ဒဏ်ရာရ သံဃာတော်များအတွက် အလှူငွေလက်ခံဌာန ရန်ကုန်၌ပါ ထားရှိ

ဒဏ်ရာရ သံဃာတော်များအတွက် အလှူငွေလက်ခံဌာန ရန်ကုန်၌ပါ ထားရှိ

လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတော်များအား ဒဏ်ရာများ ပျောက်ကင်းသည်အထိ
စောင့်ရှောက် ရေးအဖွဲ့က တာဝန်ယူမည်ဖြစ်ကာ အလှူခံဌာနကို မန္တလေးမြို့တွင်သာမက
ရန်ကုန်မြို့၌ပါ ဖွင့်လှစ်ထားရှိမည် ဖြစ် ကြောင်း သိရှိရသည်။

မန္တလေးမြို့ရှိ အလှူခံဌာနကို သံဃာ ဆောင်အပေါ်ထပ်တွင် ထားရှိမည်ဖြစ် ပြီး ဦးတေဇဝန္တ
ဦးဆောင်လက်ခံမည် ဖြစ်ကြောင်း၊ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာန
အရှေ့ ဘက်အဆောင်တွင် ဦးသု၊ ဦးစန္ဒ သီတလ၊ ဦးရာဇတို့က လက်ခံမည် ဖြစ်ကြောင်း
သိရသည်။

လက်ပံတောင်းတောင် ဒဏ်ရာရ သံဃာတော်များ ပြုစုကုသရေးအဖွဲ့ကို ဒီဇင်ဘာလ ၁
ရက်နေ့က မုံရွာဆေးရုံကြီးတွင် စတင်ဖွဲ့စည်းခဲ့ပြီး မန္တလေး၊ မုံရွာ၊ ပခုက္ကူ၊ လက်ပံတောင်း
တောင် သံဃာတော်များ ပါ၀င်ခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး