တက္ကစီယာဉ်များကို အရစ်ကျစနစ်ဖြင့် ဘက်စ်အော်တိုက ရောင်းချပေး

တက္ကစီယာဉ်များကို အရစ်ကျစနစ်ဖြင့် ဘက်စ်အော်တိုက ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ အငှားယာဉ်မောင်းသမားများအတွက် တက္ကစီယာဉ်များကို
အရစ်ကျစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း Best  Auto Taxi Sale, Services
Centre မှ ဒုမန်နေဂျာ ကိုလှကျော်စွာက ပြောသည်။

"ရောင်းပေးမယ့်ကားတွေက သုံးမျိုးရှိတယ်။ အရစ်ကျနဲ့ပဲ အကုန်ရောင်းပေးမှာပါ။ အရစ်ကျကို
သုံးခါခွဲပြီးပေးရမယ်။  ပထမတစ်ရစ်ကို ကျပ် ၃၅ သိန်း  ပေးသွင်းရမယ်။ ဒုတိယအရစ်ကို ကျပ်
သိန်း ၃၀ ပေးရမယ်ပေါ့။ ဒုတိယအရစ်  သိန်း  ၃၀ ကိုလည်း  ၁၅ သိန်း နှစ်ခါခွဲပေးလို့ရပါတယ်။
ကျပ် ၆၅  သိန်း ပြည့်ပြီးရင် တစ်ရက်ကို ကျပ် ၁၂,၀၀၀ နေ့စဉ်ပေးသွင်းရပါမယ်။

"နှစ်ဦးနှစ်ဖက် အဆင်ပြေအောင် ဆောင်ရွက်ပေးမယ်။ ကုမ္ပဏီကသတ်မှတ်ထားတဲ့အတိုင်း
ဆောင်ရွက် ပေးမှာပါ။ လိုင်စင်လည်း ကုမ္ပဏီကနေ လုပ် ဆောင်ပေးမှာပါ" ဟု
ကိုကျော်ကျော်က ပြောသည်။

မန္တလေးတိုင်းအတွင်းရှိ ခရီးသွား လုပ်ငန်းများ အဆင်ပြေစေရန် လုပ် ဆောင်ပေးခြင်းဖြစ်ပြီး၊
မန္တလေးမြို့တွင်း၌ တက္ကစီများ ပိုမိုများပြားလာစေရန် လည်းရည်ရွယ်ကြောင်း ၎င်းက ပြော
သည်။

"ခရီးစဉ်အနေနဲ့ပြောရရင် မန္တလေးမြို့က အချက်အချာကျတဲ့ နေရာဖြစ် တယ်။ ပြင်ဦးလွင်၊
မူဆယ်၊ လားရှိုးသွားလို့ရသလို၊ စစ်ကိုင်း၊ မုံရွာမြို့တွေသွားလို့လည်းရတယ်။ ပြည်သူတွေ
အတွက်လည်း သက်သက်သာသာနဲ့  ကားပိုင်ဆိုင်နိုင်အောင် ရည်ရွယ်တာ"ဟု ကိုလှကျော်
စွာက ပြောသည်။

ကားတစ်စီး၏တန်ဖိုးသည် ကျပ်သိန်း  ၁၇၀ နှင့်၁၆၀ ရှိကြောင်း၊ ရန်ကုန်တွင် အဆိုပါအရစ်ကျ
ရောင်းချမှု ခြောက်ကြိမ်မြောက်ပြုလုပ်ပြီးဖြစ်ပြီး၊ အစီးရေ   ၁၀၀ ကျော်ရောင်းရကြောင်း၊
နေ့စဉ် ငွေမသွင်း နိုင်သူများကိုလည်း အဆင်ပြေအောင်ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း
၎င်းက မြန်မာတိုင်း(မ်)ကို ပြောသည်။

"နေ့စဉ်မသွင်းနိုင်သူတွေကို တစ်ပတ် တစ်ကြိမ်၊ တစ်လတစ်ကြိမ် သွင်းနိုင်အောင် စီစဉ်ထား
တယ်။ နှစ်ဖက်စလုံး မျှတအောင် ဆောင်ရွက်ထားတယ်။အငှားဝယ်စနစ်ဖြစ်တဲ့အတွက်
နှစ်နှစ် အတွင်းတော့ မပိုင်ဆိုင်နိုင်ဘူးပေါ့။ စတစ်ကာတွေလည်း ကုမ္ပဏီကနေ အကုန်အကျ
ခံပြီး ဆင်တူဖြစ်အောင် ကပ်ပေးထားတာပါ။ ကိုယ်တိုင် ပိုင်ဆိုင်သွားရင်တော့ မိမိစိတ်ကြိုက်
လုပ်ဆောင်နိုင်ပါပြီ"ဟု ကိုကျော်ကျော်က ပြောသည်။

မိမိစိတ်ကြိုက် အရစ်ကျဝယ်ယူခဲ့ သည့်ကားကိုလည်း တစ်ပတ်သို့မဟုတ် တစ်လတစ်ကြိမ်
ကုမ္ပဏီသို့ လာရောက် ပြသရမည်ဖြစ်ပြီး၊ ၀ယ်ယူလိုသူများသည် မှတ်ပုံတင်၊ သန်းခေါင်စာရင်း၊
အာမခံ လုပ်ပေးမည့်သူနှစ်ဦး၊ တိုင်းဒေသကြီး အတွင်း အမှန်တကယ်နေထိုင်ကြောင်း ထောက်ခံ
စာ၊ ရဲစခန်းထောက်ခံစာများ ပါရမည်ဖြစ်ပြီး၊ စည်းကမ်းချက် ၂၀ သတ်မှတ်ထားကြောင်း
သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး