လက်ပံတောင်းတောင်အရေး ပြည်ထောင်စုဝန်ကြီးများ တောင်းပန်

လက်ပံတောင်းတောင်အရေး ပြည်ထောင်စုဝန်ကြီးများ တောင်းပန်

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း အနီးရှိ သပိတ်စခန်းများကို အင်အား သုံးဖြိုခွင်းခဲ့ရာ၌
သံဃာတော်အများ အပြား ထိခိုက်ဒဏ်ရာရခဲ့မှုအပေါ် သမ္မတနှင့်အစိုးရအဖွဲ့က တောင်းပန်ရန်
မြို့ကြီးအချို့ရှိ သံဃာတော်များက ဆန္ဒ ဖော်ထုတ်ပွဲများ ဆက်တိုက်ကျင်းပခဲ့ ပြီးနောက်
ပြည်ထောင်စုဝန်ကြီးများက ယခုလ ၁၅ ရက်နေ့တွင် သံဃာတော် များကို ၀န်ချ
တောင်းပန်ခဲ့သည်။

နိုဝင်ဘာလ ၂၉ ရက်နေ့ နံနက် ၃ နာရီက မုံရွာခရိုင်ဆားလင်းကြီးမြို့နယ်အတွင်း
လက်ပံတောင်းတောင်အရေး ဆန္ဒဖော်ထုတ်သူများ ရှိနေသော သပိတ်စခန်းများကို ဖြိုခွင်းခဲ့မှု
ကြောင့် သံဃာတော်အပါး ၁၀၀ ခန့်နှင့် လူအချို့ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရခဲ့သည်။

ယင်းကိစ္စကြောင့်ဒီဇင်ဘာလ ပထမ ပတ်မှစ၍ ဒီဇင်ဘာ ၁၂ ရက်နေ့အထိ မြို့ကြီးအချို့တွင်
သံဃာတော်များက  ဆန္ဒဖော်ထုတ်ပွဲများ စဉ်ဆက်မပြတ် ကျင်းပကာ 'နိုင်ငံတော်သမ္မတနှင့်
အစိုးရအဖွဲ့က ထိခိုက်ဒဏ်ရာရ သံဃာတော် များကို အမြန်ဆုံးလာရောက် ၀န်ချ တောင်းပန်
ရန်' အပါအဝင် အချက်အလက်များကို တောင်းဆိုခဲ့ကြသည်။

သို့ဖြင့် ပြည်ထောင်စုအစိုးရအဖွဲ့ ကိုယ်စား၊ သမ္မတရုံးဝန်ကြီးဌာနကိုယ်စား ပြည်ထောင်စုဝန်
ကြီးဦးလှထွန်းနှင့်  ဒေါက်တာဖေသက်ခင်တို့ ဦးဆောင် သောအဖွဲ့က မန္တလေး၊ မုံရွာတို့မှ
ဆရာတော်ကြီးများနှင့် လက်ပံတောင်းတောင် အရေးတွင် ထိခိုက်ဒဏ်ရာရခဲ့သူ သံဃာ
တော်များအား မန္တလေးမြို့ရှိ မဟာအတုလဝေယန်(အတုမရှိ) ကျောင်းတော်ကြီးတွင်
တောင်းပန်ပွဲ ကျင်းပခဲ့သည်။

"ဒီမှာ ဆရာတော်တွေဩဝါဒပေးတဲ့ အခါ လိုလားချက်တွေထည့်ပြောသွား မှာပါ။ ဦးဇင်းတို့
တောင်းဆိုချက် ငါးချက်ရှိပါတယ်။ အဲဒီထဲက သုံးချက်ကို ၁၂ ရက် နေ့နောက်ဆုံးထားပြီး
လုပ်ပေးရမယ်လို့ တောင်းဆိုခဲ့တယ်။ အဲဒီထဲက အခု(သူတို့ဘက်က) ပထမဆုံးအချက်ကို
လိုက်လျောပေးလာတာ။ ဒုတိယအချက် အရေးယူပေးဖို့ဆိုတာ စုံစမ်းစစ်ဆေးရေးကော်မရှင်က
ဒီလူဒီလူ အပြစ်ရှိတယ်လို့ဖော်ထုတ်လို့ရရင် အဲဒီလူကို ထိထိ ရောက်ရောက် အရေးယူပေး
ဖို့ပါ။

"နံပါတ်သုံးက (လက်ပံတောင်း တောင်အရေးမှာ) အဖမ်းခံရသူတွေကို ပြန်လွှတ်ပေးဖို့၊ အခု
ပြန်လွှတ်ပေးတာ တွေရှိပေမယ့် အာမခံတွေနဲ့ဖြစ်နေတယ်။ အာမခံနဲ့ဆိုတာ တကယ်လွှတ်
တာ မဟုတ်ဘူး၊ တကယ်ထောင်ချလို့တော့ မဖြစ်ဘူး။ ဦးဇင်းတို့ လုပ်ပေးရမှာကို ဦးဇင်းတို
့စောင့်ကြည့်မှာပါ"ဟု အမရ ပူရမြို့ မဟာဂန္ဓာရုံကျောင်းတိုက်မှ ဆရာတော်ဦးဥတ္တမက
တောင်းပန်ပွဲ မစတင်မီ မိန့်ကြားသည်။

ဆန္ဒဖော်ထုတ်ပွဲများတွင် ထိန်းသိမ်း ခံထားရသူများ ပြန်လွှတ်အောင် ဆောင်ရွက်မည်ဖြစ်
ကြောင်း၊ ၎င်းတို့ကိုဖမ်းသည်မှာ သံဃာများကို ဖမ်းသည်နှင့်အတူတူပင်ဖြစ်ကြောင်း၊ ၎င်းတို့
မှာ သံဃာများ ကို ၀န်းရံပေးခြင်း ဖြစ်ကြောင်း၊ တောင်းပန်ခြင်းကို လက်ခံခြင်းတွင် နိုင်ငံ၏
အပြောင်းအလဲကိုမထိခိုက်စေချင်သည်လည်းပါကြောင်း မိန့်ကြားသည်။

"တောင်းပန်တဲ့အတွက် လောလော ဆယ် ဆန္ဒထုတ်ဖော်မှုတွေ ခဏနားသွားမှာပေါ့။ ကျန်
တာတော့ ကော်မရှင်ရဲ့အဆုံးအဖြတ်ကို စောင့်သွားမယ်"ဟု ဆရာတော်က မိန့်ကြားသည်။

သမ္မတရုံးဝန်ကြီး ဦးလှထွန်းက လက် ပံတောင်းတောင် ကြေးနီစီမံကိန်းကိစ္စ ကို ဖြစ်သင့်
ဖြစ်ထိုက်သည့် အတိုင်း ဆောင်ရွက်နိုင်ရေး ဒေါ်အောင်ဆန်းစု ကြည်ဦးဆောင်သည့် စုံစမ်း
စစ်ဆေးရေး ကော်မရှင်က ဖွဲ့စည်းစုံစမ်းနေကြောင်း၊ မမျှော်လင့်ဘဲ ထိခိုက်နာကျင်မှုများဖြစ်
ခဲ့ရပြီး နှစ်ဦးနှစ်ဖက် အကြေအလည်ညှိနှိုင်းအဖြေရှာပြီး ဆောင်ရွက်ပါက ပိုအကျိုးရှိမည်
ယူဆကြောင်း သံဃာတော်များကို လျှောက်ထားခဲ့သည်။

အဆိုပါတောင်းပန်ပွဲ၌ လက်ပံတောင်း တောင်အရေးတွင် အပြင်းအထန် ဒဏ်ရာရခဲ့ပြီး
မန္တလေးဆေးရုံကြီး၌ တက်ရောက်နေရသော ရှင်သဇ္ဇန၏ ပြောကြားချက်ကို သံဃာတော်
များက ဖတ်ပြခဲ့ရာ မန္တလေးဆေးရုံအုပ်ကြီးက ဒဏ်ရာပြင်းထန်သည့် ၎င်းတို့သံဃာတော်
လးပါးကို မည်သည့်အတွက် နိုင်ငံခြားသွားပြီး ဆေးကုခွင့်မပေးသည်ကို မေးခွန်းထုတ်ထားပြီး
၎င်းတို့မှာ မသက်သာသေးကြောင်း၊ နိုင်ငံခြား သို့မဟုတ် ရန်ကုန်သို့ သွားရောက်ဆေး
ကုသခွင့် ရချင်ကြောင်း ပါ၀င်ခဲ့သည်။

အဆိုပါသံဃာလေးပါးကို ရန်ကုန်သို့ သွားရောက်ကုသခွင့်အတွက် တာဝန်ယူ ပြီး လိုအပ်သလို
ဆက်လက်လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း ဦးလှထွန်းက လျှောက်ထားခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး