မန်းကုန်စည်ဒိုင်က ငလျင်ဒဏ်ခံ ခက်သင်ကျေးရွာ၌ စာသင်ကျောင်းလှူဒါန်း

မန်းကုန်စည်ဒိုင်က ငလျင်ဒဏ်ခံ ခက်သင်ကျေးရွာ၌ စာသင်ကျောင်းလှူဒါန်း

ယခုအခါ ရ၈ နှစ် သက်တမ်းရှိပြီဖြစ် သော  မန္တလေးမြို့ ပွဲစားကုန်သည် စက် ပိုင်များ မဟာ
ကထိန်တော် အသင်း ပတ္တမြားရတုအကြိုအဖြစ် စဉ့်ကူးမြို့ နယ်၊ခက်သင်ကျေးရွာရှိ အထက်
တန်းကျောင်းခွဲတွင် သိန်း ၁၀၀ ကျော်တန်ဖိုးရှိ တစ်ထပ်ကျောင်းဆောင် တစ်ဆောင်
ဆောက်လုပ်လှူဒါန်းသွားမည် ဖြစ်ကြောင်း သိရသည်။

ယင်းကဲ့သို့ ဆောက်လုပ်လှူဒါန်းရန် ငလျင်ဒဏ်ခံခဲ့ရသော စဉ့်ကူးမြို့နယ်ရှိ ခူလယ်ရွာ၊ ခက်သင်
ရွာ၊ သပိတ်ကျင်း မြို့နယ်ရှိ စမ္ပါယ်နဂိုရ်ကျေးရွာတို့အား အဖွဲ့နှစ်ဖွဲ့ခွဲ၍ သွားရောက်လေ့လာခဲ့ရာ
ခက်သင်ကျေးရွာမှာ လိုအပ်ချက်အများ ဆုံးဖြစ်သဖြင့် လှူဒါန်းရန်ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း
သိရသည်။

"ခက်သင်ရွာက အထက်တန်း ကျောင်းခွဲမှာ နှစ်ထပ်ကျောင်းဆောင် နှစ်ဆောင် ရှိတာက
နှစ်ဆောင်စလုံးက ပြန်ပြင်ဖို့ လိုအပ်တဲ့ အနေအထားဖြစ် နေပြီး  ကလေးတွေက ကျောင်း
၀င်းထဲမှာ တဲထိုးပြီး စာသင်နေရတယ်။ အဲဒါ ကြောင့် ကျောင်းဆောင်သစ်တစ်ခု
ဆောက်လုပ်လှူဒါန်းဖို့ ရွေးချယ်ခဲ့တာပါ။

ကျွန်တော်တို့ လှူဒါန်းမယ့် ကျောင်း ဆောင်သစ်ကိုတော့ ငလျင်ဒဏ်ခံအောင်လို့ မြေအောက်
နှစ်ပေခွဲ၊ မြေပေါ်နှစ်ပေခွဲနဲ့ အလယ်မှာ ခါးချုပ် တစ်ခုထည့်ပေးမယ်။ အပူဒဏ်ခံနိုင်အောင်
မျက်နှာကြက်တပ်ပေးမယ်။ ဒါ့ပြင် နှစ်ထပ်မဆောက်ဘဲ ပေ ၃၀ x ပေ ၆၀ အကျယ်အဝန်း
ရှိတဲ့ တစ်ထပ် ကျောင်းဆောင်ပဲ ဆောက်လုပ်ပေးသွားမှာပါ။ သိန်း ၂၀၀ ကျော်လောက်
ကုန်ကျမယ်လို့ မှန်းပါတယ်။

"ဒီဇင်ဘာလ ၂၁ ရက်နေ့က ကျောင်း ဆောက်မယ့်နေရာကို ပန္နက်ရိုက်ပြီးပါပြီ။ "၂၀၁၃ ခုနှစ်၊
မတ်လထဲမှာ  အပြီး ဆောက်သွားမှာ ဖြစ်ပါတယ်။ ကျောင်း ဆောင် ဆောက်လုပ်ဖို့အတွက်
အသင်း က ငွေကျပ်သိန်း ၁၀၀ မတည် ပေးထား ပြီး တစ်ဦးချင်းထည့်ဝင်တဲ့ အလှူငွေက
ခုချိန်ထိ ကျပ် ၄၂ သိန်းကျော် ရရှိထား ပါတယ်။ ပြင်ပ အလှူရှင်တွေ စိတ်ဝင်စားလို့ လှူချင်
တယ်ဆိုရင်လည်း ကျွန်တော်တို့က ကြိုဆိုပါတယ်"ဟု မန္တလေး မြို့ပွဲစားကုန်သည်စက်ပိုင်များ
မဟာကထိန်တော်အသင်း၊ အတွင်းရေးမှူး ဦးချွန်က မြန်မာတိုင်း(မ်)ကို ပြောသည်။

အဆိုပါ ခက်သင်ကျေးရွာအထက် တန်းကျောင်းခွဲတွင် စာသင်ကြားနေ သော ကျောင်းသား
ပေါင်း ၄၀၀ နီးပါးရှိ ပြီး ခက်သင်ကျေးရွာအပါအဝင် ရွာ ခြောက်ရွာတွင် မူလတန်းကျောင်းများ
ရှိသော်လည်း အထက်တန်းကျောင်းမှာ တစ်ကျောင်းတည်းသာ ရှိကြောင်း သိရ သည်။

စဉ့်ကူးမြို့နယ်ရှိ ခက်သင်ကျေးရွာ သည် လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီးအိမ်ခြေ ၂၀၀ ခန့်
ရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး