျင်းပခွင့်ပြုမည်ဖြစ်ကြောင်း
မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးတွင် ဇူလိုင် ၃ဝ ရက်က ပြုလုပ်ခဲ့သည့် H1N1 ကာကွယ်
ထိန်းချုပ်ရေးဆိုင်ရာ အရေးပေါ်အစည်းအဝေးက ဆုံးဖြတ်ထုတ်ပြန်ခဲ့သည်။

H1N1 တုပ်ကွေးရောဂါပိုးသည် အသက်ရှူလမ်းကြောင်းမှတစ်ဆင့် ကူးစက်ခြင်းနှင့် ကူးစက်ပျံ့ပွားမှု
လွယ်ကူခြင်းကြောင့် ပြည်သူလူထု လုံခြံုမှုအတွက် လွန်စွာအန္တရာယ်ကြီးမားကြောင်း ထုတ်ပြန်
ချက်တွင် ပါရှိသည်။ကြိုတင်ကာကွယ်ခြင်းဖြင့် ထိန်းချုပ်ခြင်းသာလျှင် အထိရောက်ဆုံးဖြစ်ကြောင်း၊
ရောဂါဖြစ်ပွားမှု များပြားလာသည်နှင့်အမျှ နိုင်ငံအတွင်း အလုပ်လုပ်နိုင်မှု စွမ်းအားကျဆင်းလာပြီး
စီးပွားရေးအရ ထိခိုက်လာနိုင်ကြောင်း တိုင်းဒေသကြီးဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က
ပြောသည်။

မန္တလေးတိုင်းဒေသကြီးတွင် H1N1 သံသယဖြစ်ဖွယ် လူနာတွေ့ရှိပါက ကြိုတင်ကာကွယ်စမ်းသပ်နိုင်ရန်
ကူးစက်ရောဂါကုသရေးဆေးရုံနှင့် ဆေးဝါးများအဆင့်သင့်ပြင်ဆင်ထားကြောင်း
ဒေါက်တာဇော်မြင့်မောင်က ပြောသည်။

''အခု အဆုတ်ရောဂါအတွက်ဆိုရင်အသက်ရှူစက်တွေ ဘာတွေကအစ အဆင်သင့် ပြင်ထားတယ်။
သံသယဖြစ်ဖွယ် လူနာတွေ့လာရင်လည်း ခွဲထားနိုင်ဖို့ ကမ်းနားလမ်းမှာ ဆေးရုံတွေ စီစဉ်ထားတယ်။
ဆေးဝါးတွေက အစပေါ့'' ဟုဒေါက်တာ ဇော်မြင့်မောင်က ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး