မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲတွင် အထက်မြန်မာပြည်မှ အဖွဲ့ ၁၃ ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲတွင် အထက်မြန်မာပြည်မှ အဖွဲ့ ၁၃ ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်မည်

မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲတွင် မန္တလေးမြို့အပါအဝင် အထက်မြန်မာပြည်မှ အဖွဲ့၁၃ 
ဖွဲ့ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ကြောင်း ပွဲကျင်းပရေး တာဝန်ရှိသူများကယခုလ ၆ ရက်က
ပြောသည်။

မန္တလေးမြို့မှ ဝင်ရောက်ယှဉ်ပြိုင်မည့်အဖွဲ့များသည် သြဂုတ် ၂၈ ရက်မှစတင်ပြီး အမျိုးသား
ဇာတ်ရုံတွင် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်း၊ အဖွဲ့ ၁၃ ဖွဲ့ထဲမှဆန်ခါတင်သုံးဖွဲ့ရွေးချယ်ပြီး
ရန်ကုန်ဆန်ခါတင်အဖွဲ့နှင့် ယှဉ်ပြိုင်ရမည်ဖြစ်ကြောင်းပွဲကျင်းပရေးတာဝန်ရှိသူတစ်ဦး
ဖြစ်သည့် ဦးဇာဂနာက ပြောသည်။

''ပြိုင်ပွဲပြုလုပ်မှာတော့ သုံးရက်ပေါ့။ ဒိုင်တွေကလည်း မန္တလေးကဒိုင်တွေပဲ ဆုံးဖြတ်ပေး
မှာပါ။ မုံရွာ၊ ပြည်၊ ကျောက်ပတောင်းဘက်ကလည်း မန္တလေးမှာ လာပြိုင်မှာပါ။
အားလုံးပေါင်း ၁၃ ဖွဲ့ပြိုင်ပြီးမှ ဆန်ခါတင်သုံးဖွဲ့ကနေ ရန်ကုန်ဆန်ခါတင်အဖွဲ့သုံးဖွဲ့နဲ့
ပြိုင်ရမှာပါ'' ဟု ၄င်းက ပြောသည်။

ဒီမိုကရေစီနိုင်ငံအဖြစ် တည်ဆောက်နေသည့်အခါ ပြည်သူ၊ ပြည်သားများအနေဖြင့်
ဒီမိုကရေစီကို ကွဲကွဲပြားပြားသိစေရန်၊ မြန်မာ့ဒီမိုကရေစီအငြိမ့်ပြိုင်ပွဲ ကျင်းပပြုလုပ်ရခြင်း
ဖြစ်ကြောင်း ဦးဇာဂနာက ပြောသည်။

''အခြေခံလူတန်းစားတွေနဲ့ တိုက်ရိုက်ထိတွေ့ရတာ အငြိမ့်ပါ။ အငြိမ့်ကနေတစ်ဆင့်
ဒီမိုကရေစီနဲ့ အနှစ်သာရတွေ၊ စိတ်နေသဘောတွေကို ပြည်သူတွေသိအောင်ပြုလုပ်တာပါ။
အများကြီးမဟုတ်တောင် ဒီမိုကရေစီဟာ ကိုယ့်လုပ်မှကိုယ့်ရမှာဆိုတာသိရင်ရပါပြီ'' ဟု
၄င်းက ပြောသည်။

မြန်မာ့ဒီမိုကရေစီ အငြိမ့်ပြိုင်ပွဲကို ပြန်ကြားရေးဝန်ကြီးဌာန၏လမ်းညွှန်မှုဖြင့် Forever  
Group မှစီစဉ်ကျင်းပခြင်းဖြစ်ကြောင်း၊ မြန်မာ့အငြိမ့်သဘင်များ တိမ်ကောပျောက်ကွယ်
သွားခြင်းမရှိအောင် စီစဉ်ကျင်းပခြင်းဖြစ်ကြောင်း Forever  Group ကိုယ်စား
ဦးသိန်းထွန်းအောင်က ပြောသည်။

ဆုများကိုလည်း ပထမဆုကျပ်သိန်း ၅ဝ၊ ဒုတိယဆု ကျပ်သိန်း ၃ဝ၊ တတိယဆု ကျပ်သိန်း
၂ဝ ချီးမြှင့်မည်ဖြစ်ကြောင်းနှင့် ဝင်ရောက်ယှဉ်ပြိုင်သည့် အဖွဲ့များကိုလည်း စရိတ်အနေဖြင့်
တစ်ဖွဲ့ကို ကျပ်ငါးသိန်း ပေးသွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး