မန္တလေးမြို့တွင်း လမ်းပြုပြင်ခြင်းလုပ် ငန်းအတွက် ကျပ်သန်းပေါင်း ၄,၂၀၀ ကျော်သုံးစွဲပြီးဖြစ်
ကြောင်း မန္တလေးမြို့ တော်စည်ပင်သာယာရေး ကော်မတီ လမ်းတံတားဋ္ဌာနထံမှ သိရသည်။
"၂၀၁၂-၁၃ ဘဏ္ဍာနှစ်မှာ မန္တလေးမြို့ တွင်းက လမ်းတွေကိုပြုပြင်ဖို့ ကျပ်သန်း ပေါင်း ၅,၅၃၉
ဒသမ ၁ သန်း လျာထား ပါတယ်။ လက်ရှိ ဒီဇင်ဘာလ တတိယ ပတ်အထိ မှာ ကျပ်သန်း
ပေါင်း ၄,၂၀၀ ကျော်ကို ဆောင်ရွက်ပြီးလမ်းတွေနဲ့ ဆောင်ရွက်ဆဲလမ်းတွေအတွက် သုံးစွဲ
ပြီးဖြစ်ပါတယ်။
"ဒီနှစ်ထဲမှာ အထူးသဖြင့် ချမ်းမြသာစည်မြို့နယ်နဲ့ ပြည်ကြီးတံခွန်မြို့နယ် တွေထဲက လိုင်း
ကားပြေး ဆွဲတဲ့လမ်းတွေမှာ အဓိကထား ပြုပြင် ပါတယ်"ဟု လမ်းတံတားဋ္ဌာနမှူး
ဒေါ်ခင်မေဋ္ဌေးက ပြောသည်။
မန္တလေးမြို့၌ ဧပြီလ ၁ ရက်နေ့မှ ဒီဇင်ဘာလ ၂၀ ရက်နေ့အထိ နိုင်လွန် ကတ္တရာလမ်း ၅ ခု
၄ ဒသမ ၆၇ မိုင်၊ ကတ္တ ရာလမ်း ၂၉ ခု၊ ၁၂ ဒသမ ၁၀ မိုင်၊ ကွန်ကရစ် လမ်း ၄ ခု ၂ ဒသမ
၁၇ မိုင်၊ ကျောက်ချောလမ်း သုံးခု ၁ ဒသမ ရ၂ မိုင်ကို မန္တလေးမြို့ တော်စည်ပင်သာယာရေး
ကော်မတီက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့ပြင် တံတား ၁၁၅ ခု၊ ၂,၈၇၇ ပေ၊ ရေမြောင်း ၂၂ ခု၊ ၁၉,၄၀၆ ပေ၊ ပလက် ဖောင်း ၂ ခု၊
၉,၂၂၀ ပေ နှင့် အထွေထွေ ၁၄ ခုတို့ကို ဆောင်ရွက်ခဲ့ပြီး ဆက်လက် ၍လည်း စည်ပင်
လမ်းလုပ်ငန်း ခုနစ်ခု၊ ကိုယ့်အားကိုယ်ကိုးလမ်း ၁၁ ခု၊ ရေ မြောင်းလုပ်ငန်း ၁၁ ခု၊ တံတား
လုပ်ငန်း ၁၃ ခုနှင့် အထွေထွေလုပ်ငန်း ငါးခုတို့ကို ဆောင်ရွက်နေဆဲဖြစ်ကြောင်း သိရသည်။















