တံခွန်တိုင် နွားဘေးမဲ့ရုံ တစ်နှစ်တာကျွေးမွေးစရိတ်အတွက် အလှူရှင်တို့၏ ငွေကြေးထောက်ပံ့မှုများ လိုအပ်လျက်ရှိ

တံခွန်တိုင် နွားဘေးမဲ့ရုံ တစ်နှစ်တာကျွေးမွေးစရိတ်အတွက် အလှူရှင်တို့၏ ငွေကြေးထောက်ပံ့မှုများ လိုအပ်လျက်ရှိ

ရန်ကုန်-မန္တလေးလမ်းအနီး ပြည်ကြီး တံခွန်မြို့နယ်ရှိ တံခွန်တိုင် နွားဘေးမဲ့ရုံတွင် နွားများအား
စောင့်ရှောက်ထားရာ တစ်နှစ်တာကျွေးမွေးရန် ငွေကြေးအကူအညီများ လိုအပ်လျက်ရှိကြောင်း
ဂေါပကအဖွဲ့ထံမှ သိရသည်။

"ကျွန်တော်တို့က နွားဘေးမဲ့ရုံအတွက် တစ်နှစ်မှတစ်ခါ အလှူခံပါတယ်။ နွားဘေးမဲ့ပွဲ မလုပ်ခင်
လေးမှာပဲ အလှူခံတယ်။ တစ်နှစ်ထက်တစ်နှစ်  နွားအရေအတွက်ကလည်း များလာတော့
ကျွေးမွေးဖို့အတွက် ငွေကြေးလိုအပ်ချက်တွေ ရှိလာတယ်"ဟု နွားဘေးမဲ့ရုံ ဂေါပကဥက္ကဋ္ဌ
ဦးဘရမ်းက ပြောသည်။

အဆိုပါ နွားဘေးမဲ့ရုံတွင် နွားမ ၄၉ ကောင်၊ နွားထီး ၃၆ ကောင် နှင့် နွားငယ် ငါးကောင်
တို့အား ကျွေးမွေးစောင့်ရှောက်ထားသည်။

ဘေးမဲ့နွားရုံသို့ မန္တလေးမြို့အနီးရှိ  တောင်သူများက အိုမင်းလာသော နွားများကို အများဆုံး
လာရောက် ပို့ဆောင် ဘေးမဲ့လွှတ်ကြကြောင်းသိရသည်။

"တောင်သူတွေက နွားတွေကိုငယ်ငယ်လေးကတည်းက ခိုင်းလာတယ်။ အသက်ကြီးလာ
တော့ ကျွေးမွေးဖို့ အတွက် မတတ်နိုင်ကြတော့ နွားသတ်ရုံကိုလည်း မပို့ရက်ကြဘူး။
ဒီဘေးမဲ့နွားရုံ ကိုပဲပို့ကြတယ်"ဟု တံခွန်တိုင် နွားဘေးမဲ့ရုံ ဘဏ္ဍာရေးမှူး ဦးအောင်ထွန်းက
ပြောသည်။ နွားဘေးမဲ့ရုံတွင် အသက်ကြီးပြီး သေဆုံးသွားသော နွားများကို ဘေးမဲ့
ရုံဝင်းအတွင်း မြေမြုှပ်ခြင်းများကိုလည်း ပြုလုပ်လျက်ရှိကြသည်။

'သဒ္ဓါခိုင်မြဲ-နွားဘေးမဲ့ပွဲ'အမည်ဖြင့် နွားဘေးမဲ့လွှတ်ပွဲတော်ကြီးကို ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီ
၅ ရက်နေ့တွင် နံနက် ၈ နာရီခွဲမှ  ၁၁ နာရီ အထိ  ကျင်းပသွားမည်ဖြစ်ကြောင်း၊ ပွဲတော်
ကျင်းပလာကြသည်မှာ နှစ်ပေါင်းတစ်ရာကျော်တိုင် ရောက်ရှိလာခဲ့ပြီဖြစ်ကြောင်း သိရသည်။

နွားဘေးမဲ့ပွဲသို့လာရောက်မှု အဆင် ပြေစေရန် ၂၇ လမ်းနှင့် ၈၃ လမ်း ထောင့်တွင် ကားများ
အခမဲ့ စီစဉ်ထားရှိပြီး ပွဲတော်တွင် ဟိန္ဒူရိုးရာ သက်သတ်လွတ်အစားအစာများ ကျွေးမွေးကာ
ဖျော်ဖြေပွဲများဖြင့် ဧည့်ခံဖျော်ဖြေသွားမည်ဖြစ်ကြောင်းသိရသည်။

တံခွန်တိုင်နွားဘေးမဲ့ရုံသို့ လှူဒါန်းလို သူများသည် ဂေါပကအဖွဲ ၀၉၅၀၁၆၃၈၈ နှင့်
၀၉၂၀၀၀၈၂၀ တို့သို့ ဆက်သွယ်လှူဒါန်းနိုင်သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး