မန္တလေး ပန်းချီဆရာ ၉၅ ဦးရဲ့ငလျင်ရန်ပုံငွေပန်းချီပြပွဲပြသ

မန္တလေး ပန်းချီဆရာ ၉၅ ဦးရဲ့ငလျင်ရန်ပုံငွေပန်းချီပြပွဲပြသ

မန္တလေးမြို့ဂုဏ်ဆောင် ပန်းချီဆရာ ပညာရှင်(၉၅) ဦးက ငလျင်သင့် ဒေသ များကို လှူဒါန်းရန်
မန္တလေးရနံ့သစ်(၂) အမည်ရှိ ပန်းချီပြပွဲကြီးကို မန္တလေးမြို့ ဓမ္မသာလခန်းမ၌ ယခုလ ၂၅ ရက်
မှ ၂၉ ရက်နေ့ထိ  နံနက် ၈ နာရီမှ ညနေ ၅ နာရီထိပြသသွားမည်ဖြစ်ကြောင်းသိရသည်။

ပြပွဲတွင် ပန်းချီဆရာ  ပညာရှင် ၉၅ ဦးက ပုံစံမျိုးစုံဖြင့် ရေးဆွဲထားသော ပန်းချီကားပေါင်း
၂၉၀ပြသရောင်းချခဲ့သည်။

"ပန်းချီဆရာတချို့ကတော့ ပန်းချီ ကားတန်ဖိုးအားလုံးကိုလှူတယ်။ တချို့ ကတော့ သုံးဆယ်
ရာခိုင်နှုန်းလှူတယ်။ ရရှိလာတဲ့ အလှူငွေတွေကို ငလျင်သင့် ဒေသအတွက် အားလုံးလှူသွား
မှာပါ"ဟု ပြပွဲတာဝန်ခံ ပန်းချီဦးမြင့်ထွန်း (မန္တလေး) က မြန်မာတိုင်း(မ်)ကို ပြောသည်။

ပြပွဲမှ ပန်းချီကားတန်ဖိုးများမှာ အနည်းဆုံး ၃၀,၀၀၀ ကျော်မှ ၁၂ သိန်း ထိရှိပြီး ပန်းချီဆရာ
တစ်ဦးစီက လေးပေ သုံးပေနှင့်အထက် နှစ်ကားနှင့်လေးပေသုံး ပေအောက်သုံးကားစီပြသ
ခဲ့ကြသည်။

"မန္တ လေးက ပန်းချီဆရာတွေအတွက် ဂုဏ်ယူပါတယ်။ ပန်းချီဆရာတွေလည်း အများကြီး၊
ပန်းချီကားတွေလည်းအများ ကြီးပဲ။ အခုလိုမျိုး လက်ရာမျိုးစုံကိုကြည့် ရဖို့ မလွယ်ကူပါဘူး"
ဟု ပန်းချီပြခန်းသို့ လာရောက်ကြည့်ရှုလေ့လာသော ဦးခင်မောင်မြင့်က ပြောသည်။

မန္တလေးရနံ့သစ်အမည်ဖြင့် ပန်းချီဆရာ၁၀ ဦးက ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ အတွင်း သီရိ၀စ္ဆ
ခန်းမတွင် ပထမအ ကြိမ်အဖြစ်ပြသခဲ့ကြသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး