မဟာမြိုင်ထဲက နှစ်ထပ်တိုက်အိမ်

မဟာမြိုင်ထဲက နှစ်ထပ်တိုက်အိမ်

ဒီတစ်ပတ်တော့  ကိုယ့်မိသားစုနဲ့ ဆိတ်ငြိမ်ရပ်ကွက်မှာနေပြီး ၀ါသနာပါရာ စီးပွားရေးလုပ်ချင်
တဲ့သူတွေအတွက်မဟာမြိုင်ထဲက နှစ်ထပ်တိုက်အိမ်လေး နဲ့ မိတ်ဆက်ပေးချင်ပါတယ်။

ဒီတိုက်အိမ်လေးရှိတဲ့ ရပ်ကွက်ဟာ တိတ်ဆိတ်ငြိမ်သက်တယ်ဆိုပေမယ့် စီးပွားရေးလုပ်လို
့ကောင်းတဲ့ ၆၂ လမ်း မကြီးနဲ့နီးတဲ့အပြင် မနော်ရမာန်ဥယျာဉ် နဲ့ မနီးမဝေးမှာလည်းရှိတဲ့
အတွက် အားလပ်ရက်မှာ အပန်းဖြေချင်တဲ့မိသားစုတွေအတွက်တော့ အဆင်သင့်
ပါပဲ။

ဒီတိုက်အိမ်ရဲ့မြေအကျယ်အဝန်းက တော့ပေ ၄၀x၆၀ ရှိပြီးတော့အိမ် အကျယ်အဝန်း အနေ
နဲ့ကတော့ ပေ ၃၅x၅၅ ၊ စတုရန်းပေ ၁,၉၂၅ ရှိတာကြောင့် မိသားစုများတဲ့သူတွေအတွက်
တော့ အကြိုက်တွေ့မှာဖြစ်ပါတယ်။

အိမ်ထဲကိုစဝင်လိုက်ရင်ပဲ ပေ ၂၅x၂၃ အကျယ်ရှိတဲ့ဧည့်ခန်းကို ပြင်ဆင်ထား တာကြောင့်
မိတ်ဆွေတွေကို အဆင်ပြေပြေဧည့်ခံနိုင်ပါတယ်။ ဒီဧည့်ခန်းကနေ ဆက်ဝင်သွားရင်တော့
မိသားစု အိပ်ခန်းတစ်ခန်းကို ရေချိုးခန်းနဲ့ အိမ်သာတွဲရက် တွေ့ရမှာဖြစ်ပြီး မျက်နှာချင်းဆိုင်
မှာတော့ နှစ်ယောက်အိပ်ခန်းတစ်ခန်းကို ရေချိုးခန်းအိမ်သာတွဲရက် ထပ်မံတွေ့ရပါဦးမယ်။

အိမ်အနောက်ဘက်ကို ၀င်လိုက်ရင်ပဲ သပ်သပ်ရပ်ရပ်ဖွဲ့စည်းထားတဲ့ မီးဖိုချောင်နဲ့ ထမင်း
စားခန်းကို တွေ့မြင်ရမှာဖြစ်ပြီး ဆက်ဝင်သွားရင် ပစ္စည်းအသေးစားတွေထားဖို့ လေးပေ
ကျယ်တဲ့နေရာလည်း ရှိနေပြန်ပါသေးတယ်။

အိမ်အပေါ်ထပ် ဆက်တက်သွားမယ်ဆိုရင်တော့ ဘုရားခန်းနဲ့ ဧည့်ခန်းကိုပထမဆုံး တွေ့
မြင်ရမှာဖြစ်ပြီး ရေချိုးခန်း အိမ်သာတွဲရက်ပါရှိတဲ့ မိသားစုအိပ်ခန်း သုံးခန်းလည်းပါတဲ့အပြင်
အိမ်ဝရန်တာ ကလည်း ပေ ၂၃x၁၅ အကျယ်ရှိပါ တယ်။

နှစ်ထပ်တိုက်အိမ်လေးဆိုပေမယ့် ဒုတိယအထပ်ကနေ ဆက်တက်သွား လိုက်ရင် မိသားစု
စုံစုံညီညီ အနားယူ အပန်းဖြေနိုင်မယ့် ကျယ်ဝန်းတဲ့လသာ ဆောင်ပါရှိတဲ့အတွက် ပျော်စရာ
ကောင်း တဲ့ မိသားစုဘဝကို ပိုင်ဆိုင်နိုင်မှာပါ။

အိမ်မျက်နှာစာရဲ့ ညာဘက်အခြမ်းမှာလည်း အင်တာနက်ဆိုင်ဖွင့်ချင်လို့ပဲဖြစ်ဖြစ်၊ ကားဂိုထောင်
လုပ်မယ်လို့ စိတ်ကူးလို့ပဲဖြစ်ဖြစ် အဆင်ပြေနိုင်တဲ့ နေရာပိုလည်း ရှိနေပါသေးတယ်။

ရေအတွက် စိတ်ချရအောင် ကျယ်ဝန်းတဲ့ ရေလှောင်ကန်ပါရှိပြီး လျှပ်စစ်မီးအတွက် မီတာ
နှစ်လုံးနဲ့  ဆက်သွယ်ရေးအတွက်ကတော့ ကြိုးဖုန်းနှစ်လုံးပါ၀င်ပါသေးတယ်။ တစ်တိုက်လုံး
ကို နို့နှစ်ရောင်သုတ်ထားပြီး ကြွေပြားခင်း၊ ကြွေပြားကပ်ထားပါတယ်။ နှစ် ၃၀ ဂရန် ပါ၀င်တဲ့
ဒီအိမ်လေးကို စိတ်ဝင်စားတယ်ဆိုရင်တော့ အောက်ပါလိပ်စာအတိုင်း စုံစမ်းနိုင်ပါတယ်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး