နိုင်ငံခြားသားစိတ်ဝင်စားမှုများပြားလာခြင်းနှင့်အတူ မြန်မာ့အနုပညာကဇာတ်ရုံများ တိုးချဲ့ရန်လိုအပ်နေသေး (2)

နိုင်ငံခြားသားစိတ်ဝင်စားမှုများပြားလာခြင်းနှင့်အတူ မြန်မာ့အနုပညာကဇာတ်ရုံများ တိုးချဲ့ရန်လိုအပ်နေသေး (2)

မြန်မာ့ရိုးရာ ယဉ်ကျေးမှုအနုပညာများကို နိုင်ငံခြားသားများ စိတ်ဝင်စားမှု ပိုမိုများပြားလာသော်
လည်း အနုပညာကဇာတ်ရုံများမှာ နည်းပါးနေပြီး ထပ်မံတိုးချဲ့ရန်လိုအပ်သေးကြောင်း ဧည့်လမ်း
ညွှန်များနှင့် ရုပ်သေးပညာရှင်များက မြန်မာတိုင်း(မ်)ကို ပြောသည်။

"မြန်မာနိုင်ငံမှာ ဒီလိုရိုးးရာယဉ်ကျေးမှု အနုပညာတွေကို ဖျော်ဖြေတဲ့ ဇာတ်ရုံသီးသန့်က သိပ်ပြီး
မရှိပါဘူး။ ဟိုတယ်တွေနဲ့ စားသောက်ဆိုင်တွေမှာ ခပ်ကျဉ်းကျဉ်းဖျော်ဖြေတာလောက်ပဲ ရှိတာ၊
မြန်မာ့အနုပညာကို သီးသန့်ခံစားချင်တဲ့ နိုင်ငံခြားသား ဧည့်သည် တွေအတွက်ကကြည့်စရာမရှိ
တဲ့ အတွက်ကဇာတ်ရုံတွေများများရှိသင့်တယ်"ဟု ပြင်သစ်ဧည့်လမ်းညွှန်တစ်ဦးဖြစ်သူ
ကိုကျော်မင်းထိုက်က ပြောသည်။

မြန်မာမှုအနုပညာရပ်များ အများ အပြား တွေ့ရှိနိုင်သော မန္တလေးမြို့၌ဒေါ်မမနိုင်၏ ရုပ်သေး
ကဇာတ်ရုံနှင့် မင်းသားကဇာတ်ရုံဟူ၍ နှစ်ရုံသာရှိနေ ပြီး ခေတ်အဆက်ဆက်၏ ရိုးရာအက
များကို ကပြသောဇာတ်ရုံများမှာ ယခု ထက် ပိုမိုများပြားသင့်ကြောင်း ၎င်း အမြင်ကိုပြောသည်။

မန္တလေးမြို့အပြင် နိုင်ငံခြားသားခရီးသွားများ အများ အပြား လာရောက်လည်ပတ်တတ်သော
ရန်ကုန်၊ ပုဂံတို့တွင်လည်း နည်းပါးနေ သေးကြောင်း ၎င်းက ပြောသည်။"ရုပ်သေးကပြတဲ့
ဇာတ်ရုံဆိုရင်လည်း  သူရဲ့ရှိသင့်တဲ့ ခမ်းနားမှုနဲ့ဆို ဧည့်သည် တွေကြားမှာ နာမည်ရမှာပါ။
ဟိုတယ် တွေနဲ့ စားသောက်ဆိုင်တွေမှာက  နေရာအခက်အခဲကြောင့်လည်း ပါမှာပေါ့၊
ဇာတ်စင်က အဖြစ်လောက်ပဲ ဆောက်ထားတာမျိုး ဖြစ်နေတယ်"ဟု ကိုကျော်မင်းထိုက်က
ပြောသည်။

"ဒီနေ့ထိတော့ ကဇာတ်ရုံတွေ များများပေါ်မလာသေးဘူး။ နိုင်ငံကလည်း ပွင့်လင်းလာတဲ့အချိန်
နိုင်ငံခြားသား ဧည့်သည်ဝင်ရောက်မှုကလည်း များနေပြီဆိုတော့ နောက်ဆိုရင် ပေါ်လာနိုင်ပါ
တယ်။ အခက်အခဲတွေကလည်း ရှိနေသေးတယ်လေ၊ ကဇာတ်ရုံတစ်ခု ဖွင့်ဖို့က နေရာအခက်
အခဲ၊ ငွေကြေး အရင်းအနှီးနဲ့ တကယ့်ကို အနုပညာ ၀ါသနာပါတဲ့သူ ပညာရှင်တွေလည်း
လိုသေးတယ်"ဟု ရုပ်သေးပညာရှင် ဒေါ်မမနိုင်က ပြောသည်။

ကဇာတ်ရုံတစ်ခု တည်ထောင်ရန် နေရာရွေးချယ်မှုမှာ အရေးကြီးသော ကဏ္ဍတစ်ခုအဖြစ်
ပါ၀င်ပြီး ယခုအခါ ရိုးရာရုပ်သေးနှင့် အခြားရိုးရာ ယဉ်ကျေး မှု အကများကို ကပြနိုင်သော
ပညာရှင် များမှာလည်း ရှားပါလာကြောင်း၊ ၎င်း ရောက်ဖြစ်ခဲ့သော အခြားနိုင်ငံ ၂၀ ကျော်
တွင် သက်ဆိုင်ရာနိုင်ငံများ၏ အနုပညာများအပြင် အခြားနိုင်ငံများမှ အနုပညာများကိုလည်း
စိတ်ဝင်စားကြလေ့ရှိကာဇာတ်ရုံအများအပြားတွင် သွားရောက်ကြည့်ရှုလေ့ ရှိသော ဓလေ့
လည်းထွန်းကားသည်ကိုတွေ့ရကြောင်းပြောသည်။

"ငွေကြေး အရင်းအနှီးကလည်း အရမ်းအရေးကြီးတယ်၊ အနုပညာကို သိပ်ကိုတန်ဖိုးထားပြီး
၀ါသနာလည်း ပါတဲ့သူမှ ဒီလုပ်ငန်းမှာ ရင်းနှီးမြှုပ်နှံ မှာလေ။ ဒီအလုပ်က ငွေအရင်းအနှီး
ကလည်း များတယ်၊ အမြတ်ကလည်း အများကြီးရတာမဟုတ်ဘူး။ ဒါပေမယ့် ဒီလိုသာ
ဧည့်သည်တွေအများကြီးဝင် လာနေမယ်ဆိုရင်တော့ နောက်ဖွင့်မယ့်ကဇာတ်ရုံတွေအတွက်
အဆင် ပြေနိုင်ပါတယ်"ဟု ၎င်းက ပြောသည်။

လက်ရှိတွင် နိုင်ငံခြားဧည့်သည်ဝင် ရောက်မှုမှာ အထူးများပြားလာကာ၊ နိုင်ငံပေါင်းစုံက
ရုပ်သေးပညာကို စိတ် ၀င်စားပြီး လာရောက်လေ့လာသင်ယူ သူများပင် ရှိကြောင်း သိရသည်။

"ဧည့်သည်တွေကတော့ နိုဝင်ဘာ လမှာဆိုရင်အပြည့်ပဲ၊ ဆရာမတို့က များသောအားဖြင့်
နေ့ခင်းတွေဆိုရင် မကတာများတယ်။  ဧည့်သည်က တောင်းဆိုလာရင်တော့ ကပြပေးတာပေါ့။
နေ့ခင်းဘက်ဆိုရင် ဆိုင်းဆရာတွေကသိပ်မအားကြဘူးလေ၊ ညမှာပဲ လာနိုင်ကြတာ။ ဒါပေမယ့်
နိုဝင်ဘာလတုန်းကဧည့်အရမ်းများလို့ တစ်နေ့ကိုသုံးခါလောက် ကလိုက်ရတယ်"ဟု ၎င်းက
ဆိုသည်။

မြန်မာဧည့်လမ်းညွှန်အသင်း မန္တလေးဇုန်မှ ကိုဝင်းဇော်ဦးကမူ "တချို့ဧည့်သည်တွေက ရိုးရာ
အကကို ဟိုတယ်တွေ၊ စားသောက်ဆိုင်တွေမှာလည်း ကြည့်နေရတာဆိုတော့ ကဇာတ်ရုံကို
သိပ်မသွားကြဘူး၊ နောက်ပြီး တစ်နာရီကို ကျပ် ၈,၀၀၀၊ ၁၀,၀၀၀ ဆိုတော့ ဈေးများတယ်
လည်းထင်ကြတယ်"ဟု ၎င်းအမြင်ကို ပြောသည်။

လက်ရှိတွင် မန္တလေးမြို့၌ နိုင်ငံခြား သားဧည့်သည်များသည် မြို့တွင်း ကဇာတ်ရုံများဖြစ်သော
ဒေါ်မမနိုင် ရုပ်သေးကဇာတ်ရုံ၊ 'မင်းသား'ကဇာတ် ရုံနှင့် ၃၉ လမ်းရှိ လူရွှင်တော် နှုတ်ခမ်းမွေး
ပါပါလေး၏ ကပြမှုများကိုနှစ်သက် စွာ ကြည့်ရှုကြကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး