အာနန္ဒာဘုရား ပြင်ဆင်မှုလုပ်ငန်းများ၉ဝ ရာခိုင်နှုန်း ပြီးစီး

အာနန္ဒာဘုရား ပြင်ဆင်မှုလုပ်ငန်းများ၉ဝ ရာခိုင်နှုန်း ပြီးစီး

အိန္ဒိယနိုင်ငံမှ တာဝန်ယူကာ ပြင်ဆင်မှုလုပ်နေသည့် ပုဂံရှိ အာနန္ဒာဘုရား ပြင်ဆင်ရေး
လုပ်ငန်းများမှာ ယခုလ ၈ ရက်အထိ ၉ဝ ရာခိုင်နှုန်းကျော် ပြီးစီးနေပြီဖြစ်ကြောင်း 
ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန (ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး 
ဦးအောင်အောင်ကျော်က ပြောသည်။

''အခုဆိုရင် အာနန္ဒာဘုရားပြင်ဆင်ရေးလုပ်ငန်းတွေ လုပ်ကိုင်တာ အကုန်ပြီးစီးတော့မယ်။
အကြီးစားတွေ ပြင်ဆင်ဖို့တော့ မကျန်ရှိတော့ပါဘူး။ နောက်နှစ်ထဲလောက်ဆိုရင်တော့
ပြီးစီးတော့မယ်။ အခုဆိုရင် ၉ဝ ရာခိုင်နှုန်းကျော် ပြီးစီးပြီလို့ ပြောလို့ရပါတယ်''ဟု
ဦးအောင်အောင်ကျော်က ပြောသည်။

အိန္ဒိယနိုင်ငံမှ ပညာရှင်များက တာဝန်ယူ ပြင်ဆင်နေသည့် အာနန္ဒာဘုရား ပြင်ဆင်ရေး
လုပ်ငန်းများတွင် ဘုရား၏အပေါ်ထပ်ရေပိတ်လွှာပြုလုပ်ခြင်း လုပ်ငန်းများ၊ ပစ္စယံအပေါက်
ဖာထေးခြင်း လုပ်ငန်းများ၊ အတွင်းနံရံ လိုဏ်ပတ်လမ်းရှိ ထုံးသင်္ကန်းများဖုံးလွှမ်းနေသည့်
နံရံဆေးရေးပန်းချီများ ပြန်ဖော်ခြင်းလုပ်ငန်းများ၊ ဘုရားအပြင်ဘက်ပိုင်းနှင့် တံတိုင်းကို
ရေညှိချွတ်ခြင်းလုပ်ငန်းများနှင့် ဘုရားဝင်းအတွင်း၌ဥယျာဉ်ငယ်တစ်ခု ပြုလုပ်ခြင်း
လုပ်ငန်များမှာ ပြီးစီးနေပြီဖြစ်ကြောင်း လုပ်ငန်းမှတ်တမ်းများတွင် ဖော်ပြထားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး