မြင်းခြံမြို့တွင် ရပ်ကွက်အုပ်ချုပ်ရေးမှူးများရွေးချယ်ရာ၌ ပြန်လည်ရွေးချယ်ရမှုများရှိနေကြောင်း
ဒေသခံများထံမှ စုံစမ်းသိရှိရသည်။
မြင်းခြံမြို့တွင် ရပ်ကွက်ကြီး ၂၀ ရှိပြီး ရပ်ကွက်အလိုက် ရွေးချယ်ရာတွင် ရပ်ကွက်သူ၊ ရပ်ကွက်
သားများက အားတက်သရော ရွေးချယ်ကြသဖြင့်ပြဿနာအမျိုးမျိုးဖြစ်ပေါ်ပြီး ရွေးချယ်မှုများ
ရပ်နားရသည်အထိ ဖြစ်သွားကြ ကြောင်း ဒေသခံများက ဆိုသည်။
"ဆယ်အိမ်မှူးတွေ ရွေးတာလဲ မှန်ကန်တယ်။ နောက်ဆုံးမဲရေတွက်တဲ့ အချိန်မှမဲကိုမပြဘူး။ ပယ်မဲ
ပါတယ်လို့လည်း ပြောတယ်။ ကြည့်မယ်ဆိုတော့လည်း ကြည့်လို့မရဘူးတဲ့။ ဒါတွေက သမာ
သမတ်မကျဘူး။ တရားမမျှတဘူးပေ့ါ။ ဒါကြောင့် ဆယ်အိမ်မှူး ၂၄ ဦး လက်မှတ်ထိုးပြီး မြို့နယ်
ကိုတင်ပြလိုက်တော့ ပြန်ပြီး ရွေးပေးမယ်လို့တော့ပြောတယ်" ဟု မြင်းခြံမြို့ အမှတ်(၉)
ရပ်ကွက်မှ အုပ်ချုပ်ရေးမှူး ၀င်ရောက်အရွေးခံသူ ဦးအောင်သန်းက ပြောသည်။
မြင်းခြံမြို့မှ အမှတ်(၁) ရပ်ကွက် အတွက် အုပ်ချုပ်ရေးမှူး ရွေးချယ်ရန် မြို့နယ်က ပြန်လည်
စစ်ဆေးနေရ ကြောင်း ဒေသခံများက ပြောသည်။ အုပ်ချုပ်ရေးမှူးရွေးချယ်ရေးအတွက် ဦးစွာ
ငါးဦးပါ ကြီးကြပ်အဖွဲ့ကို ဖွဲ့စည်း ရကြောင်း၊ ကြီးကြပ်အဖွဲ့က ဆယ်အိမ်မှူးများပြန်လည် ရွေးချယ်
ကြောင်း၊ ထို့နောက် ဆယ်အိမ်မှူးများက မဲပေးပြီး အုပ်ချုပ်ရေးမှူးအား ပြန်လည် ရွေးချယ်ရ
ပြီး သက်ဆိုင်ရာမြို့နယ်က အတည်ပြုခန့်ထားပေးရကြောင်းသိရသည်။
"ဆယ်အိမ်မှူးကို သူတို့စိတ်ကြိုက် ရွေးတယ်။ ရွေးပြီးမှ မဲပေးခိုင်းတယ်။ ပေးတဲ့မဲကို ပြပေမယ့်
ဆယ်အိမ်မှူးရွေး ကတည်းက ရပ်ကွက်သူ၊ ရပ်ကွက်သားတွေ ရွေးခဲ့တာမဟုတ်တဲ့အတွက်
ဖြစ်လာတဲ့ အုပ်ချုပ်ရေးမှူးကို လက်ခံလို့ မရပါဘူး"ဟု မြင်းခြံမြို့မှ ဒေသခံ ဦးမျိုးဟန်က
ပြောသည်။ မြင်းခြံမြို့နယ်အုပ်ချုပ်ရေးမှူး ဦးရွှေ မောင်းအား အုပ်ချုပ်ရေးမှူးများ ထပ်ဆင့် ပြန်
လည်ရွေးချယ်နေရမှု ရှိမရှိ ဆက်သွယ်မေးမြန်းရာ ပြန်လည်ရွေးချယ်ရမှုများမရှိဘဲ ဒီမိုကရေစီ
နည်းကျ ဆောင်ရွက်ကြောင်းနှင့် အခြားမည်သည့်ပြဿနာမျှ မသိရှိကြောင်း ဖြေကြားခဲ့သည်။
ရပ်ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲတွင် ၀င်ရောက်ရွေးချယ်ခံမည့်သူများ ကလည်း စည်းရုံးရေး
များဆင်းကာ ရွေးချယ်ခံကြကြောင်းသိရသည်။ မန္တလေးမြို့၌ ရပ်ကွက်အုပ်ချုပ်ရေး မှူးများ
ရွေးချယ်ရာမှာ စိတ်ဝင်စားမှုနည်းပြီး အမျိုးသမီးအုပ်ချုပ်ရေးမှူး ၀င်ရောက်ရွေးချယ်ခံမှုရှားပါး
ကြောင်း သိရသည်။
မန္တလေး တိုင်းဒေသကြီးတစ်ခုလုံး၌ အုပ်ချုပ်ရေးမှူးများ ရွေးချယ်ရာမှာ ၁,၇၀၀ ဦးခန့်ရှိပြီး မန္တလေး
ခရိုင်အတွင်းရှိ မြို့နယ် ခုနှစ်ခုအတွက် ရပ်ကွက်အုပ်ချုပ်ရေးမှူး ၉၇ ဦးနှင့် ကျေးရွာ အုပ်ချုပ်ရေး
မှူး ၁၀၀ ဦးရှိသည်။ မန္တလေးတိုင်းဒေသကြီးအတွင်း ရပ် ကွက်အုပ်ချုပ်ရေးမှူးရွေးချယ်မှုများကို
ဒီဇင်ဘာ ၃၁ ရက်နေ့ အပြီး ဆောင်ရွက် သွားရမည်ဖြစ်သည်။















