ငြိမ်းချမ်းရေးမရရှိသေးသည့် ဒေသများတွင် နေထိုင်သော ပြည်သူများ၏ဘဝကို အများပြည်သူသိရှိရန်
အတွက် သတင်းအချက်အလက် ထုတ်ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ငြိမ်းချမ်းရေးမရရှိသေးသည့် ဒေသများတွင် နေထိုင်သော ပြည်သူများ၏ဘဝကို အများပြည်သူသိရှိရန်
အတွက် သတင်းအချက်အလက် ထုတ်ပြန် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်၏
အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
စစ်ကိုင်းတိုင်းဒေသကြီး မိတ္ထီလာခရိုင် ဝမ်းတွင်းမြို့နယ် မြေတိုင်ကန်ကျေးရွာတွင် ယခုလ ရ ရက်
ပြုလုပ်ခဲ့သည့် ကျေးလက်ပြည်သူများ ငြိမ်းချမ်းရေးစကားဝိုင်းတွင် ဒေါ်အောင်ဆန်းစုကြည်က
ယခုလိုပြောကြားခဲ့ခြင်းဖြစ်ပြီး မငြိမ်းချမ်းသော ဒေသမှ ပြည်သူများ၏ ဘဝကို
ငြိမ်ချမ်းရေးရရှိထားသော မြို့ရွာများရှိ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန်ရည်ရွယ်လုပ်ဆောင်
သွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။
''ငြိမ်းချမ်းရေးမရှိတဲ့အခါမှာ ဘယ်လိုနေရတယ် ဘယ်လိုထိုင်ရတယ်ဆိုတာကျွန်မတို့ ပြည်သူပြည်သားတွေ
ကျယ်ကျယ်ပြန့်ပြန့်သိဖို့ လိုပါတယ်။ ဒါမှ တစ်တိုင်းပြည်လုံးက ပြည်သူတွေက တစ်မြေတည်းနေ တစ်ရေ
တည်းသောက်ပေမဲ့သူတို့ ဘယ်လိုနေရတယ်ဆိုတာကို နားလည်မှုကနေပြီးတော့ ကရုဏာဖြစ်စေချင်တယ်။
အဲဒါကြောင့် ကျွန်မတို့ ဒါကိုကြိုးစားပါမယ်။ ပြည်သူ ပြည်သားတွေကလည်း ဝိုင်းဝန်ကြိုးစားကြပါ'' ဟု
ဒေါ်အောင်ဆန််းစုကြည်က ပြောသည်။
နိုင်ငံတော် အစိုးရ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးဖြစ်စဉ်များကို ပြည်သူများအနေဖြင့် စိတ်ပါဝင်စား
စေချင်ပြီး အားလုံးပူးပေါင်းပါဝင်မှငြိမ်းချမ်းရေးရရှိမည်ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေးမရှိသရွေ့ တိုင်းပြည်
ဖွံ့ဖြိုးတိုးတက်မှု မရှိနိုင်ကြောင်း ၄င်းက ပြောသည်။
''ငြိမ်းချမ်းရေး မရှိသရွေ့ ကျွန်မတို့နိုင်ငံ အခြေနေကောင်းတယ်လို့ပြောလို့ မရနိုင်ပါဘူး။ ငြိမ်းချမ်းရေး
ဟာ အားလုံုးနဲ့ ဆိုင်တယ်လို့ ပြည်သူတွေ နှလုံးသွင်းစေချင်တယ်။ အားလုံးဝိုင်းလုပ်မှ ငြိမ်းချမ်းနိုင်မယ်။
အားလုံးပါဝင်နိုင်ဖို့လည်း ကျွန်မတို့ နည်းလမ်းအမျိုးမျိုးကို ရှာနေတယ်'' ဟု ဒေါ်အောင်ဆန်းစုကြည်က
ပြောသည်။
ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး သိပ်မသိသော်လည်း မိမိရွာလိုတခြားရွာတွေလည်း အေးချမ်းစေချင်ကြောင်း
မြေတိုင်ကန်ကျေးရွာသူဒေါ်ပိုးတီက ပြောသည်။
''ငြိမ်းချမ်းရေးနဲ့ပတ်သက်ပြီး သိပ်ပြီးတော့ မသိပါဘူး။ ဒါပေမဲ့ ကျွန်မတို့ရွာ အေးချမ်းသလို တခြားရွာတွေ
ကိုလည်း အေးချမ်းစေချင်တယ်။ အေးချမ်းမှလည်း အရောင်းအဝယ်ကို ကောင်းကောင်းလုပ်နိုင်မှာပါ'' ဟု
၄င်းက ပြောသည်။
















