မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်ဟာ လက်ရှိအနေအထားမှာ မြို့တွင်းရော မြို့ကွက်သစ်အပိုင်း
မှာပါ အရောင်းအဝယ်ငြိမ်နေပြီး အထူးသဖြင့် လူနေ ကျဲပါးသေးတဲ့ အကွက်အကွင်းတွေမှာ
ရောင်းလိုသူတွေ ဘေးကြပ်နံကြပ်ကြုံ တွေ့နေရတဲ့ အခြေအနေပဲဖြစ်ပါတယ်။
ဒီလိုအနေအထားရှိနေတဲ အိမ်ခြံမြေ ဈေးကွက်မှာ ၀ယ်လိုသူတွေအတွက် တော့ အားသာချက်
တချို့ရှာတွေ့နိုင်တယ်လို့ ၀ါရင့်အိမ်ခြံမြေအကျိုးဆောင်တချို့ကသုံး သပ်ပါတယ်။ အားသာချက်
တချို့လို့ဆိုရာမှာ အဓိကအားဖြင့်တော့ရှေ့အလားအလာကောင်းတွေ ရှိနေတဲ့ မြို့သစ်အိမ်ခြံ
မြေအပိုင်းတွေမှာပဲ ဖြစ်ပါတယ်။
အိမ်ခြံမြေဈေးကွက်ဟာ မန္တလေးမြို့ သာမက ရင်းနှီးမြှုပ်နှံဖို့၊ ငွေကြေးကစား ဖို့ကောင်းတဲ့
တခြား မြို့ကြီးတွေမှာ လည်း ငြိမ်သက်နေပါတယ်။ ဒါပေမယ့် မန္တလေးမြို့ရဲ့ အိမ်ခြံမြေဈေးကွက်
ကို ပြန်ကြည့်လိုက်တဲ့အခါ တစ်ဖက်မှာ မြို့ကွက်သစ်အပိုင်းတွေမှာ အကွက်အကွင်းတချို့ရဲ့
ရှေ့အလားအလာတွေဟာ ကြိုတင်ရင်းနှီးမြှုပ်နှံထား ချင်ရလောက်အောင် ကောင်းမွန်နေတာ
ကို တွေ့ရပါတယ်။
အထူးသဖြင့် အခြေကျပြီးဖြစ်တဲ့ မြို့သစ်အပိုင်းထဲမှာဆိုရင် ရှေ့နောက် သွယ်တန်းတည်ရှိနေတဲ့
ခိုင်ရွှေဝါလမ်း ဟာ ရှေ့အလားအလာအရ အထက်ကို တက်ဖို့သာရှိနေပြီး အကွက်အကွင်း
တော်တော်လှပါတယ်။ ဒီလမ်းပေါ်ကို အဓိက မျက်စိကျကြတဲ့ အပိုင်းကတော့ အနောက်ဘက်
မှာ ရ၃ လမ်းကနေ အရှေ့ဘက်မှာ ၆၂ လမ်းအထိဖြစ်ပါ တယ်။
ဒီခိုင်ရွှေဝါလမ်းဟာ လမ်းကောင်း လမ်းကျယ်ဖြစ်ပြီး အခုဆိုရင် အဆောက် အအုံကောင်းတွေ
အတော်များများ လည်း နေရာယူပြီးနေပါပြီ။ အဲဒီလမ်းရဲ့ ၆၂ လမ်းနဲ့ နီးတဲ့အပိုင်းဟာ ဈေးနှုန်း
ပိုမြောက်ပြီး ၆၈ လမ်း တစ်ဝိုက်ကတော့ ဈေးနှုန်းပိုလျော့ပါတယ်။
ဒီခိုင်ရွှေဝါလမ်းပိုင်းဟာ တခြား မြို့သစ်ကြားကွက်တွေနဲ့စာရင် ဈေးပို ပေးရပေမယ့် ငွေကြေး
တတ်နိုင်တဲ့သူတွေအတွက်တော့ စဉ်းစားသင့်တဲ့အပိုင်းပဲဖြစ်ပါတယ်။ အထူးသဖြင့် ဈေးနှုန်း
ငြိမ်နေတဲ့ အခုလိုကာလပဲဖြစ်ပါတယ်။
ခိုင်ရွှေဝါလမ်းပေါ်၊ ၆၂ လမ်းနဲ့ ၆၅ လမ်းကြားမှာ ဒီလပိုင်းအတွင်း ပေ ၄၀x ပေ ၆၀ အိမ်မြေ
တစ်ကွက်ကို ကျပ်သိန်း ၄,၀၀၀ နဲ့ အရောင်းအဝယ်ဖြစ်သွားတာ ရှိပြီး အရင်ကာလမျိုးဆိုရင်
ဒီဈေးနဲ့ရနိုင် ဖို့မလွယ်ကြောင်း အကျိုးဆောင်တချို့က ပြောပါတယ်။
မျက်စိကျစရာကောင်းတဲ့ နောက် တစ်လမ်းကတော့ ခိုင်ရွှေဝါလမ်းနဲ့ အပြိုင်တည်ရှိနေပြီး
အိမ်မြေအကွက် ဖရိန်ကြီးတစ်ခုခြားထားတဲ့ ငုရွှေဝါလမ်းပဲ ဖြစ်ပါတယ်။ လက်ရှိတွေ့နေရတဲ့
အိမ်မြေအကွက်အကွင်းအရ ငုရွှေဝါလမ်းရဲ့ ရှေ့အလားအလာကောင်းကို ကြိုတင်တွေ့မြင်နိုင်မှာ
အမှန်ပဲဖြစ်ပါ တယ်။ သူ့ရဲ့ဈေးနှုန်းဟာလည်း ခိုင်ရွှေဝါလမ်းရဲ့ ဈေးနှုန်းတန်းနောက်ကနေ
သိပ်မကွာခြားဘဲ လိုက်နေတယ်လို့ ဆိုနိုင်ပါတယ်။
နောက်ထပ် ညွှန်းချင်တာကတော့ နောက်ပိုင်းမှာ အိမ်ခြံမြေအကွက် အကွင်း သိသိသာသာ
ဖွံ့ဖြိုးလာခဲ့တဲ့ မြို့သစ်အရှေ့ဘက်က ၅၈ လမ်းနဲ့ ၅၆ လမ်းတို့ပဲ ဖြစ်ပါတယ်။ ၅၈ လမ်းပိုင်း
ရဲ့ အိမ်ခြံမြေအကွက်အကွင်းမှာ မနော်ဟရီလမ်းမြောက်ဘက်ပိုင်းနဲ့ ပြည်ကြီးတံခွန် မြို့နယ်
ထဲက မင်းကြီးရန်နောင်လမ်းရဲ့ တောင်ဘက်ပိုင်း တစ်လျှောက်ကို အလားအလာကောင်း
တဲ့ အကွက်အကွင်းတွေအဖြစ် တွေ့ရမှာဖြစ်ပါတယ်။
၅၆ လမ်းကိုတော့ မနော်ဟရီလမ်းရဲ့ မြောက်ဘက်ပိုင်းတစ်လျှောက်ကို သဘောတွေ့မိ
ကြမှာပါ။ "လက်ရှိ ဈေးနှုန်းပေါက်ဈေးတွေအရ ၅၈ လမ်းပေါ်မှာ ပေ ၄၀x ပေ ၆၀ အကျယ်
မြေကွက်ကို ပျမ်းမျှ ကျပ်သိန်း ၂, ၀၀၀၊ ၅၆ လမ်းပေါ်မှာ ပျမ်းမျှ ကျပ် သိန်း ၂,၀၀၀ နဲ့
၃,၀၀၀ ကြား ဈေးခေါ်ကြပါတယ်။ ရှေ့အလားအလာကောင်းတဲ့ အကွက်အကွင်းတွေပါ။
လက်ရှိဈေး ကွက်ကတော့ အေးတယ်"လို့ မြို့သစ်က အိမ်မြေအကျိုးဆောင်တွေက ပြော
ပါတယ်။
















