ဒဏ်ရာရ သံဃာတော်များ အတွက် လှူဒါန်း
ဆေးကုမ္ပဏီဝန်ထမ်းများ (မန္တလေး) Pharma Friendship Network( PFN) မှ မန္တလေးမြို့
ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ကုသသော သံဃာတော်များအတွက် လက်ပံတောင်း
တောင် ဒဏ်ရာရ သံဃာတော် စောင့်ရှောက်ရေးအဖွဲ့သို့ အလှူငွေ ၁၃ သိန်း နှစ်သောင်း
လှူဒါန်းခဲ့သည်။ လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတော်များ စောင့်ရှောက်ရေးအဖွဲ့ကို
ဒီဇင်ဘာလ ၁ ရက်နေ့က မုံရွာဆေးရုံကြီး၌ မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ လက်ပံတောင်းတောင်
သံဃာတော်များ ဖြင့် စတင်ဖွဲ့စည်းခဲ့သည်။















