မင်းကိုနိုင်၊ ဇာဂနာနှင့် အခြားစာရေး ဆရာများ ပါ၀င်သော စာပေဟောပြောပွဲ ကျင်းပမည်
မင်းကိုနိုင်၊ ဇာဂနာနှင့် အခြားနာမည် ကြီးစာရေးဆရာများ ပါ၀င်ဟောပြောမည့် စာပေဟောပြော
ပွဲကို လာမည့် ဒီဇင်ဘာလ ၂၇ ရက်နှင့် ၂၈ ရက်နေ့တို့ တွင် မန္တလေးမြို့၌ ကျင်းပသွားမည်ဖြစ်
ကြောင်း သိရသည်။
မန္တလေးမြို့ အရာတော်ရပ်ကွက်အ တွင်း၊ သံလျက်မော်အနောက်ဘက် လမ်းမကြီးပေါ်၊ ၄၁
လမ်းတောင်ဘက် တွင် ကျင်းပသွားမည်ဖြစ်ပြီး ဒီဇင်ဘာ ၂၇ ရက်တွင် မင်းကိုနိုင်၊ ဇော်ခိုင်ဦး၊
ယဉ်ယဉ်နု(မန္တလေး)နှင့် ဒီဇင်ဘာ ၂၈ ရက်တွင် ချစ်ဦးညို၊ ဇာဂနာ၊ ဦးဘုန်း (ဓာတု)နှင့်
ညီမင်းညို စသော စာရေး ဆရာများက ဟောပြောသွားမည်ဖြစ် သည်။
ဟောပြောပွဲကို အရာတော်ရပ်ကွက် ဗုဒ္ဓပူဇနိယပွဲတော်အကြိုအထိမ်းအမှတ် အဖြစ် စာပေ
၀ါသနာရှင်များက စုစည်း ကျင်းပခြင်းဖြစ်ကာ ညစဉ် ရ နာရီတွင် စတင်သွားမည်ဖြစ်ကြောင်း
သိရသည်။















