ဒီတစ်ပတ်တော့ အိမ်ကျယ်ကျယ်နဲ့ နေချင်တဲ့မိသားစုတွေနဲ့ အဆောင်ဖွင့်ချင်လို့ စုံစမ်းနေတဲ့သူ
တွေအတွက် မန္တလေးမြို့လယ်ကောင်မှာရှိတဲ့ နှစ်ထပ်တိုက်လေးနဲ့ မိတ်ဆက်ပေးချင်ပါတယ်။
မန္တလေးမြို့ရဲ့အထင်ကရလမ်းမကြီး ဖြစ်တဲ့ ရ၃ လမ်းမကြီးဘေးမှာရှိပြီးတော့ မန္တလေးတက္ကသိုလ်
နဲ့လည်း နီးတဲ့အတွက် ကျောင်းသားရှိတဲ့ မိသားစုတွေအတွက် အဆင်ပြေနိုင်သလို အိမ်ရှင်မ
တွေအတွက်လည်း ဆိုင်ကယ်နဲ့ငါးမိနစ်လောက်သွားရင် ရောက်နိုင်မယ့် မင်္ဂလာဈေးကြီးရှိနေ
ပါတယ်။
ဒါ့အပြင် ဒီအိမ် လေးဟာ အချက်အချာကျတဲ့နေရာမှာ ရှိနေတာကြောင့် စီးပွားရေးလုပ်ချင်
သူတွေအတွက်လည်း အခွင့်အရေးတစ်ခုပါပဲ။ နောက်ထပ်အားသာချက်တစ်ခုကတော့
တက္ကသိုလ်တက်ဖို့ အချိန်ကျ ရောက်လာရင် အနယ်နယ်အရပ်ရပ်က ကျောင်းလာတက်တဲ့
ကျောင်းသား ကျောင်းသူတွေနဲ့ အမြဲစည်ကားတတ်တဲ့ မန္တလေးမြို့ရဲ့အစဉ်အလာအရ ဒီလမ်းမ
ကြီးနားမှာ မိန်းကလေးအဆောင်ဖြစ်ဖြစ်၊ ယောကျ်ားလေးအဆောင်ဖြစ်ဖြစ် ဖွင့်ချင်တယ်ဆိုသူ
တွေအတွက်တော့ အခွင့်အရေးကြီးတစ်ခုပါ။
လက်ရှိမှာလည်း Queen ဆိုတဲ့နာမည်နဲ့ မိန်းက လေးအဆောင် ဖွင့်ထားတာရှိပါတယ်။
ဒီတိုက်အိမ်ရဲ့ အကျယ်အဝန်းကတော့ ပေ ၃၃x၅၀ (စတုရန်းပေ ၁,၆၅၀) ကျယ်ဝန်းပါတယ်။
အိမ်အောက်ထပ်ထဲကို စဝင်လိုက်ရင်ပဲ ဘယ်ဘက်အခြမ်းမှာ သုံးယောက်ခန်းတစ်ခန်းနဲ့ ညာ
ဘက် အခြမ်းမှာ နှစ်ယောက်ခန်းတစ်ခန်းကို စတင်တွေ့မြင်ရမှာဖြစ်ပြီး ဆက်ဝင်သွား လိုက်ရင်
ဘယ်၊ ညာနှစ်ယောက်ခန်း တစ်ခန်းစီကို အဆောင်ပုံစံ ဖွဲ့စည်းထား တာကြောင့် အဆောင်
ဖွင့်ချင်သူတွေ အတွက် အဆင်သင့်ဖြစ်သွားသလို မိသားစုနေချင်သူတွေ အတွက်လည်း
ပြန်လည်ပြင်ဆင်ဖို့ အဆင်ပြေစေပါ တယ်။
အိမ်အနောက်ဘက်မှာတော့ အိမ်သာနဲ့ရေချိုးခန်း တွဲရက်ရှိပြီးတော့ ဒီအခန်းကိုကျော်ပြီး
ဆက်ဝင်သွားရင် အိမ်သာနှစ်ခန်းနဲ့ ရေချိုးခန်းနှစ်ခန်းကို သီးခြားစီ တွေ့မြင်ရမှာဖြစ်ပါတယ်။
အပေါ်ထပ်ကို ဆက်တက်သွားရင် တော့ သုံးယောက်ခန်းသုံးခန်းနဲ့ နှစ်ယောက်ခန်းသုံးခန်း
ဖွဲ့စည်းထားပြီး ဘုရားခန်းကိုလည်း သီးခြားထည့်သွင်း ထားပါတယ်။
အိမ်အပေါ်ထပ်အနောက် ဘက်ကို ၀င်သွားလိုက်ရင် သီးသန့်တစ်ယောက်ခန်းတစ်ခန်းနဲ့
ငါးယောက် ခန်းတစ်ခန်းရယ်၊ အိမ်သာတစ်လုံးရယ် ထပ်ပြီး ရှိနေပြန်ပါသေးတယ်။ အိမ်ရဲ့
လုံခြံုရေး စိတ်ချရအောင် သံပန်းတံခါး ကာပေးထားပြီး အိမ်အရောင်ကိုတော့ အဖြူနဲ ့ပန်း
ခရမ်း ရောင်စပ်ကြား သုတ်ပေးထားပါတယ်။
ရေအတွက် အခက်အခဲမဖြစ်စေဖို့အတွက် ရေမီတာအပြင် အဝီစိတွင်းပါရှိ ပါတယ်။ လျှပ်စစ်
မီးအတွက်လည်း မီတာ နှစ်လုံး တပ်ဆင်ပေးထားပြန်ပါတယ်။ ကိုယ်တိုင်နေချင်လို့ပဲဖြစ်ဖြစ်၊
အဆောင် ဖွင့်ချင်လို့ပဲဖြစ်ဖြစ် ဈေးနှုန်းလည်း သင့်တင့်တာကြောင့် စိတ်ဝင်စားတယ်
ဆိုရင်တော့ အောက်ပါလိပ်စာအတိုင်းစုံစမ်းနိုင်ပါတယ်။
















