လာမည့် ၂၀၁၃ ခုနှစ်၊ ဇန်နဝါရီလ ရ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် မန္တလေးမြို့တော်ဝန် မီနီ
မာရသွန်ပြိုင်ပွဲ ၂၀၁၃ တွင် ဆုရရှိသူများအား ဆုကြေးငွေ ကျပ်သိန်းပေါင်း ၂၀၀ ကျော် ချီးမြှင့်
သွားမည်ဖြစ်ကြောင်း သိရသည်။
ဆုများကို အလွတ်တန်း (ကျား/မ) နှင် ့လူသစ်တန်း (ကျား/မ) အဖြစ် သတ်မှတ်ချီးမြှင့်
သွားမည်ဖြစ်ကြောင်း မြို့တော်စည်ပင်သာယာရေးကော်မတီ၊ ပြည်သူ့ဆက်ဆံရေးနှင့်
ပြန်ကြားရေးဌာန၊ ဌာနမှူး ဦးလတ်မြင့်သိန်းက ယခုလ ၁၃ ရက်နေ့က ပြောသည်။
"အလွတ်တန်းမှာ ပထမဆု ၁၀ သိန်း၊ ဒုတိယဆု ကိုး သိန်း၊ တတိယဆု ရှစ် သိန်း ပေး
မယ်။ ကျန်တဲ့ဆုတွေလည်းအစဉ်လိုက် တစ် သိန်းစီ လျှော့ပြီးတော့ ၁၀ ဆုထိ ပေးမယ်။
နှစ်သိမ့်ဆုကိုလည်း ငါးဆုပေးမယ်။ တစ်ဆုုကို ကျပ် ရ၅,၀၀၀ စီ ပေးမယ်။ လူသစ်တန်း
လည်း ပထမဆု ၁၅ သိန်း၊ ဒုတိယဆု ၁၄သိန်း၊ တတိယဆု ၁၃ သိန်း ပေးမှာပါ။ ကျန်တဲ့
ဆုတွေလည်း အစဉ်လိုက် တစ်သိန်းစီလျှော့ပြီး ၁၀ ဆုထိ ပေးမှာပါ။ နှစ်သိမ့်ဆုကျတော့
အလွတ်တန်းကို ပိုပြီးတော့ ပေးထားတယ်။ နှစ်သိမ့်ဆု တစ် မှ ငါး ထိ တစ်သိန်းစီ၊ ၆ မှ
၁၀ ထိ ရ၀,၀၀၀ ပေးပြီးတော့ ၁၁ မှ ၁၅ ထိ ၆၀,၀၀၀၊ ၁၆ မှ ၂၀ ထိ ၅၀,၀၀၀ ပေးဖို့
သတ်မှတ်ထားပါတယ်။ ဆုကြေးငွေပေါင်း ကျပ်သိန်း ၂၀၀ ကျော် ဖြစ်ပါတယ်" ဟု ၎င်းက
ပြောသည်။
"၆ နာရီခွဲကနေ စလွှတ်မယ်။ ၉ နာရီ မိနစ် ၂၀ ထိ ပန်းဝင်တာစောင့်မယ်။ မိုင်အားဖြင့် ၁၃
မိုင်လောက်ရှိတယ်။ ပုံမှန် အားဖြင့် ငါးမိနစ်၊ တစ်နာရီလောက်တော့ ကြာတယ်"ဟု ဌာနမှူး
က ပြောသည်။
ပြေးလမ်းကြောင်းကို မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီရုံး တာလွှတ်စင်မြင့်မှ
စလွှတ်ပြီး၊ ပြေးရမည့်လမ်းကြောင်းအတိုင်း ပြေးရမည်ဖြစ်ကြောင်း၊ ဗထူးကွင်း အရှေ့ဘက်
၀င်ပေါက်မှ ၀င်ရောက်၍ အထူးတန်းပွဲကြည့်စင်ရှေ့တွင် တာဖမ်းမည်ဖြစ်ကြောင်း သိရသည်။
ပြေးလမ်းကြောင်းမှာ ၂၆ လမ်း အတိုင်း လမ်း ၈၀ ထိ၊ လမ်း ၈၀ မှ ၁၂ လမ်း အထိ၊ ၁၂
လမ်းမှ ၆၆ လမ်းအထိ၊ ၎င်း ၆၆ လမ်းမှ ၁၀ လမ်းအထိ၊ ၁၀ လမ်းမှ ၆၂ လမ်းအထိ၊ ၆၂
လမ်းမှ သိပ္ပံလမ်း အထိ၊ သိပ္ပံလမ်းမှ ရန်ကုန်- မန္တလေး လမ်းဆုံထိ၊ ၎င်းမှ လမ်း ၃၀ ထိ၊
လမ်း ၃၀မှ ဗထူးကွင်း အရှေ့ဘက် အားကစားရုံဝင်ပေါက် အထိ လမ်းကြောင်း
သတ်မှတ်သည်။
ပြိုင်ပွဲကို မည်သူမဆို ၀င်ရောက်ယှဉ် ပြိုင်နိုင်ပြီး အသက်အရွယ် ခွဲခြားထား ခြင်းမရှိကြောင်း
သိရသည်။ "ပြိုင်ပွဲကို စိတ်ဝင်စားတဲ့ နိုင်ငံခြား သားတွေလည်း ၀င်ရောက်ယှဉ်ပြိုင်နိုင်ပါ
တယ်"ဟု ၎င်းက ပြောသည်။
လျှောက်လွှာများ ၀ယ်ယူရန်နှင့် တင် သွင်းနိုင်ရန် မြို့နယ်အထွေထွေ အုပ်ချုပ် ရေးရုံးများ၊
မြို့တော်စည်ပင်သာယာ အုပ်ချုပ်ရေးမှူးရုံးများ၊ အားကစားနှင့် ကာယပညာဦးစီးဌာန
ဗထူးကွင်း၊ စီမံရေးရာဌာန မန္တလေးမြို့တော်စည်ပင်တို့တွင် ဒီဇင်ဘာ ၃ ရက်နေ့မှ ၂၃
ရက်နေ့ထိ နေ့စဉ်နံနက် ၉ နာရီမှ ၄ နာရီခွဲအထိ တစ်စောင်လျှင် ကျပ် ၃၀၀ နှုန်းဖြင့်
၀ယ်ယူ နိုင်ကြောင်းနှင့် ဒီဇင်ဘာ ၃၀ ရက်နေ့ ညနေ ၄ နာရီ နောက်ဆုံးထား၍ ဖောင်
များကို တင်သွင်းနိုင်ကြောင်း ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးဌာန၊ဌာနမှူး
ဦးလတ်မြင့်သိန်းက ပြောသည်။















