တောရိုင်းတိရစ္ဆာန် ကူးသန်းရောင်းဝယ်မှုများမှ ဖမ်းဆီးရမိသော လိပ်မျိုးစိတ်များ အား ပြုစု
စောင့်ရှောက်ရေးလုပ်ငန်းများကို ဒီဇင်ဘာလဆန်းပိုင်းက ရှမ်းပြည်နယ် နောင်ချိုမြို့နယ်၌
ဖွင့်လှစ်ခဲ့သော လိပ်မျိုးစိတ်များ ကယ်တင်ရေးစင်တာတွင်လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း
သားငှက်ထိန်းသိမ်းရေးအဖွဲ့ (Wildlife Conservation Society) မြန်မာနိုင်ငံ အစီအစဉ်၏
ဒါရိုက်တာ ဦးသန်းမြင့်ကပြောသည်။
"ဖမ်းမိပြီး စင်တာရောက်လာတဲ့ လိပ်တွေထဲမှာ ဒေသအများစုမှာ တွေ့နိုင်တဲ့ လိပ်မျိုးစိတ်တွေ
၊ တကယ့်ရှားပါးမျိုးစိတ် တွေ စသဖြင့် ခွဲမယ်။ နောက် ရေ၊ အစာပေးမယ်။ နေမကောင်းတဲ့
အကောင်တွေကို ဆေးကုမယ်။ ကျန်းမာရေးကောင်း လာတဲ့အခါ အရမ်း ရှားပါးမျိုးစိတ်မျိုး
တွေဆိုလည်း အဲဒီမှာထိန်းသိမ်းထား မယ်။ တချို့ အများစုကျန်သေးတဲ့ လိပ်တွေဆိုလည်း
နေရင်းဒေသတွေမှာ ပြန်လွှတ်ပေးမယ်။
တချို့မိထားတဲ့ အကောင်တွေမှာ တစ်လ၊ နှစ်လ အစာမစားရတာတွေ၊ နေမကောင်းတာ
တွေ ရှိတယ်။ ဒါတွေကို ချက်ချင်းသွားလွှတ်လိုက်တဲ့ အခါကျတော့ ရောဂါပါသွားရင် တော
ထဲကအကောင်တွေပါ ဒုက္ခရောက်နိုင်တယ်"ဟု ၎င်းက ပြောသည်။
အဆိုပါစင်တာကို နောင်ချိုမြို့နယ်၊ ဘန့်ဘွေးကျေးရွာအုပ်စု၊ ဘန်ဘွေး သစ်တော ပျိုးဥယျာဉ်
တွင် အမေရိကန် အခြေစိုက် Turtle Survival Alliance ၏အကူအညီဖြင့် တည်ဆောက်ကာ
ဒီဇင်ဘာလ ၆ ရက်နေ့တွင် ပတ်ဝန်းကျင်ထိန်း သိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီး ဌာနသို့
လွှဲပြောင်းပေးခဲ့သည်။
"ဒီစင်တာလေးအောင်မြင်ရင် မြစ်ကြီးနား၊ ကော့သောင်း စသဖြင့် တခြားနေရာ တွေမှာလည်း
စင်တာတွေ ထူထောင် နိုင်ရင် ပိုအဆင်ပြေသွားမယ်။ ကော့သောင်းမှာမိတဲ့ လိပ်ကို နောင်ချို
အထိ ပို့ဖို့ကတော့ စရိတ်များနိုင်တယ်လေ"ဟု ဦးသန်းမြင့်က ပြောသည်။
မြန်မာနိုင်ငံရှိ လိပ်မျိုးစိတ်များအား မျိုးသုဉ်း မပျောက်ကွယ်ရေးအတွက် ပတ်ဝန်းကျင်
ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန၊ သားငှက် ထိန်းသိမ်းရေးအဖွဲ့နှင့် Turtle Survival
Alliance တို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။
ရခိုင်တောင်လိပ် အပါအဝင် ကြယ်လိပ်၊ စင်းချောလိပ်၊ လေးကွက်လိပ်၊ စင်း ကျားလိပ်၊
တိုက်လိပ်၊ ဆောက်လိပ်တို့ သည် မျိုးသုဉ်းပျောက်ကွယ်ရန် အခြေ အနေကို ရင်ဆိုင်နေရ
သည့် မြန်မာနိုင်ငံ ၏ ဒေသမျိုးရင်းလိပ်များဖြစ်သည်။















