ရွှေစင်မင်း သီလရှင်သင် ပရဟိတကျောင်းတွင် နေရာအခက်အခဲရှိ၍ တချို့ကို လယ်ဝေးမြို့ပို့ထားရ

ရွှေစင်မင်း သီလရှင်သင် ပရဟိတကျောင်းတွင် နေရာအခက်အခဲရှိ၍ တချို့ကို လယ်ဝေးမြို့ပို့ထားရ

ပြင်ဦးလွင်မြို့ ရွှေစင်မင်း သီလရှင်သင် (အမျိုးသမီး)ပရဟိတပညာရေးကျောင်းတွင် နေရာ
အခက် အခဲရှိသဖြင့် အချို့ကို လယ်ဝေးမြို့သို့ ပေးပို့ထားရကြောင်း သိရသည်။

"ကျောင်းသားအရေအတွက်က များနေပြီး နေစရာလုံလုံလောက်လောက်မရှိလို့ တချို့ကို
လယ်ဝေးမြို့က ရတနာယာဉ်ပျံ ကျောင်းတိုက်ကို ပို့ထားရတယ်။ အဲဒီကျောင်းတိုက်က
ဆရာလေးနဲ့ သူငယ်ချင်းလည်းဖြစ်တယ်။ သူ့ကျောင်းက ကျယ်လည်းကျယ်တော့ အဲဒီကို
အယောက် ၅၀ လောက်ပို့ထားတယ်။ အခုလောလောဆယ်တော့ စာမေးပွဲဖြေ နေတဲ့အတွက်
ဒီကို ၄၀ လောက်ပြန်ခေါ် ထားတယ်။ ဒီမှာရှိတဲ့ကလေးတွေလည်း နေစရာသီးသန့်မရှိလို့
စာသင်ဆောင် တွေမှာပဲ အိပ်နေရတယ်"ဟု ရွှေစင်မင်း သီလရှင်သင်(အမျိုးသမီး) ပရဟိတ
ပညာရေးကျောင်းမှ ဆရာလေးဒေါ်နန္ဒသိင်္ဂီက မိန့်ကြားသည်။

ရွှေစင်မင်း သီလရှင်သင် (အမျိုးသမီး) ပရဟိတပညာရေးကျောင်းကို ၂၀၀၁ ခု နှစ် မိဘမဲ့
သီလရှင်အပါး ၄၀ ဖြင့်စတင် တည်ထောင်ခဲ့ပြီး ယခုအခါ ကလေးငယ် နှင့် သီလရှင်ငယ်စုစုပေါင်း
၅၀၀ ကျော် အထိရှိလာကြောင်း သိရသည်။

"ဒီကျောင်းမှာ မိဘမဲ့သီလရှင်လေး တွေက ၅၀၀ ကျော်တောင်ရှိတယ်ဆိုတော့ စားရေး
သောက်ရေးအတွက် အခက်အခဲတွေ အများကြီးရှိတယ်။ သီလရှင်သင် ပညာရေးကျောင်း
ဖြစ်နေတော့ တခြားရဟန်းသံဃာစာသင်တိုက်ကြီးတွေလို ဆွမ်းကပ်ကျွေးမွေးမယ့်သူ သိပ်မရှိလှ
ဘူး။ အခုဆိုရင် နေရေးထိုင်ရေး အခက်အခဲလည်းဖြစ်နေတယ်။

ဒါ့ကြောင့် ကျောင်းမှာကျောင်းသား ၂၀၀ ဆံ့မယ့် လေးထပ်ကျောင်းဆောင်သစ် တစ်ခုကို
ဆောက်နေတယ်။ လောလော ဆယ် သိန်းကိုးရာလောက်ကုန်သွားပြီ။ အချောပြီးဖို့က
နောက်ထပ်က သိန်းရှစ်ရာလောက်လိုသေးတယ်။ ရန်ပုံငွေကို  သုံးနှစ်အတွင်းတော့ ရအောင်
ရှာရမယ်။  ကျောင်းသားအရေအတွက်က များနေပြီ"ဟု ပညာရေးတာဝန်ခံနှင့် အုပ်ချုပ်ရေးမှူး
ဆရာလေးဒေါ်နန္ဒသိင်္ဂီက မိန့်ကြားသည်။

ရွှေစင်မင်း သီလရှင်သင်  (အမျိုးသမီး)ပရဟိတပညာရေးကျောင်းတွင် နယ်စပ်ဒေသနှင့်
တောင်တန်းဒေသများမှ ကချင်၊ ရှမ်း၊ လားဟူ၊ လီဆူး၊ ပအိုဝ်း၊ ပလောင်စသည့် တိုင်းရင်းသူ
သီလရှင် ၅၀၀ ကျော်ကို သူငယ်တန်းမှ သတ္တမ တန်းအထိပညာသင်ပေးနေပြီး သတ္တမတန်း
အထက်ကျောင်းသူများကို မိုးကြိုး အထက်တန်းကျောင်းတွင် ပညာဆက် လက်သင်ကြား
စေကြောင်း သိရသည်။

"လယ်ဝေးပို့ထားတဲ့ ကလေးတွေကို ဆရာမငါးယောက်နဲ့ သင်ကြားပေးထား ပါတယ်။ ငါးတန်း
ကနေ ရှစ်တန်းအထိ ရှိတယ်"ဟု ဆရာလေးဒေါ်နန္ဒသိင်္ဂီက မိန့်ကြားသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး