မန္တလေးတိုင်းတွင် အစိုးရကို ဖြုတ်ချပေးရန်အတွက် သပိတ်မှောက်တောင်းဆိုခဲ့သည့်
သံဃာတော်များနှင့် လူပုဂ္ဂိုလ်များကို နိုင်ငံတော် အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့်
ချမ်းမြသာစည်မြို့နယ် တရားရုံးတွင် ယခုလ ၉ ရက်နေ့က စတင်ရုံးထုတ် စစ်ဆေးခဲ့သည်။
အမျိုးသားရေး တက်ကြွလှုပ်ရှားသူများက ချမ်းမြသာစည်မြို့နယ် သာသနာ ၂၅၀၀ ဗိမာန်တွင်
သြဂုတ်လ ၂ ရက်နေ့၌ သပိတ်စခန်းကို စတင်ဖွင့်လှစ်ခဲ့ပြီး တိုင်းဒေသကြီးရအဖွဲ့နှင့် တိုင်း
သံဃာနာယက အဖွဲ့အစည်းများက သပိတ်စခန်းကို ရုတ်သိမ်းပေးရန် တွေ့ဆုံ ညှိနှိုင်းခဲ့သော်
လည်း ဖယ်ရှားပေးခြင်းမရှိသောကြောင့် သြဂုတ်လ ၅ ရက်နေ့တွင် အစိုးရအဖွဲ့ ကသပိတ်စခန်းကို
ဖယ်ရှားရှင်းလင်းခဲ့ခြင်းဖြစ်ကာ သပိတ်တွင် ပါ၀င်ခဲ့သည့် လူပုဂ္ဂိုလ် ၅ ဦးနှင့် သံဃာ ၈ ပါးကို
တရားစွဲဆိုထားသည့် အမှုဖြစ်သည်။
"ခရိုင်သာသနာရေးမှူးက တရားလိုလုပ်ပြီးတော့ ဆန္ဒပြတဲ့ နေရာမှာ ပါ၀င်ခဲ့တဲ့ သံဃာ ၈ ပါးကို
ဦးတိုက်တရားစွဲဆိုတဲ့ အမှုပေါ့။ တရားခံ ၈ ဦးမှာ ၆ ဦးဖမ်းမိထားတဲ့ အတွက်ကျန် ၂ ဦးကို
ဖမ်းဝရမ်းအတည်ဖြစ်ဖို့အတွက် ရက်ချိန်းကို တိုးတောင်းတဲ့ အတွက် ရုံးချိန်းကို ၂၃ ရက်နေ့ကို
ရွေ့လိုက်ပါတယ်။ လူပုဂ္ဂိုလ် ၅ ဦးမှာလည်း ၁ ဦးပဲ ဖမ်းမိသေးတဲ့ အတွက် ရုံးချိန်းကို ၂၃ နေ့ရက်နေ့
ရွေ့လိုက်ပါတယ်"ဟု ချမ်းမြသာစည်မြို့နယ် တရားရုံး သတင်းနှင့် ပြန်ကြားရေးတာဝန်ခံ
ဦးဇင်းလင်းသန့် က ယခုလ ၉ ရက်နေ့တွင် ပြောသည်။
သပိတ်စခန်းကို ဖယ်ရှားရှင်းလင်းရာတွင် သံဃာ ၁၁ ပါးနှင့် အမျိုးသမီး ၂ ဦးကိုဖမ်းဆီးထိန်း
သိမ်းခဲ့ပြီး ဖမ်းဝရမ်းထုတ်ထားခြင်းမရှိသည့် သံဃာ ၅ ပါးနှင့် အမျိုးသမီး ၂ ဦးကို ပြန်လည်
လွှတ်ပေးခဲ့ကြောင်းတိုင်းအစိုးရက သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး ပြောကြားထားသည်။
ဖမ်းဆီးရန် ကျန်ရှိသူများ အနက်တစ်ဦးဖြစ်သော ကိုကျော်မျိုးရွှေကို မဟာအောင်မြေတရားရုံးတွင်
ဖမ်းဆီးရမိခဲ့သည်။ ကိုကျော်မျိုးရွှေသည် မြန်မာနောင်း သတင်းဌာနမှ အယ်ဒီတာချူပ်
ကိုဆွေဝင်းအား ဦးဝိရသူကို ၄င်း၏ အင်တာနက် စာမျက်နှာတွင် ဂုဏ်သိက္ခကျဆင်းစေအောင်
ရေးသားသည်ဟုဆိုကာ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့်တရားစွဲဆိုထားသူဖြစ်သည်။
ဖမ်းဆီးရမိထားသော သံဃာတော်မျာနှင့် ကိုကျော်မျိုးရွှေ ရုံးထုတ်တွင် လာရောက်ကြသူများက
ဓာတ်ပုံရိုုက်ကူးခြင်းများ ဗီဒီယို ရိုက်ကူးခြင်းများကြောင့် အနည်းငယ်လူစု လူဝေးဖြစ်ပေါ်ခဲ့သည်။
"လုပ်ငန်းခွင်မှာတော့ အနှောက်အယှက် ဖြစ်တာပေါ့။ ထိန်းထိန်းသိမ်းသိမ်းနဲ့ ပြည်သူတွေဆိုရင်
လက်ခံပါတယ်။တချို့ကျတော့ လူစုလူဝေး နဲ့ဆိုတော့ ပြသာနာဖြစ်လာရင် တရားစီရင်ရေးကို
ထိခိုက်နိုင်ပါတယ်။ တရားရုံးကို ဦးတိုက်လျှောက်လာတဲ့ အတွက် ဥပဒေနဲ့ကအညီအရေးယူထား
တာပါ။ အာမခံပေးလို့ မရတဲ့အမှုဖြစ်လို့ ချူပ်ဖို့ခွင့်ပေးထားတာပါ"ဟုမြို့နယ်တရားသူကြီး
ဒေါ်မြတ်မြတ်လွင်ကပြောသည်။
ယင်းသပိတ်မှောက်ခြင်းသည် မရေရာသည့် အချက်အလက်များဖြင့် အစိုးရအား ဖြုတ်ချပေးရန်
တောင်းဆိုနေခြင်းသာဖြစ်ပြီး တိုင်းပြည်ရဲ့ တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်ရေးချမ်းရေးကို
နှောက်ယှက် ဖျက်ဆီးသည် ဟုယူဆသောကြောင့် ဖယ်ရှားရှင်းလင်းခြင်းဖြစ်ကြောင်း တိုင်း
၀န်ကြီးချူပ် ဒေါက်တာ ဇော်မြင့်မောင်က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားထားသည်။
"နိုင်ငံသားတစ်ယောက်အနေနဲ့ လုပ်သင့်လုပ်ထိုက်တာကို လုပ်မယ်။ တရားရုံးကလည်း သူရဲ့
ဥပဒေနဲ့အညီ သူလည်းလုပ်မှာ ဖြစ်တယ်။ ကျွန်တော်တို့လုပ်တာ ကျွန်တော်တို့ကြိုးစားတာပါ။
အာမခံလျှောက်ထားပါမယ်"ဟု သံဃာတော်များဖက်မှာရှေ့နေလိုက်ပေးသည့် အထက်တန်းရှေ့နေ
ဦးအောင်ရဲစိုးကပြောသည်။
ရာဇသတ်ကြီးပုဒ်မ ၅၀၅(ခ) သည် နိုင်ငံတော် အစိုးရကို ဖြစ်စေ၊ နိုင်ငံတော် ငြိမ်ဝပ်ရေးကို
ဖြစ်စေထိခိုက်သည့် ပြစ်မှုကို တစ်ဦးတစ်ယောက်က ကျူးလွန်ချင်အောင် အများပြည်သူ သော်
လည်းကောင်း အများပြည်သူ၏ သီးခြားအဖွဲ့အစညး်ကိုလည်းကောင်း ကြောက်ခြင်း၊
ထိတ်လန့်ခြင်းတစ်ခုု ဖြစ်စေရန် အကြံရှိလျှင် သို့မဟုတ် ထိုသိုဖြစ်စေတန်ရာသည် ့
အကြောင်းရှိလျှင် အရေးယူနိုင်ပြီး ထောင်ဒဏ် ၂ နှစ် ဖြစ်စေ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်
စလုံးကို ဖြစ်စေ ချမှတ်နိုင်သည်။















