ငါးမိနစ် စကားစမြည်

ငါးမိနစ် စကားစမြည်

မလေးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပပြုလုပ်နေတဲ့ (၂၉) ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ(ဆီးဂိမ်း) ကို သြဂုတ် ၁၄ ရက်က ဘောလုံးပြိုင်ပွဲတွေနဲ့ အတူ စတင်ဖွင့်လှစ်လိုက်ပြီး ဖြစ်ပါတယ်။ ဆီးဂိမ်းအပေါ် မြန်မာနိုင်ငံက ပြည်သူတွေရဲ့ စိတ်ဝင်စားမှု အခြေအနေနဲ့ မြန်မာအသင်းတွေ အောင်မြင်မှုရရှိဖို့ မျှော်လင့်ထားတဲ့ အခြေအနေတွေကို အားကစားဝါသနာရှင် ကိုနေလင်းက ငါးမိနစ်ကဏ္ဍအတွက် ဖြေကြားပေးထားပါတယ်။

ဆီးဂိမ်းဆိုတာက အရှေ့တောင်အာရှမှာ အမြင့်ဆုံးပြိုင်ပွဲဆိုရင်လည်း ဟုတ်တယ်။ အဲဒီတော့ ကိုယ်နိုင်ငံရဲ့ ကစားသမားတွေ ဝင်ရောက်ယှဉ်ပြိုင်နေမှုတွေကို စိတ်ဝင်စားပါတယ်။ ကျွန်တော်အကြိုက်ဆုံးက ဘောလုံးပါ။ ဒီနှစ်အတွက်အမြင့်ဆုံး ရွှေတံဆိပ်အထိ မျှော်လင့်ထားတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကစားသမားတွေက ယူ ၂ဝ ကမ္ဘာ့ဖလားပြိုင်ပွဲဝင်ခဲ့တဲ့ ကစားသမားအများစုနဲ့ ဖွဲ့စည်းထားတဲ့အတွက် လူစာရင်းက အတောင့်တင်းဆုံးကို ပိုင်ဆိုင်ထားတယ်။

ဒီပြိုင်ပွဲမဝင်ခင် ကြိုတင် ခြေစမ်းပွဲတွေကလည်း အားရစရာကောင်းလောက်အောင် ကစားထားတယ်ဆိုတော့ အတွေ့အကြုံပိုင်းက အတော်ကောင်းတယ်။ စင်ကာပူနဲ့ ပထမဆုံးကစားပုံကြည့်ရင် ပထမပိုင်း ကစားပေါက်နဲ့ဆိုရင် ဗိုလ်လုပွဲအထိ ရောက်နိုင်တယ်။ အမျိုးသမီးဘောလုံးလည်း ရွှေရနိုင်တယ်။ ကစားသမားတွေက အရင်နှစ်တွေထက် ပိုကောင်းလာသလို နည်းပြတွေကလည်း တကယ် နိုင်ငံခြားသားနည်းပြတွေနဲ့ဆိုတော့ အားရဖို့ကောင်းပါတယ်။

အကုန်လုံးကိုတော့ အောင်မြင်စေချင်တာပေါ့။ ဒါပေမဲ့ ပြိုင်ဘက်အသင်းတွေကလည်း သေချာပြင်ဆင်ထားမှာပဲ။ ပိုက်ကျော်ခြင်း၊ မြားပစ်၊ စနူကာ၊ ဒီကစားနည်းတွေက ရွှေရနိုင်တယ်။ ကျွန်တော်ကတော့ ဆီးဂိမ်းစပြီ ဆိုကတည်းကကိုယ်ကြိုက်တဲ့ ကစားနည်းတွေဆို အမြဲအားပေးဖြစ်ပါတယ်။ 

အားလုံးကလည်း စိတ်ဝင်စားတယ်လို့တော့ထင်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ရန်ကုန်တို့၊ မန္တလေးတို့ဆိုရင်လည်းနေရာသတ်မှတ်ပြီး လူများများ ကြည့်လို့ရအောင်လုပ်ထားတဲ့နေရာတွေ ရှိနေတော့ လူတွေ စိတ်ဝင်စားမှုရှိတယ်ထင်ပါတယ်။ အခု ရာသီတုပ်ကွေးရောဂါကလည်းရှိနေတော့ ဒါလေးတော့ ဂရုစိုက်စေချင်တယ်။ ဘောလုံးဆို ဒီကလူတွေက အားကျိုးမာန်တက် အားပေးတတ်ကြပါတယ်။ ကျော်ကိုကို



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး