ဇန်နဝါရီနှင့် ဖေဖော်ဝါရီလများတွင် ရာသီသစ် စတင်တော့မည်ဖြစ်သဖြင့် ဘီတူးနှင့် ထိုင်ဝမ်
ကုလားပဲများမှာ အရောင်းအဝယ် ပုံမှန်လောက်သာ ရှိတော့ကြောင်း ဈေးကွက်သတင်းများ
အရ သိရသည်။
"အခု ဘီတူးနဲ့ထိုင်ဝမ်မှာ ထိုင်ဝမ်က မျိုးပဲ အဝယ်များလို့ ဈေးတက်နေတယ်။ ပစ္စည်းရှားတာ
ကြောင့် ထိုင်ဝမ်ရိုးရိုးပဲ လည်း ဘီတူးထက် ဈေးမြောက်တယ်။ အသစ်ပေါ်တော့မှာဆိုတော့
၀ယ်သူ သိပ်မရှိတော့ဘူး။ မှန်မှန်နဲ့လေးလေးပဲ ရောင်းရတယ်။ ရာသီသစ်အဖွင့်ဈေးကတော့
မနှစ်ကဈေးလောက်ပဲမှန်းပါတယ်။ မနှစ်က ထိုင်ဝမ်ကပေါ်ချိန်မှာ ဈေးအကျဆုံး တစ်အိတ်ကို
ကျပ် ၄၅,၀၀၀ နဲ့ ဘီတူးက ၄၈,၀၀၀ ရှိတယ်။ ဒီနှစ်လည်း ဒီဈေးလောက်နဲ့ပဲ စနိုင်မယ်ထင်
တယ်။ ဒီဈေးလောက်ဆို အရောင်းအဝယ်သွက်မယ်"ဟု လူရည်ချွန်ပဲခွဲစက်မှ ဦးသက်ထွန်းက
ပြောသည်။
ဘီတူးအမျိုးအစားမှာ ဇန်နဝါရီလ ဆန်းပိုင်းတွင် အသစ်ပေါ်လေ့ရှိပြီး ထိုင်ဝမ်မှာ ဖေဖော်ဝါရီ
လကုန် မတ်လထဲ တွင် လှိုင်လှိုင်ပေါ်လေ့ရှိသည်။
ဒီဇင်ဘာ ၂၄ ရက်နေ့ ကုလားပဲ ပေါက်ဈေးများမှာ ဘီတူးတစ်အိတ်လျှင် ကျပ် ၄၉,၀၀၀ နှင့်
၄၉,၅၀၀၊ ထိုင်ဝမ် တစ်အိတ်လျှင် ကျပ် ၅၃,၀၀၀ နှင့် ၅၃,၅၀၀ ရှိပြီး ထိုင်ဝမ်မျိုးပဲမှာ
ကျပ် ၅၈,၀၀၀ ထိ ပေါက်ဈေးရှိသည်။
၂၀၁၂ တွင် ထိုင်ဝမ်မှာ တစ်အိတ် ကျပ် ရ၁,၀၀၀ ခန့်နှင့် ဘီတူးမှာကျပ် ရ၃,၀၀၀ ၀န်းကျင်ထိ
ဈေးအမြင့်ဆုံးရရှိခဲ့သည်။
ယခုကုန်တော့မည့် ရာသီချိန်တွင် အိန္ဒိယမှ ယမန်နှစ်များထက် ကုလားပဲ အရေအတွက်
များများဝယ်ယူခဲ့ပြီး ပြည်တွင်းအထွက်နှုန်း၏ တစ်ဝက် လောက်ကို ၀ယ်ယူသွားခဲ့ကြောင်း၊
လာမည့်ရာသီသစ်၏ ဈေးကွက်အနေ အထားမှာလည်း ပြည်ပတင်ပို့မှုပေါ် မူတည်လျက်
ရှိကြောင်းနှင့် အထွက်နှုန်းမှာမူ ယမန်နှစ်အထွက်ကို မီနိုင်ကြောင်း နားလည်သူများက
ခန့်မှန်းကြသည်။















