ဆင်းတုတော်ခေါင်းဖြတ်ခိုးယူသူကို စုံစမ်းဆဲ၊ ကျောင်းထိုင်ကို တံတားဦးမြို့သို့ ရွှေ့ပြောင်းစေခဲ့

ဆင်းတုတော်ခေါင်းဖြတ်ခိုးယူသူကို စုံစမ်းဆဲ၊ ကျောင်းထိုင်ကို တံတားဦးမြို့သို့ ရွှေ့ပြောင်းစေခဲ့

အင်းဝ ရှေးဟောင်းယဉ်ကျေးမှု နယ်မြေရှိ ညောင်ရမ်းမင်း တည်ထားခဲ့သောဘုရား ၀င်းအတွင်း
မှ ဆင်းတုတော်သုံးဆူကို ယခုလ ၁၁ ရက်ညက ခေါင်းဖြတ်ခိုးယူ ခံခဲ့ရမှုဖြစ်ပွားပြီးနောက်
တရားခံကို မမိသေးကြောင်းနှင့် အဆိုပါဘုရားဝင်းနှင့် ကပ်လျက် ဘုန်းကြီးကျောင်းမှ ကျောင်း
ထိုင်ဆရာတော်ကို တာဝန်ရှိသူများကတံတားဦးမြို့သို့ ပင့်ဆောင် ပြောင်းရွှေ့ထားကြောင်း
သိရသည်။

ဟံသာဝတီ ကျေးရွာအုပ်စု စန္ဒာမုနိ ဘုရားအတွင်းရှိ ဘုရားသုံးဆူမှာ ခေါင်း ဖြတ်ခိုးယူခံခဲ့ရပြီး
နောက် သုံးဆူအနက် တစ်ဆူ၏ ဦးခေါင်းတော်မှာ အဆိုပါ ဘုရားနှင့်ကပ်လျက်ရှိ
တောင်တွင်းကြီး ကျောင်းတိုက်အတွင်း ကျကျန်နေသည် ကို ရွာသူရွာသားများက တွေ့ရှိခဲ့ရာ
ဒီဇင်ဘာလ ၁၂ ရက်နေ့တွင် ရွာသူရွာ သားများမှ အဆိုပါကျောင်းတိုက်ရှေ့ တွင် စုပေါင်းဆန္ဒ
ဖော်ထုတ်ကာ ကျောင်ထိုင်ဘုန်းကြီးကို လူဝတ်လဲစေကာ စစ်ဆေးပေးရေး တောင်းဆိုခဲ့
ကြသည်။

သို့ဖြင့် တာဝန်ရှိသူများက အဆိုပါ ကျောင်းတိုက်အတွင်း ၀င်ရောက်စစ် ဆေးပြီးနောက်
ကျောင်းထိုင် တောင်တွင်းကြီးဆရာတော်အား တံတားဦးမြို့ သို့ ပင့်ဆောင်ခဲ့ကြောင်း၊ တရားခံ
ကို မမိသေးဘဲ စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း တံတားဦးရဲစခန်းမှ ရဲအုပ်သန်းလွင်က ယခုလ
၁၈ ရက်နေ့က ပြောသည်။ အမှုကို (ပ)၁၆၅/၂၀၁၂ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၈၀/၂၉၅ ဖြင့်
အမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

"ဒီကျောင်းထိုင်ဘုန်းကြီးကို ကျွန် တော်တို့ရွာနီးဝန်းကျင်က ၀ိုင်းကျဉ်ထားခဲ့ကြတာ နှစ်ပေါင်း
ကြာခဲ့ပါပြီ။ သူ့ရဲ့ နောက်ကြောင်း ရာဇဝင်တွေကြောင့်ပါ။ သူကလည်း သူ့ကျောင်းဝင်းထဲဝင်
သမျှ ခွေးကအစ အရှင်မထားပါဘူး။ ဘယ်ရွာသူရွာသားကိုမှ အဝင်မခံသလို ကျွန်တော်တို့
ကလည်း သာရေးနာရေး မှန်သမျှ သူနဲ့မပတ်သက်ဘူး။ ဟံသာဝတီတိုက်နယ်တစ်ခုလုံးက
သူ့ကိုဆွမ်း မလောင်းကြဘူး၊ တံတားဦးမြို့ပေါ်ကိုပဲ ကားနဲ့ဆွမ်းခံထွက်ရတယ်။ မြို့ပေါ်က
လည်း ကိုရင်တွေကိုသနားလို့ လောင်း ကြတယ်" ဟု ယွန်းတန်းရပ်မှ ဦးနေခြည် နှင့်
ဦးဘသိန်းတို့က ယခုလ ၁၂ ရက်က ပြောသည်။

အင်းဝယဉ်ကျေးမှု နယ်မြေအတွင်း ဘုရားဆင်းတုများကို ခိုးယူခြင်းများ ယခင်ကလည်း ရှိခဲ့ဖူး
ကြောင်း ရွာသူရွာသားများက ပြောသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး