စားအုန်းဆီဈေး စံချိန်တင်ကျဆင်းနေ၍ ပဲဆီဈေးကျပြီး ရောင်းအားမတက်

စားအုန်းဆီဈေး စံချိန်တင်ကျဆင်းနေ၍ ပဲဆီဈေးကျပြီး ရောင်းအားမတက်

စံချိန်တင်ကျဆင်းနေသည့် စားအုန်းဆီဈေးကြောင့် ပဲဆီဈေးမှာ တစ်ပိဿာ ကျပ် ၄,၀၀၀ ထိ
ရောက်ရှိလာသော်လည်း ရောင်းအားသိသိသာသာ တက်မလာကြောင်း သိရသည်။

"ပဲဆန်က တရုတ်မဝယ်တော့ ဈေးကျတယ်။ ပဲဆန်ဈေးကျလို့ ပဲဆီဈေးလည်း လိုက်ကျပေ
မယ့်  ရောင်းအားက ထူးတက်မလာဘူး။ ဘာဖြစ်လို့လဲဆိုတော့ ပဲဆီဈေးကျသလို စား
အုန်းဆီဈေးကလည်း ကျလာလို့ပဲ။

"စားအုန်းဆီဈေးက အခုဆို တစ်ပိဿာကို ကျပ် ၁,၄၁၀ ဖြစ်နေတော့ ပဲဆီဈေးနဲ့ဆို သုံး
ပိဿာ တစ်ပိဿာဈေးလောက် ဖြစ်နေပြီ။ နောက်ပြီး စားအုန်းဆီက ဒီနှစ်မှာ ထူးထူးခြားခြား
ဈေးကျသလို ခဲလည်းမခဲဘူး။ ဆောင်းဝင်လာတာတောင် မှုန်တယ်ဆိုရုံပဲမှုန်တယ်။ အဲတော့
စားအုန်းဆီပဲ လူသုံးများနေတော့တာပေါ့"ဟု ယုန်မင်းဆီစက်မှ ဦးသက်ထွန်းက
မြန်မာတိုင်း(မ်)ကို ပြောသည်။

ယခုနှစ်အတွင်း ပဲဆီမှာ တစ်ပိဿာ လျှင် အမြင့်ဆုံးဈေး ကျပ် ၅,၅၀၀၊ ၆,၀၀၀ ထိ ရောက်ရှိခဲ့
ရာမှ ယခုနှစ်ကုန်ပိုင်းတွင် တစ်ပိဿာလျှင် ကျပ် ၄,၀၀၀ (ပဲဆီသန့်) နှင့် ကျပ် ၃,၁၀၀၊
၃,၅၀၀ (ပဲဆီ ရိုးရိုး) ထိ ကျဆင်းလာခဲ့ပြီး ဇန်နဝါရီလကုန်တွင် ဈေးကွက်အတွင်းသို့ ဆောင်း
ပဲများ ၀င်ရောက်ရန်ရှိကြောင်း သိရသည်။

"စားအုန်းဆီသမိုင်းမှာ တစ်ပိဿာ ကျပ် ၁,၄၁၀ ဆိုတာ တစ်ခါမှ မဖြစ်ဖူးဘူး။ အခုစားအုန်းဆီ
ဈေးက နိုင်ငံခြားဈေးကို လိုက်ပြီး အတက်အကျပြောင်းလဲနေတာ။ "ဒီနှစ် နိုင်ငံခြားဈေးကလည်း
တော်တော်ကို ကျတာ။ ဒီထက်ထပ်မကျတော့ဘူးလို့မှန်းပေမယ့် လှောင်တဲ့ လူတွေကတော့
အရှုံးများနေလို့ မလှောင်ရဲကြသေးဘူး" ဟု အာရှသားဆီစက်မှ ဦးသန်းလွင်က ဆိုသည်။

စားအုန်းဆီဈေးမှာ ဩဂုတ်လကုန် ပိုင်းက တစ်ပိဿာလျှင် ကျပ် ၁,၉၀၀  ၀န်းကျင်ရှိခဲ့ရာမှ
တစ်ရက်လျှင် ကျပ် ၁၀၊ ၂၀ နှုန်းဖြင့် တအိအိကျဆင်းလာခဲ့ပြီး ဒီဇင်ဘာတတိယပတ်တွင်
တစ်ပိဿာ ကျပ် ၁,၄၁၀ သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

"တရုတ်နဲ့အပြိုင်ဝယ်ပြီး ကြိတ်ရတုန်း ကလည်း ဈေးမြင့်လို့ ပဲဆီက ရောင်း အားကျတယ်။
အခုပဲဆန်ဈေးကျလို့ ပဲဆီက ဈေးပြန်ကျလာတော့လည်း စားအုန်းဆီဈေးကပါ လိုက်ကျနေ
တော့ ရောင်းမကောင်းပြန်ဘူး။ ဒီလိုနဲ့ ဆီစက် သမားတွေက နာလန်မထူနိုင်ဘူး။ ဈေး ကွက်
ထဲမှာလည်း ပဲဆီနဲ့ စားအုန်းဆီ ရောပြီး ပဲဆီလို့ နာမည်တပ်ရောင်းနေတဲ့လူတွေ၊ စားအုန်းဆီ
ကို ပဲဆီအနံ့ (အနံ့ဆီ) ထည့်ပြီး တစ်ပိဿာ ၂,၀၀၀ ကျော်နဲ့ ရောင်းနေတဲ့လူတွေရှိနေတော့
ပဲဆီဈေးကွက်က ပျက်ပြီးရင်းပျက်နေတော့တာပဲ"ဟု ဆီစက်လုပ်ငန်းရှင်တစ်ဦးကလည်း
ဆိုသည်။

ထိုင်းနိုင်ငံဘက်မှ တင်သွင်းလာသည့် စားအုန်းဆီဈေးများမှာလည်း အလားတူ ကျဆင်း
လျက်ရှိပြီး ၁၀ ပိဿာဝင် ကော်ဝါတစ်ပုံးလျှင် ကျပ် ၁၇,၀၀၀၊ ပုစွန် နှစ်ကောင်တစ်ပုံးလျှင်
ကျပ် ၂၀,၅၀၀ နှင့် မေဇင်တစ်ပိဿာလျှင်  ကျပ် ၁,၇၅၀ ပေါက်ဈေးရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး